ငှက်မုဆိုး - Bird Photography

ငှက်ကို ကင်မရာဖြင့်ပစ်သည့် မုဆိုးများ အကြောင်း ဖြစ်ပါသည်။ ဓါတ်ပုံ ရိုက်ရာတွင် ရိုက်ကွင်းကို စိတ်ကြိုက်ဆင်ကာ ရိုက်ကူးနိုင်သည့် ပုံစံမျိုး ရှိသကဲ့သို့ အခြေအနေကို မိမိက အတော်အသင့်မျှသာ ဖန် တည်းနိုင်ပြီး ပေးလာသည့် အခြေအနေ ပေါ်မှာသာ အများဆုံး မှီတည် ရိုက်ကူးရသည့် ပုံစံမျိုးလည်း ရှိပါသည်။ အဆိုပါ ဒုတိယအမျိုးအစားမှာ ခက်ရာခက်ဆစ် စိတ်ရှည်လက်ရှည် ရိုက်ကူးရသည့် တောတွင်း တိရိစ္ဆာန်များ ရိုက်ကူးခြင်း ( Wild Life Photography ) ပင် ဖြစ်ပါသည်။

တောတွင်း တိရိစ္ဆာန် များ ရိုက်ကူးခြင်း ( Wild Life Photography ) ဟု ဆိုလျှင် တောတွင်းရှိ သား ရဲ တိရိစ္ဆာန် များပါ ပါလာကာ များစွာ ကျယ်ဝန်း ပြီး အလွန်လည်း ခက်ခဲ သည့် ရိုက်နည်း ဖြစ်ပါ သည်။ တောတွင်း တိရိစ္ဆာန် များ ရိုက်ကူးခြင်း ( Wild Life Photography ) မဆိုထားနှင့် လူ နှင့် အနေနီးသည့် ငှက်များကို သဘာဝ အတိုင်း ရိုက်ကူး ရသည်ပင်လျှင် အတော် ခက်ခဲ ကြောင်း ဖေါ်ပြလို ပါသည်။

ကျွန်တော် တောင်ဖတ် မြောက် ဖတ် လိုက် ဖတ်နေသည့် အထဲ တွင် “ သေသေ ခြာခြာ လေ့လာ ပြင် ဆင်ခြင်း မရှိဘဲ သဘာဝ ငှက်ပုံ ကောင်း လေးများ လည်း ရနိုင်ကြောင်း၊ သို့ သော် ကံ ကောင်း ထောက် မ၍ ရခြင်း သာ ဖြစ်ကြောင်း။ အမှန် တကယ် လေ့လာ ပြင်ဆင် ပြီး ရိုက် ကူး သူ များကဲ့ သို့ ပုံ များများ မရ နိုင် “ ဟူ၍ ဖြစ်ပါသည်။ ဖတ်မိကာစက အမှု မဲ့ အမှတ်မဲ့ သာ နေခဲ့ မိပါသည်။


Olive Back Sun Bird.

ကျွန်တော် Olive Back Sun Bird သေးသေး လေး ၏ ပုံ ကောင်း လေး အချို့ ကို ကံ အားလျှော် စွာ ရခဲ့ ဘူးပါသည်။ အကောင် အလွန်သေး၍ မြန်လည်း အလွန်မြန်ပါသည်။ ၀င်း အတွင်းရှိ ပန်းများကို ရိုက်နေစဉ် အဆိုပါ Sun Bird အုပ်စု တစ်စု ၀င်လာကာ ပန်းပင်များ အတွင်း ပျံသန်းနေကြ သည်။ ၄င်းတို့ ထဲ မှ တစ်ကောင်သည် အလင်းရောင် ကောင်းစွာ ကျနေသည့် ကင်မရာရှေ့ က ပန်းပင် ပေါ် လာနားရာ ဘာမျှ များမျာားစားစား မကြိုးစားလိုက်ရဘဲ ပုံကောင်း ရလိုက်ပါသည်။ နောင်တစ်ကြိမ်များ ပြန်လာ နိုး နှင့် စောင့် သော်လည်း နှစ်ပေါက် သည့်တိုင် မလာတော့ပေ။ ထိုစဉ် မှသာ အတွေ့ အကြုံ များသည့် ပညာ ရှင်များ ရေးသား ထားသည်မှာ မှန်လိုက်လေ ဟု ဆိုမိပါသည်။


