ငှက်ဖျားရောဂါ တောင်ပေါ်ဒေသများ၌ပါ ကူးစက်ပြန့်ပွားလာ


Health Updates Journal No. 115

ခြင်ကြောင့်ဖြစ်ပေါ်သည့် ရောဂါတစ်မျိုးဖြစ်သော ငှက်ဖျားရောဂါသည် နှစ်စဉ်လူဦးရေ သန်းသုံးရာကျော်ကို ကူးစက်လျက်ရှိသည်။

London School of Hygiene & Tropical Medicine ESifh University of Michigan မှ သုတေသီများ ၏ လေ့လာမှုအရ ငှက် ဖျားရောဂါသည် တောင်ပေါ်ဒေသများ၌ ပူနွေးသည့်ရာသီဥတုတွင် ဖြစ်ပေါ်နိုင် ပြီး အေးသည့်ရာသီများ၌ မြေပြန့်တွင်သာ ဖြစ်ပေါ်သည်ကို တွေ့ရှိရသည်။ အီသီယိုးပီးယားနိုင်ငံ၏ တောင် တန်းဒေသတွင် ၁၉၉၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ငှက်ဖျားဖြစ်ပွားမှု တိုင်းတာခြင်း၊ ကိုလံဘီယာနိုင်ငံတွင် ၁၉၉၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ငှက်ဖျားဖြစ်ပွားမှုများကို တိုင်းတာခြင်းများ ပြုလုပ်ပြီး နှစ်စဉ်အလိုက် အပူချိန်ပြောင်းလဲမှုကြောင့် ငှက်ဖျား ဖြစ်ပေါ်မှု အတက်အကျကို လေ့လာခဲ့ကြသည်။

ခြင်ထိန်းချုပ်ရေး အစီအစဉ်များ၊ ငှက်ဖျားဆေးယဉ်ပါးမှု ပြဿနာများ၊ မိုးရေချိန်ပြောင်းလဲမှုများစသည့် ငှက်ဖျားရောဂါဖြစ်ပွားမှုကို လွှမ်းမိုးသည့် အချက်များကိုပါ ထည့်သွင်းလေ့လာပြီးနောက် ပူနွေးသည့် ရာသီတွင် ငှက်ဖျားရောဂါသည် ကုန်းမြင့်ဒေသများ၌ပါ ဖြစ်ပေါ်ပြီး အေးသည့် ရာသီတွင် မြေပြန့်၌ သာ ဖြစ်ပေါ်သည်ကိုတွေ့ရသည်။

ငှက်ဖျားရောဂါဟူသည် ကုန်းမြင့်ဒေသများ၌ အပူချိန်လျော့နည်းမှုကြောင့် ကူးစက်ပြန့်ပွားလေ့မရှိဘဲ အပူချိန်မြင့်မားရာမြေပြန့်ဒေသများ သာကူးစက်လေ့ရှိသော ရောဂါတစ်ခု ဖြစ်သော်လည်း ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုများအရ တောင်ပေါ်ဒေသများ၌ပါ ဖြစ်ပွား သည်ကို တွေ့ရှိလာ ရခြင်းဖြစ်သည်။

““ငှက်ဖျားရောဂါဟာ တောင်ပေါ်မှာပါဖြစ်လာပြီး အမြင့်ပေများပြားတဲ့ ဒေသတွေမှာပါ ကူးစက်လာပါတယ်။ အဆိုပါဒေသတွေမှာ ငှက်ဖျားပိုး ခုခံအားမရှိတာကြောင့် တကယ်တမ်း ကူးစက်ခံရတဲ့အခါမှာ ကူးစက်နှုန်း၊ သေပျောက်နှုန်းတွေ များလာနိုင်ပါတယ်။ ဒါဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်လာတယ် ဆိုတာ အငြင်းပွားစရာ မရှိပါဘူး”” ဟု သုတေသီ Mercedes Pascual က ဆိုသည်။

ဇော်ကို
Ref:NMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...