တက္ကသိုလ်ဝင်တန်း အဖြေလွှာများ စစ်ဆေးခြင်း



ဧပြီ ၁ ရက်မှစပြီး တက္ကသိုလ်ဝင်တန်း အဖြေလွှာများ စစ်နေကြပါတယ်။ စာစစ်အတွေ့အကြုံ ငါးနှစ်အထက် ရှိတဲ့ ကျုပ်မိတ်ဆွေ တက္ကသိုလ်ဆရာ၊ ဆရာမတချို့ နဲ့ အထက်တန်းပြဆရာ၊ ဆရာမ တွေရဲ့ ပြောကြားမှု များကို ပြန် လည်တင်ပြခြင်းဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ စစ်တွေ တက္ကသိုလ်၊ မြစ်ကြီးနားတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ မုံရွာတက္ကသိုလ်နဲ့ မကွေးတက္ကသိုလ်ဆိုပြီး တစ်နိုင်ငံလုံးမှာ စာစစ်ဌာန (၁၀)ခုရှိတယ်လို့ သိရပါတယ်။

စာစစ်ဖို့အတွက် စာစစ်ဌာန တက္ကသိုလ်တည်ရှိတဲ့ သက်ဆိုင် ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အ တွင်းမှ အထက်တန်းပြဆရာ၊ ဆရာမများဟာ မြို့နယ်ပညာရေး မှူးတွေရဲ့အမိန့်နဲ့ မတ်လ ၃၁ ရက်အရောက် သတင်းပို့ကြရ တယ်လို့ သိရပါတယ်။ ပင်စင်နီး တဲ့ တချို့သက်ကြီးဆရာ၊ ဆရာမ ကြီးတွေလည်း နားခွင့်၊ သက်သာ ရှောင်လွှဲခွင့်မရဘူးလို့ ပြောပြပါ တယ်။

စာစစ်လာသူအများစုဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လာကြရပါ တယ်။ လမ်းစရိတ်ကအစ ကိုယ် ပိုင်ငွေကို အရင်စိုက်ထားကြရပါ တယ်။ စာစစ်ပြီးလို့ မိခင်ဌာနသို့ ပြန်ရောက်ချိန်မှာ ခရီးသွားလာ ခွင့်အမိန့် စာရွက်တွေ တင်ပြပြီး ပြန်လည် တောင်းခံနိုင်တယ်လို့ ပြောပါတယ်။ တချို့ကျောင်းတွေ၊ တက္ကသိုလ်တွေက ချက်ချင်းပြန် လည်ထုတ်ပေးတတ်ကြပေမယ့် တချို့ကျတော့ တစ်နှစ်လောက် ကြာမှ ထုတ်ပေးတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

ဒါတောင် တရားဝင်စီးနင်း ခွင့်ပြုထားတဲ့ မီးရထား၊ သင်္ဘော နဲ့အဝေးပြေးကားခတွေပဲ ပြန်ရ ကြပါတယ်။ ခရီးစဉ်အတွင်းမှာ မဖြစ်မနေ အသုံးပြုကြရတဲ့ မြင်း လှည်း၊ သုံးဘီး၊ အငှားယာဉ် ကားခတွေကို အများစုက မရကြ ဘူးလို့ဆိုပါတယ်။ ဝေးလံတဲ့ ဒေသတချို့အတွက် လေယာဉ်စီး နင်းခွင့်ပြုတယ်လို့ သိရပါတယ်။