Collared King Fisher

အထက်ပါ Collared King Fisher ပုံမှာ လည်း ရေကူးကန် အနီးရှိ မိုးကာ တဲ၏ အမိုး အစွန်းတွင် လာနေစဉ် ကင်မရာ ရှိနေခိုက် နှင့် လည်း ကြုံ နေ၍ ရိုက် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ နောင် လည်း ထပ်၍ မတွေ့ တော့ပါ။

ဤ ရိုက်နည်းစနစ် ဖြစ်သည့် Bird Photography ကို နားလည် ကျွမ်းကျင် သူများ အနေ နှင့်မူ အဆိုပါ ငှက်များ၏ သဘာဝ အရ သွားလာ နေထိုင် စားသောက် တတ်သည့် နေရာ အချိန် တို့ တွင် စနစ် တစ်ကျ စောင့်ကာ ရိုက်သည် ကို ဥယာဉ်များ အတွင်း တွေ့ ဘူးပါသည်။ အဆိုပါ ပုဂ္ဂိုလ် များ အနေ နှင့် မူ ပုံ ကောင်းပေါင်း များစွာ ရ နိုင်မည် မှာ သေခြာ ပါသည်။

ငှက် သွားခြောင်းခြင်း။

ငှက် သွားခြောင်း သည်ဟု သာ ဆိုရ သည် စင်စစ်မှာ Filter စမ်း ရန်သွား ခြင်း သာ ဖြစ်ပါသည်။ မတော် တဆ ကံကောင်း သောကြောင့် လင်းယုန် ငှက် နှင့် ကြုံ ခြင်း ဖြစ်ပါသည်။ တစ်နေ့ တွင် ကျွန်တော် အိမ် အနီးရှိ Little Guilin Lake ဘက်သို့ လေလော လတ်လတ် မှာ ထားရာမှ ရောက်လာသည့် CPL Filter တစ်ခု စမ်း ရိုက်ရာထွက် ခဲ့ပါသည်။ အဆိုပါ ရေကန် သည် ကျောက်တောင်များ ဘေးတွင် ရှိပြီး သစ်ပင်များ တော တောင် ကောင်း ကင် ရေပြင် နှင့် အတော် လှ သည့် နေရာ ဖြစ်ပါသည်။


Little Guilin Lake

ထိုစဉ် ဓါတ်ပုံ သမား ငါး ဦး ခြောက်ဦးခန့် ကင်မရာ အိပ်များ Tripod ကြီး များ ထမ်း ကာ ပြန်သွား သည် ကိုတွေ့ လိုက်ပါသည်။ ဤနေရာသည် မကြာ ခန ရုပ်ရှင်ရုပ်သေ ဓါတ်ပုံ ရိုက်သူ များတွေ လာလေ့ ရှိသဖြင့် သာမန်ကိစ္စအဖြစ်သာ ခပ်ပေါ့ပေါ့ သဘော ထားလိုက် ပါသည်။


ငှက် လာခြောင်း သည့် ဓါတ်ပုံ ဆရာ ။

ထိုစဉ် ကင်မရာ အိတ် ကြီး ကြီး နှင့် လူ တစ်ဦး ရောက်လာကာ…

“ ဒီကို လင်းယုန် (Eagle ) လာရိုက်တဲ့ ဓါတ်ပုံ သမားတွေ တွေ့ လိုက် သလားဗျာ “ လို့ ကျွန်တော့် ကို မေးပါသည်။

“ ဓါတ်ပုံ သမားတွေ ပြန်သွား တာတော့ တွေ့ လိုက်တယ် ဗျ ။ ဘာ လာရိုက် တာလည်း တော့ မသိဘူး။ “

“ Eagle လာရိုက်တဲ့ ကျွန်တော်တို့ အဖွဲ့တွေပါ။ ကျွန် တော် က နောက် ကျနေ လို့ပါ။ “

“ ကျွန်တော် ဒီနားမှာ နေတာဘဲ။ ဒီကိုလည်း နေ့တိုင်း လောက် နီးပါး ရောက်နေ တာဘဲ။ Eagle တစ်ခါ မှ မမြင် ပါဘူး ဗျာ။

“ ဒီနေရာ က Eagle လာပြီး ငါး ဖမ်းတဲ့နေရာဗျ။ ဟို ကျောက် တောက်ထိပ်က သစ် ခြောက်ပင်ကို လာ နားတတ် တယ်။ အဲဒီက နေ ရေကန်ထဲက ငါးကို ဆင်းဖမ်း လေ့ရှိတယ်။”

