မက်မွန်သီးက ရင်သားကင်ဆာ ကြီးထွားပျံ့ပွားနှုန်းကို နှေးစေနိုင်


Health Updates Journal No. 118

မက်မွန်သီး(peach)မှ ပါဝင်တဲ့ ဓာတ်ပေါင်းများဟာ ရင်သားကင်ဆာ ဆဲလ်များရဲ့ ကြီးထွားနှုန်းနဲ့ ပျံ့နှံ့နိုင် စွမ်းတွေကို တားဆီးပေးကြောင်း သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒီသုတေသနကို ၀ါရှင်တန် တက္ကသိုလ်မှ သုတေသန ပညာရှင်တွေက လေ့လာတွေ့ရှိ ခဲ့တာဖြစ်ပြီး ရင်သားကင်ဆာဝေဒနာရှင်တွေ စားသုံးသင့်တဲ့ အစားအစာတစ်မျိုး တိုးလာစေခဲ့ကြောင်း သိရှိရပါတယ်။

ဝါရှင်တန်တက္ကသိုလ်အစားအစာ သိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ Dr.Giuliana Noratto က ““ကျွန်မ ကိုယ်တိုင် မက်မွန်သီးသုံးလုံး နေ့တိုင်းစားပါတယ်။ လုံလောက်စွာ စားသုံးထားတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကပေးတဲ့ သဘာဝအာနိသင်တွေဟာ အာဟာရဓာတ် မျှတစေရုံသာမ ကပါ ဘူး။ ရောဂါကာကွယ်နိုင်စွမ်း၊ ကုသနိုင်စွမ်းတွေလည်း ရှိနေပါတယ်””လို့ ပြောကြားထားပါတယ်။

Giulinana နဲ့ အဖွဲ့ဟာ မက်မွန်သီးပါ ဓာတ်ပေါင်းတွေက ရင်သားကင်ဆာ ဆဲလ်တွေကို နှိမ် နင်းနိုင်ကြောင်းကို ဓာတ်ခွဲစမ်းသပ်မှုများစွာ လုပ်ပြီး ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လေ့လာမှုမှာတော့ ရင်သား ကင်ဆာ ဆဲလ်တွေ ပျံ့ပွားနေတဲ့ ကြွက်များကို အသုံးပြုခဲ့ပြီး ၄င်းတို့ကို မက်မွန်သီး ကရတဲ့ ပေါ်လီဖီနော် ပါဝင်တဲ့ ဆေးဝါးတွေကို ကျွေးခဲ့ပါတယ်။ အဲဒီပေါ် လီဖီနော်မှာ နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို ကာ ကွယ်နိုင်စွမ်းလည်း ရှိပါသေးတယ်။ ဆေးဝါးတွေကျွေးအပြီး ၁၂ရက်ကြာ တဲ့အခါ မှာ ကြွက်များမှာ ကြီးထွား နှုန်းမြင့်နေတဲ့ ကင်ဆာကျိတ်တွေဟာ ကြီးထွားနှုန်းလျော့ကျလာပြီး ကင်ဆာကျိတ် ကို အထောက်အပံ့ပေးနေတဲ့ သွေးကြောဖြစ်ပေါ်မှုနှုန်းကို ပျက်စီးလာတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့ အပြင် ရင်သားကင်ဆာဖြစ်ပြီဆိုရင် ပျံ့နှံ့မှုအမြန်ဆုံးဖြစ်တဲ့ အဆုတ်ကိုလည်း စစ်ဆေးတဲ့အခါ ပုံမှန်အခြေအနေမှာ ထက် ကင်ဆာပျံ့နှံ့နှုန်းလျော့ ပါးနေတာကို တွေ့ရှိရပါတယ်။

Dr.Giuliana Noratto က ““ကြွက်တွေကို အသုံးပြုခဲ့တဲ့ မက်မွန်သီးပမာဏကို ၆၀ ကီလိုဂရမ် အလေးချိန် ရှိတဲ့ အမျိုးသမီးတစ်ဦးကို စကေး ကိုက်ပေးမယ်ဆိုရင် အဲဒီအမျိုးသမီးဟာ တစ်နေ့ကို မက်မွန်သီး နှစ်လုံး ကနေ သုံးလုံးအထိ စားသုံးပေးရမှာ ဖြစ်ပါတယ်။ မိမိတို့တွေ့ရှိမှုဟာ နို့ တိုက်သတ္တ၀ါတစ်မျိုးဖြစ် တဲ့ ကြွက်တွေ မှာ အောင်မြင်ပြီးဖြစ်တာကြောင့် လူတွေမှာပါ စမ်းသပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် အကြံပေးလိုတာ ကတော့ ရင်သားကင်ဆာ ဖြစ်ပွားနေသူ အမျိုးသမီးတွေအတွက် စားသုံးသင့်တဲ့ သစ်သီး ထဲမှာ မက်မွန်သီး ပါဝင်လာတယ်ဆိုတာပါပဲ””လို့ ပြော ကြားထားပါတယ်။

ဒီသုတေသနကို Journal of Nutritional Biochemistry မှာ ဖော်ပြထားပါတယ်။

သက်ကို
ref;PTI
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...