စာစစ်ရက်အတွင်း နေရေး ထိုင်ရေးကို စီစဉ်ပေးတတ်ကြပေမယ့် ရေ၊ လျှပ်စစ်မီး၊ အလင်းရောင်၊ ကျယ်ဝန်း သန့်ရှင်းမှုနဲ့ လုံ ခြုံစိတ်ချရမှု လိုအပ်ချက်များစွာ ရှိတတ်ကြောင်း သိရပါတယ်။ ဒါ ကြောင့် တချို့က အနီး အနားမှာ ရှိတဲ့ ပုဂ္ဂလိကအဆောင်တွေမှာ အခပေးနေထိုင်ကြပါတယ်။ စား သောက်သွားလာရေးကိုယ်တိုင် စီစဉ်ကြရပါတယ်။ စာစစ်ရက် ပထမတစ်ရက်၊ နှစ်ရက်အတွင်း မှာပဲ စာစစ်ချိန်ဆယ်ရက်အတွင်း အသုံးပြု ကြမယ့် သောက်ရေနဲ့ ဘောပင်ဖိုးဆိုပြီး စာစစ်လာသူ တိုင်းက ကျပ်တစ်ထောင်မှတစ် ထောင့်ငါးရာ အတွင်း ကောက်ယူ ခြင်းခံကြရပါတယ်။

စာစစ်ဌာနအများစုမှာ မနက် ၇ နာရီမှ ညနေ ၅ နာရီ အထိနေ့စဉ်စစ်ကြရပါတယ်။ စာစစ်သူဦးရေနဲ့ စာစစ်ကြရတဲ့ အခန်းမမျှတမှု၊ လေဝင်လေထွက် မကောင်းမှု၊ ပန်ကာ၊ လျှပ်စစ်မီးမရမှု၊ နေ့လယ် ထမင်း စားရန်နေရာနဲ့ ဆေးကြောသန့်စင်ရန် ရေမရှိမှု၊ အိမ်သာမသန့်ရှင်းမှုတွေကိုလည်း နှစ်စဉ် ကြုံတွေ့ကြ ရတယ်လို့ဆိုပါတယ်။

‘‘ပေသုံးဆယ် ပတ်လည် လောက်ကျယ်တဲ့ စာသင်ခန်းထဲမှာ လူခြောက်ဆယ်ကျော် စာစစ်ရတယ်။ ပန်ကာတစ်လုံးပဲလည်တယ်။ မီးက ခဏခဏပြတ်တယ်။ အခန်းက အလင်းရောင် ကောင်းကောင်းမရဘူး။ ရာသီ ဥတုပူပြင်းချိန်ဆိုတော့ ကိုယ့်ဆီက ကောက်တဲ့ငွေနဲ့ သူတို့စီစဉ် ပေးတဲ့ ရေသန့်ဘူးထဲက ရေက ပူနွေးနွေးနဲ့သောက်ရတာ အဆင်မပြေဘူး။ ဒါကြောင့် အပြင်ကနေ ရေအေးဘူးနဲ့ ရေအေးအိတ်ဝယ်ပြီး ထည့်လာရတယ်။ အိမ်သာတွေက တော်တော်ညစ်ပတ်တယ်’’လို့ မိတ်ဆွေအထက်တန်းပြ ဆရာက ပြောပြပါတယ်။

ကျုပ်မိတ်ဆွေတစ်ဦးက သိပ္ပံဘာသာတစ်ခုမှာ စာစစ်မှူး တာဝန်ယူရပါတယ်။ ‘‘စာစစ်ဌာန တစ်ခုမှာ ဘာသာရပ်တစ်ခုကို ဆရာ၊ ဆရာမ ၂၀၀၊ ၃၀၀ ဝန်း ကျင်ရှိတတ်ပါတယ်။ အများစုက သက်ဆိုင်ရာ ဘာသာရပ်ကို သင် နေကြတဲ့ အထက်တန်းပြဆရာ တွေပါ။ ဒါပေမဲ့ ကျောင်းအဆင့်၊ မြို့နယ်အဆင့် စီမံခန့်ခွဲမှုအလွဲ တွေကြောင့် သင်္ချာနဲ့ မဟာဘွဲ့ရ ထားတဲ့သူက ရူပဗေဒသင်ကြရ တယ်။ စာစစ်တော့ ဓာတုဗေဒမှာ သွားစစ်ကြရတယ်။ မြန်မာစာဘွဲ့ ရသမားက ဘောဂဗေဒသင်ရ တယ်။ စစ်တော့ မြန်မာစာ ဖြစ် ချင်ဖြစ်နေပြန်ရော’’