သူ ပြသည့် နေရာသည် ကျွန်တော် တို့ စကားပြောသည့် နေရာ မှ အနည်း ဆုံး ကိုက် တစ်ထောင် ထက်မနည်း ဝေးသည့် တောင်ထိပ် ပေါ် ကျောက်အငူ အစွန်း ပေါ်ရှိ သစ် ခြောက် ပင် ဖြစ်သည်။

ထို အချိန်ကျ မှ ပင် လွန်ခဲ့သော နှစ်လ ခန့် က ဧရာမ ကင်မရာ အိတ်ကြီးများ နှင့် ဓါတ်ပုံ ဆရာနှစ်ဦး၊ တစ်ဦးက Nikon 600mm , f-4. Lens ကျန်တစ်ဦးက Canon 400mm, f-2.8 Lens စသည့် ဧရာမ Lens ကြီးများအား ဧရာမ Tripod ကြီးများတွင် တပ် ကာ ငှက် လာ ခြောင်း ကြသည်ကို ပြန် သတိပြုမိ တော့ သည်။ ထိုစဉ် ကိုယ်ကလည်းဓါတ်ပုံ ၀ါ သနာ ပါသဖြင့် ၀င်စပ် စုရာမှ သူတို့ ငှက်လာ ခြောင်း သည်ကို သိလိုက်ရပြီး ၄င်းတို့ ရိုက် ထား သော လက်ဖျားခါ ရလောက်အောင် ကောင်းလှသည့် Eagle ပုံ များကို ၄င်းတို့ ပါလာသည့် Tablet ဖြင့် ကြည့် ခွင့်ရခဲ့ပါသည်။


Eagle နားလေ့ ရှိသည်ဆိုသော ကျောက် တောင် ထိပ်။ ပုံတွင် ကျောက်တောင် ထိပ်ရှိ သစ်ခြောက် ပင်ကို အစက် အလေးမျှသာ မြင်နိုင်ပါသည်။

တိုက်တိုက် ဆိုင်ဆိုင် သူပြောသည့် အချိန် မှာပင် လင်းယုန်ငှက် တစ်ကောင် ပျံလာပါပြီး သူပြောသည့် အပင် ခြောက်မှာပင် လာ၍နား ပါသည်။ သတိမမူ ဂူမမြင် ဆိုသကဲ့သို့ပင်။ ကျွန်တော် သည်နေရာကို အကြိမ် ပေါင်း မရေမတွင် နိုင်အောင် ရောက်သော်လည်း လင်းယုန်ငှက်ကို ယခင်က တစ်ကြိမ်မျှ မမြင်ဘူးခဲ့ပါ။

ဤ အချက်သည် Bird Photography အတွက် အသေအခြာ စနစ်တကျ လေ့လာ ထားသူ နှင့် လေ့ လာ မထားသူ တို့၏ အဓိက ကွာ ခြားချက် ဖြစ်ပါသည်။

ကျွန်တော်က 18-200mm Lens ပါသွားသဖြင့် 200mm အပြည့် ဖြင့် ရိုက်လိုက် ပါသည်။ ကွန်တော် Bird Photography နားလည် ပုံ မပေါ်သည် ကို သူက ရိပ်စားမိသည်။

“ ခင်ဗျား ဒီလိုရိုက်လို့ သေးသေးလေးဘဲ ရမှာ ပေါ့။ “

“ ဒါဖြင့် ဘယ်လို ရိုက်ရမှာလဲဗျ။ “

“ လင်းယုန်ဆိုတာ မျက်စေ့ အလွန်လျှင်တယ်။ အဲဒီ အမြင့် ကြီးပေါ်က နေ အောက်ရေကန် ထဲ က ငါး ကိုမြင်ရတယ်။ သူ ငါးတွေ့တာ နဲ့ တဟုန်ထိုး ဆင်းလာလိမ့်မယ်။ အဲဒီလိုအရှိန်နဲ့ ဆင်းတဲ့ပုံနဲ့ ငါး ကိုသုတ်တဲ့ အချိန်ရယ် ပြန်တက်တဲ့ အချိန်ရယ်ကို အမိ ရိုက်ရမှာ။ “


