ပညာရေးအတွက် ထိုင်းနိုင်ငံရှိ ကျောင်းသား ၈ သန်း Microsoft Office 365 အသုံးပြုခွင့်ရရှိမည်



ထိုင်းနိုင်ငံတစ်ဝန်းရှိ ကျောင်းသား၊ ကျောင်းသူ ၈ သန်းနှင့် ဆရာ၊ ဆရာမ ၄၀၀,၀၀၀ သည်ပညာရေး အတွက် Microsoft Office 365 ကိုအသုံးပြုခွင့်ရရှိရန် ထိုင်းအခြေခံပညာရေး ကော်မရှင် (OBEC) နှင့် Microsoft တို့သဘောတူညီမှု ရရှိခဲ့ကြောင်းကြေညာလိုက်သည်။

နှစ်ဦးသဘောတူမှု စာချုပ်အရရွေးချယ်ခံထားရသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သည် အွန်လိုင်း Office 356 ဝန်ဆောင်မှုကို အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။

အဆိုပါ သဘောတူညီချက်သည် ၂၀၁၃ ခုနှစ်က Microsoft မှစတင်ခဲ့သည့် Partners in Learning အစီ အစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ၎င်းအစီအစဉ်သည် ၁၁၉ နိုင်ငံမှ ဆရာ၊ ဆရာမများသည် အွန်လိုင်း Office 365 ဝန်ဆောင်မှုကို အခမဲ့အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။

အဆိုပါ သဘောတူညီချက်သည် ၂၀၁၃ ခုနှစ်က Microsoft မှစတင်ခဲ့သည့် Partners in Learning အစီ အစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ၎င်းအစီအစဉ်သည် နိုင်ငံပေါင်း ၁၁၉ နိုင်ငံမှ ဆရာ၊ ဆရာမ ၁၂ သန်းနှင့် ကျောင်းသား၊ ကျောင်းသူ သန်း ၂၀၀၀ ကျော်တို့နှင့်လက်တွဲ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

OBEC မှ Anek Ratpiyapa porn ၏အဆိုအရ အထက်ပါ သဘောတူညီချက်သည် ထိုင်းအစိုးရ၏ Smart Thailand 2020 စီမံကိန်းကို အထောက်အကူ ဖြစ်စေမည်ဟုသိရသည်။

Microsoft နှင့် OBEC တို့၏သဘောတူညီချက်သည် ယခုနှစ် ဇွန်လမှစတင်ကာ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။


-နောင်နောင်
Ref: TechInAsia
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၀)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...