‘‘SAT တစ်ယောက်ဆိုရင် တမြန်နှစ်က မြန်မာစာစစ်ရတယ်။ မနှစ်က သင်္ချာစစ်ရတယ်။ ဒီနှစ် ဓာတုဗေဒ စစ်ဖို့ တာဝန်ပေးခံရ တယ်။ ထိရောက်ကောင်းမွန်မှုရှိ၊ မရှိ စဉ်းစားကြည့်ရုံနဲ့ သိနိုင်တယ် လေ။ တစ်ဘာသာနဲ့တစ်ဘာသာ အမှတ်ပေးနည်းစနစ်ချင်း မတူ ဘူး။ စာစစ်မှူးချုပ်တွေရဲ့ အာဘော်မတူကြဘူး။ ဒီတော့ စာစစ်မယ့်သူကို ပြန်သင်ပေးနေရတာ၊ အမှားလိုက်ပြင်နေရတာနဲ့ အချိန်တော်တော်ကုန်ပါတယ်။ တက္ကသိုလ်ဝင်တန်းနဲ့ အလှမ်းဝေးတဲ့ တက္ကသိုလ်ဆရာတွေ၊ ဘာသာ ရပ်နဲ့ အလှမ်းဝေးတဲ့ တက္ကသိုလ် ဆရာတွေကိုဦးဆောင်စစ်ဆေး တာဝန်ပေးကြတာလည်း လမ်းစဉ် အမှန်မဟုတ်ဘူးလို့ ဆိုချင်ပါ တယ်’’လို့ ကျုပ် မိတ်ဆွေကပြော ပြပါတယ်။

အဖြေလွှာတွေကို ဧပြီလ ၁၀ ရက်အတွင်း အပြီးစစ်ကြရ တယ်လို့ ဆိုပါတယ်။ တချို့ဘာ သာရပ်တွေ က လေးငါးရက်နဲ့ စစ် ပြီးတာလည်းရှိတယ်။ အထက် တန်းပြတွေကတော့ စာစစ်တာ ပြီးပြီး မပြီးပြီး ဧပြီ ၁၀ ရက်ဆို အားလုံးပြန်ကြတယ်။ သင်္ကြန်နား နီးချိန်ဖြစ်လို့ ကားလက်မှတ် အခက်အခဲ၊ သွားလာရေးအခက် အခဲတွေကိုလည်း နှစ်တိုင်းရင်ဆိုင်ကြရတယ်။ တချို့တက္ကသိုလ် ဆရာ၊ ဆရာမတွေကျတော့ သင်္ကြန်တွင်း ရက်တွေအထိ မနားဘဲ စစ်ကြရ၊ အမှတ်သွင်းကြရ၊ အမှတ်တိုက်ကြရတယ်လို့သိရပါတယ်။

ပထမအဆင့် အဖြေလွှာစစ် ခြင်း၊ အမှတ်သွင်းခြင်း၊ တိုက်ခြင်း မှာ ခုံနံပါတ်တွေကို ကော်ကပ် ပိတ်ထား တယ်လို့ဆိုပါတယ်။ စာ စစ်သူတစ်ယောက်ဟာ စာစစ်ခ အဖြစ် အဖြေလွှာတစ်အုပ်အတွက် ကျပ်ငွေ ခုနစ်ဆယ်ရတယ် လို့ သိရပါတယ်။ သို့သော်လည်း အဖြေလွှာတစ်အုပ်ကို မင်နီနဲ့စစ် ပြီးတိုင်း နောက် ထပ်အဖြေလွှာ တစ်အုပ်ကို မင်စိမ်းနဲ့စစ်ပြီးရမယ်။ နောက်ထပ် အဖြေလွှာတစ်အုပ်ကို မင်ခရမ်းနဲ့ စစ်ပြီးရမယ်။ ဆို တော့ မင်နီ၊ မင်စိမ်း၊ မင်ခရမ်းနဲ့ အဖြေလွှာသုံးအုပ်ကို ပတ်လည် ပြီးမှ ငွေကျပ်ခုနစ်ဆယ် ရတာဖြစ် ပါတယ်။ စာစစ်သူအများစုဟာ စာစစ်ခအဖြစ် ကျပ်တစ်သောင်းမှ သုံးသောင်းအတွင်းပဲ ရကြတယ် လို့ ပြောပြပါတယ်။