Eagle နားနေရာ မှ ပျံတက်ရန် တာစူနေစဉ်။

အရှိန်အဟုန် နှင့် ပျံ အဆင်း။


ငါးကို သုတ်ပြီး ပြန်အတက်။

အထက်ပါ ပုံများမှာ ဖေါ်ပြခဲ့သည့် ကြီးသုံးကြီး - Camera Bag ကြီးကြီး ၊ Lens ကြီးကြီး၊ Tripod ကြီးကြီး - နှင့် ဆရာ များပြခဲ့သောပုံ များ နှင့် အနီးစပ်ဆုံး နမူနာ များ ဖြစ်ပါသည်။

၎င်းပြောသော အသက်ဝင်သည့် ပုံများ မရ စေကာမူ မှတ်တမ်း လောက် ရရ ဆိုကာ လင်းယုန်ကို 200mm ဖြင့် ရိုက် ရာတွင် Subject က ဝေးလွန်းသည့်အတွက် သူ ပြော သည့် အတိုင်းပင် ပုံသေးသး လေးပင် ထင်သည်။ သို့ နှင့် သွားလေရာ အစဉ် ဆောင်သွား လေ့ ရှိသည့် 80-400mm နှင့် ထပ် ရိုက်ပြန် သည်။ စိတ်ထဲ တွင် ပုံ အတော် ကြီးကြီး ရလိမ့်မည်ဟု ထင်သော် လည်း ထင် သလောက် ပုံ ကြီးကြီးမရပါ။


သစ်ချောက်ပင်တွင် နား နေသည့် Eagle ကို 200mm ဖြင့် ရိုက်ထားသည့် ပုံ။


သစ်ချောက်ပင်တွင် နား နေသည့် Eagle ကို 400mm ဖြင့် ရိုက်ထားသည့် ပုံ။

ဤနေရာတွင် Bird Photography နှင့် ပတ်သက်၍ “ တတ်စွမ်းသမျှ အနား ကပ်နိုင်အောင် ကြိုးစားပါ။ Fram ပြည့်အောင် ကြိုးစား ရိုက်ပါ “ ဆိုသည့် ဖတ်မှတ် လေ့လာထားချက်က ခေါင်းထဲတွင် ပေါ်လာသည်။

ထိုအချိန်တွင် အဆိုပါ ပုဂ္ဂိုလ်အား ၄င်း၏ ရိုက်ပုံရိုက်နည်းကိုမေးရာ -

“ ကျွန်တော်လည်း ၀ါသနာရှင်ပါဗျာ။ ကျွန်တော်ကတော့ အလွန်မြန်တဲ့ Action ဖြစ်လို့ Shutter Priority ထားပါတယ်။ 1/2000 Secs လောက်ထားပါတယ်။ ကျွန်တော်တို့ ကင်မရာ နဲ့ Lens က သိတ်မလိုက် နိုင်လို့ ISO ကို 400 အထက် လောက်တင် လိုက်ရပါတယ်။ Continuous Focusing နဲ့ Frame များများ ရိုက်ပါတယ် ။ Bird Photography က ငါးမျှား သလိုဘဲဗျ ။ အဲဒီလို ဘယ်အချိန် ဆင်းလာမလဲဆိုပြီး ရင်တမမနဲ့ စောင့်ရတာနဲ့ သူ့ရဲ့ Graceful Action ကို ရိုက်ရတာကိုက အလွန်ပျော် စရာ ကောင်းတယ် ဗျ။ “

ထိုအချိန်အထိ ကိုရွှေလင်းယုန်က နားနေသည့် သစ်ကိုင်းပေါ်မှ တုတ်တုတ်မှ မလှုပ်။

“ လင်းယုန် ဘယ်တော့ လောက် ဆင်း လာ တတ် သလဲ ဗျ။ “ ကျွန် တော့ ရဲ့ အမေး။

“ ဒါကတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ တစ်ခါ ကတော့ ကျွန်တော် အတော် ကံကောင်းတယ် ဗျ။ စောင့်နေတာ နာရီဝက်လောက်မှာတင် လင်းယုန် ကဆင်းလာတယ်။ တစ်ခါတစ်ရန်မှာ တော့ နှစ်နာ ရီလောက် စောင့် တာတောင် ဆင်း မလာဘူးဗျ။ “ သူရဲ့အဖြေ။

ကျွန်တော် လည်း မစောင့် နိုင် ၍ ပြန်လာခဲ့ ပြီး Bird Photography အကြောင်း ပြန်လှန် လှော ဖတ်ကြည့် မိ ပါလေသည်။

