နယ်သာလန်မှ အမျိုးသမီး အတွင်းခံ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်ကျင်းပရန် သီတင်းပတ် အနည်းငယ် လိုသေးသော်လည်း နယ်သာလန်တွင် ပြုလုပ်သည့် စိတ်ဝင်စားစရာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ရပ်တွင်မူ အိမ်ရှင်တို့ ဗိုလ်စွဲခဲ့ပြီး ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က နယ်သာလန် နိုင်ငံတွင် အမျိုးသမီး အတွင်းခံ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပပြီး နယ်သာလန် ကိုယ်စားပြု အသင်းက အနိုင်ရရှိခဲ့သည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကြို ပုံရိပ်မြှင့်တင်မှု လှုပ်ရှားမှု တစ်ရပ်အနေဖြင့် ယင်းပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဟု သိရပြီး နိုင်ငံ(၈)ခုမှ အသင်းများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ဆွဲဆောင်မှု ပြည့်ဝသည့် အမျိုးသမီး (၄)ဦးစီ အတွင်းခံ အဝတ်အထည်များ ဝတ်ဆင်ထားပြီး ယှဉ်ပြိုင်သည့် ပွဲစဉ်များတွင် နယ်သာလန်က စပိန်၊ ဂျာမနီ၊ ဘရာဇီးလ်တို့ကို အသာရသွားသည်။

အဆိုပါပြိုင်ပွဲတွင် နယ်သာလန်၊ ဘရာဇီးလ်၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ တောင်ကိုရီးယား၊ အယ်လ်ဂျီးရီး ယားနှင့် ရုရှားတို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် နယ်သာလန် လက်ရွေးစင်ဟောင်းနှင့် အဲဗာတန်၊ အင်တာမီလန် အသင်းများမှ ကစားသမားဟောင်း အန်ဒီ ဗန်ဒါမေဒီက ဒိုင်လူကြီးအဖြစ် ပျော်ရွှင်စွာ တာဝန် ယူခဲ့သည်။ နယ်သာလန် ဘောလုံးအသင်း၏ ပရိသတ်များ အနေဖြင့် ဘရာဇီးလ်သို့ လိုက်ပါကာ လက်ရွေးစင် အသင်းကို နှစ်နှစ်ကာကာ အားပေးရန် စီစဉ်နေပြီး ထိုအတောအတွင်း ယခုပြိုင်ပွဲ၏ ပျော်စရာ အရိပ်အငွေ့များက ၎င်းတို့အတွက် ဖျော်ဖြေမှုတစ်ခုလည်း ဖြစ်လာခဲ့သည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) Apple က Beats Music နဲ့ Beats Electronics ကို ဒေါ်လာ သုံးဘီလီယမ်ဖြင့် ၀ယ်ယူကြောင်း အတည်ပြု ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ
- (အနောကျသို့) ထူးချွန်သူ ၈၅ ဦးကို မြန်မာဂျပန်စင်တာ ပညာသင်ဆုချီးမြှင့် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