သင်္ကြန်အပြီးမှာ အဖြေလွှာ တွေကို ခုံနံပါတ်ပြန်ခွာကြရပါ တယ်။ Decoding လုပ်တယ်လို့ ခေါ်ကြောင်း သိရပါတယ်။ ဒီတာ ဝန်ကို တက္ကသိုလ်ဆရာ၊ ဆရာမ များ သီးသန့်ထမ်းဆောင်ကြရပါ တယ်။ ဒီနှစ်ဆိုရင် ဧပြီလ ၂၅ ရက်မှစပြီး စာစစ်ဌာနကြီးဆယ်ခု မှာ Decoding လုပ်နေကြတယ် လို့ ပြောပါတယ်။ မြို့နယ်တွေ၊ စာဖြေဌာနတွေ၊ ကျောင်းတွေ၊ ခုံနံပါတ်တွေကို အစီအစဉ်အမှန် အတိုင်းမဟုတ်ဘဲ ရော သမမွှေ ထားတာကို ပြန်စီကြရတယ်လို့ ဆိုပါတယ်။ အမှန်အတိုင်းပြန်စီ ပြီးရင် အမှတ်ပြန်သွင်း၊ ပြန်တိုက်၊ ကွန်ပျူတာသွင်း၊ ပရင့်ထုတ်၊ ပြန် တိုက် အကြိမ်ကြိမ်အထပ်ထပ် လုပ်ကြရတယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေး ပွဲနဲ့ပတ်သက်ပြီး မေးခွန်းရိုက်နှက် ခြင်း၊ အဖြေလွှာစစ်ဆေးခြင်း အဆင့်အားလုံး အတွက် မလိုအပ်ဘဲ အပိုပင်ပန်းကြရတဲ့ အနေအထားဖြစ်နေကြောင်း မိတ်ဆွေများက ပြောပြပါတယ်။ သင်္ကြန် နားနီးချိန်စစ်တာဖြစ်လို့ အားလုံးက ပြန်ချင်ဇောနဲ့ အမြန်စစ်ကြ တာလည်းရှိတယ်။ စာစစ်ခ နည်းနည်းပဲ ရတာမို့ ပြီးပြီးရောစစ်တတ် ကြတယ်။ သတ်မှတ်အောင်ချက် ရာခိုင်နှုန်းမီအောင် ရမှတ်လေးဆယ် မပြည့်သူတွေကို ဖြည့်ပေးရတာတွေရှိတယ်လို့လည်းဆိုပါတယ်။

စာစစ်သူ၊ စာစစ်မှူး၊ စာစစ် မှူးချုပ် အားလုံးနီးပါးဟာ မလွှဲ မရှောင်သာလို့ လုပ်နေကြရ ကြောင်း၊ ဖြစ်နိုင်လျှင် မည်သူ မျှ စာစစ်ခြင်းလုပ်ငန်းကို မဆောင် ရွက်လိုကြကြောင်း သုံးသပ်ကြပါ တယ်။ တက္ကသိုလ် ဝင်တန်း ဟာ မြန်မာနိုင်ငံရဲ့ အခြေခံပညာရေး အဆင့်မှာ အရေးကြီးဆုံးဖြစ်ပါ တယ်။ ဒီအဆင့်ကို အကဲဖြတ် ဖို့ ဆောင်ရွက်နေကြရတဲ့သူတွေမှာ အဆင်မပြေမှုများစွာရှိနေဆဲလို့ ဆိုပါတယ်။ ပိုမိုကောင်းမွန် မျှတ တည့်မတ်မယ့် စီမံမှုများကို လို အပ်နေပါကြောင်း စာစစ်သူအချို့ ရဲ့စကားသံကို တစ်ဆင့်ပြန်လည် တင်ပြလိုက်ရပါတယ်။

7 Day Daily
No.367 Saturday, May 3,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...