သည်တွင် Bird Photography ရိုက် ရာတွင် အောက်ပါ အဓိက အချက် (၃) ချက်ကိုတွေ့ လိုက်ရပါသည်။

၁။ အစီအစဉ်။ ( Planning )
၂။ ကျွမ်းကျင် မှု။ ( Skill)
၃။ ပစ္စည်းပစ္စယ။ ( Equipment )

Planning

မည် သို့သော ငှက် သည် မည် သည့် နေရာသို့ လာတတ်သည်ကို သိထားရန် ကြိုတင် လေ့လာ ထားရ ပါမည်။ ငှက် အပါအ၀င် တိရိစ္ဆာန် အားလုံးသည် လာမြဲသွားမြဲ အကျင့်ရှိပါသည်။ ပုံမှန် လာတတ် သွား တတ်သည့် အနေအထားကို သိမှ သာလျှင် ကြိတင် စောင့်ကာ ရိုက်နိုင်ပါသည်။ အထက်ပါ လင်းယုန် ကိုလာ စောင့်သူများသည် လင်းယုန် ငျင် အဆိုပါ နေရာသို့ မည်သို့ သော အချိန်တွင် လာလေ့ ရှိသည် ကို လေ့လာ ကာ အဆိုပါ အချိန် ကို လာစောင့် ကြခြင်း ဖြစ်သည်။

အထက်ပါ လင်းယုံ ကို စောင့် ရသည်မှာ ကန် နဘေးက ကျောက်ခင်း လမ်း ပေါ် မှ ဖြစ် သဖြင့် ထူးထူးခြားခြား ပြင် ဆင်ရန်မလိုသော် လည်း ရွှံ့ ညွှံ များ ရှိသည့် Wet Land နှင့် တောကြီးများထဲတွင် ရိုက်ကူးရာတွင်မူ သက်ဆိုင်ရာ နေရာနှင့် လိုက်လျှော ညီထွေ ရှိသည့် အ၀တ်အစား နှင့် ဘိနပ်များ လိုပါမည်။ ဖြုတ် ၊ ခြင် စသည် အကောင်များ ကိုက်ခြင်း မှ ကာကွယ်ရန် Spray ၊ စစ်ရောင် မိုးကာ စိမ်း၊ ခေါက် ထိုင်ခုံ အသေး စသည်တို့ လိုပါမည်။

ကင်မရာ နှင့်ပတ်သက် ၍မူ ကင်မရာ ဘက်ထရီ ၊ Fill-in Flash အတွက် Battery အပိုများကိုပါ အားသွင်း ထားရန် လိုပါမည်။ Long Tele photo Lens များလိုပါမည်။

၂။ Skill.

ငှက် များ အား 600mm ကဲ့သို့ Long Tele ဖြင့် ဆွဲကာ ရိုက် သကဲ့သို့ ထိုမျှ Focal Length ရှည် ရှည် ဖြင့် မရိုက် နိုင် ပါက အနားသို့ တတ်နိုင် ကပ်ကာ ရိုက် နိုင်ရေး အတွက် ကြိုး စားသင့်ပါသည်။ ပုံ ကောင်း ရရန် အတွက် ရိုက် စဉ် ထည်းက Subject အား Frame ထဲတွင် Composition ကို တစ်ခါထည်းချကာ ရိုက်ပါ။ Colour, Texture, Line စသည်တို့ ကို အကောင်းဆုးံ ရအောင် ကြိုးစားပါ။ အလင်းရောင် လုံလောက်စွာ ရ အောင် စောင့် နိုင်သမျှ စောင့်ပါ။

အလင်းရောင်နည်းသောကြောင့် Flash ဖြင့် ဖြည့် ရိုက်ရန် လိုပါက မိမိ ရိုက်လိုသော အဝေး ရှိ ငှက်အထိ အလင်းရောင် ရောက်နိုင်သည့် Telephoto extender ကို သုံးပါ။ အချို့ သော ငှက်များသည် အလင်း ထဲသို့ မထွက် ဘဲ ခြုံ အတွင်း ၌ သာ ခိုနေလေ့ ရှိသည့် ငှက်များ လည်း ရှိ ရာ အဆိုပါ ငှက်မျိုးကို ရိုက်မည် ဆိုပါက Flash ဖြင့် အလင်း ဖြည့် ပေး ရန် လိုသည်။

