Curtin University (Australia) မှ မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆုများ ပေးအပ်
သြစတြေးလျနိုင်ငံ Perth မြို့ရှိ Curtin University မှ မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် သြစတြေးလျဒေါ်လာ ၁၀၀၀၀ မှ ၂၅၀၀၀ ခန့် တန်ဖိုးရှိ ပညာသင်ဆုများကို ပေးအပ်မည်ဖြစ်ကြောင်း YIUS ကျောင်းမှတစ်ဆင့် သိရသည်။
သြစတြေးလျ ဒေါ်လာ ၁၀၀၀၀၊ မြန်မာကျပ်ငွေ ၉၅ သိန်းခန့် တန်ဖိုးရှိသော အဆိုပါ ပညာသင်ဆုသည် Bachelor ဘွဲ့ (Undergraduate) ကျောင်းသား၊ ကျောင်းသူများနှင့် Masterဘွဲ့ (Postgraduate) ကျောင်း သား၊ ကျောင်းသူများ၏ ပထမ စာသင်နှစ်အတွက် ပေးအပ်လျက် ရှိသော Curtin University Innovative Merit Scholarship ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာသင်ဆုကို လျှောက်ထားလိုသူများ အနေဖြင့် Curtin University သို့ တိုက်ရိုက် ကျောင်းလျှောက်သူမဖြစ်ရဘဲ Curtin University ၏ တရားဝင် အေဂျင်စီ မှ တစ်ဆင့် ကျောင်းလျှောက်ထားသူများ ဖြစ်ရမည်ဟု သတ်မှတ် ထားကြောင်း သိရသည်။ IELTS အမှတ် အနေဖြင့် မိမိလျှောက်လိုသော major မှ လိုအပ်သော IELTS အမှတ်ကို ပြည့်မှီရမည်ဖြစ်ပြီး IELTS အမှတ် မမီပါက Curtin University တွင် English သင်တန်းကို ၁၀ ရာခိုင်နှုန်း discount ဖြင့် Bachelor မစမီ တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ၊ ထိုင်း၊ ဘရာဇီး၊ တောင်အာဖရိက အစရှိသော နိုင်ငံ သားများကို သာ ပေးအပ်လျက် ရှိသော ပညာသင်ဆု ဖြစ်ခြင်းကြောင့် မြန်မာကျောင်းသား၊ ကျောင်းသူ များအတွက် အခွင့်အရေးကောင်း တစ်ခုဖြစ်ကြောင်း သိရသည်။
သြစတြေးလျ ဒေါ်လာ ၂၅၀၀၀၊ မြန်မာကျပ်ငွေ ၂၄၅ သိန်းတန်ဖိုးရှိ ပညာသင်ဆုမှာမူ Electrical Engineering ကို စိတ်ဝင်စားသော ဘွဲ့လွန် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် သီးသန့်ပေး အပ်သော ပညာသင်ဆုဖြစ်သည်။ အဆိုပါ ပညာသင်ဆုသည် Curtin University Innovative Mert Scholarship ရွေးချယ်ခံရသူများထဲမှ Master of Electrical Science ကိုလျှောက်ထားသူများ ရရှိမည့် ပညာသင်ဆု ဖြစ်ကြောင်း သိရသည်။
ကျောင်းလျှောက်လိုသည် ဖြစ်စေ၊ အသေးစိတ် သိရှိလိုသည်ဖြစ်စေ YIUS အဆောင် (၇)၊ အခန်း (၄)၊ MICT Park, လှိုင်မြို့နယ်၊ ဖုန်း-၆၅၂၃၁၁၊ ၆၅၂၂၉၇ သို့ ဆက်သွယ်နိုင်သည်။
Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၀)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)