ပုံ ၀ါးမသွား စေရန် အတွက် Shutter speed အမြန် နှုန်းဖြင့် ရိုက်ရမည် ဖြစ်သဖြင့် ISO တင်ရိုက်ရန် ၀န် မလေးပါ နှင့်။ ရိုက်သည့် ကင်မရာ လှုပ် ရှားမှု မရှိ စေရန် ခိုင်ခန့်သည့် Tripod သုံး ရန် လိုပါသည်။ ငှက်က လည်ူ လှုပ် ၊ ကင်မရာ ကလည်း လှုပ် နိုင်သည့် လှုပ် နှစ် လှုပ် အနက် မိမိ ထိန်း ချုပ် နိုင်သည် ကင် မရာ အလှုပ်ကို ငြိမ် အောင် လုပ်ရပါမည်။

တတ်နိုင်သမျှ Frame အပြည့်ရ အောင် ပုံကြီးကြီး ရိုက်ပါ။ အနီးသို့ တတ်နိုင်သမျှ ကပ်၍ရိုက်နိုင်ရန် ကြိုးစား ရန်လိုပါသည်။

နံနက် ခင်း နှင့် ညနေခင်း များတွင်သာ ရိုက်သင့်သည်။ အလင်း ရောင် harsh များသည့် နေခင်းပိုင်းတွင် မရိုက်သင့်ပါ။ တတ်နိုင်သမျှ ပုံ များများရိုက်ပါ။ တစ်ချက် ထည်း နှင့် ပုံကောင်း နိုင်ရန် ခဲယဉ်းသည်။

ငှက် ငြိမ်သက်စွာ နားနေသည့် ပုံ ထက် ပုံ စံ အမျိုမျိုးနှင့် လှုပ်ရှားနေသည့် အသက်ဝင် သည့် ပုံများရအောင် ကြိုးစားပါ။ စိတ်ရှည်ရှည် ထားကာ လိုသည့် အနေအထား ရရန် စောင့်ပါ။

Equipment

၃။ အဝေးက ငှက် ကို လှမ်း ရိုက် ရသည့်အတွက် Tele Lens များလိုပါသည်။ အနည်းဆုံး 80-200mm လောက် ဆိုလျှင် မဝေးလှသည့် ငှက်ကို လှမ်း ရိုက် နိုင်ပါသည်။ 300mm, 400mm, ဆိုလျှင် ပို၍ ကောင်းပါသည်။ ပုံကြီးကြီး ရ နိုင်ရန် Long Tele များ လိုပါသည်။


ငှက် ရိုက်သည့် Lens များ။

သက်ဆိုင်ရာ ကင်မရာ အလိုက် ထုတ်လုပ်သည့် Original Lens များသည် ဈေးအလွန်ကြီး ပါသည်။ ထို့ ကြောင့် အတော်များများ သော Bird Photographer များသည် Sigma, Tamron စသည့် Third Party Lens များကို သုံးကြပါသည်။ 80-200mm, f-2.8 ကဲ့သိုကေ သော lens များကို 1.4x, 2X စသည့် Tele Converter များ ခံ ၍ လည်း သုံး နိုင်ပါသည်။


ငှက် ရိုက်နေသူ တစ်ဦး။


ငှက်ရိုက်နေသူတစ်ဦး။

အကယ်၍ 300mm, 400mm ကဲ့သို့ Long Tele များ မရှိလျှင် အနီးသို့ ကပ်နိုင်သမျှ ကပ်၍ ရိုက်နိုင်ရန် ကြိုးစား ရမည် ဖြစ်ပါ သည်။

အချို့ သော ပုဂ္ဂိုလ်များက ကင်မရာ နောက်မှ လူသာအဓိပါဟု ဆိုလေ့ရှိသည်။ အနု ပညာသဘောနှင့် အမြင်သဘောတို့မှာ မူ လူပေါ် မူတည် သော်လည်း။ ဤကဲ့သို့ အဝေးသို့ လှမ်း ရိုက်ရသည့် ကိစ္စ များတွင်မူ ၄င်း နှင့် သက်ဆိုင်ရာသည့် ပစ္စည်း အထောက်အပံ့မပါဘဲ မည်သို့ မျှ ပုံ ကောင်း ရနိုင်မည် မဟုတ်ပါ။

Credits: ဆရာဦးစိုးလှိုင် (Country Road)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...