ဆီးနမူနာများကို အနံ့အာရုံခံနိုင်ပြီး ဆီးကျိတ်ကင်ဆာကို ဖော်ထုတ်နိုင်မယ့် အီလက်ထရွန်နစ်နှာခေါင်း


Health Updates Journal No. 118

ဖန်တီးပြုလုပ်ထားတဲ့ အီလက်ထရွန်နစ်နှာခေါင်း (e-nose) ဟာ ဆီးနမူနာများကို အနံ့ခံပေးခြင်းအားဖြင့် ဆီးကျိတ်ကင်ဆာ ရှိမရှိကို ဖော်ထုတ်ပေးနိုင်မယ်လို့ သုတေသန တစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ရောဂါရှာဖွေ ဖော်ထုတ်ရာမှာ ငွေကုန်ကြေးကျ များတယ်လို့ သတ်မှတ်ကြတဲ့ ဆီးကျိတ်ကင်ဆာ လူနာရှင်တွေအတွက် သတင်းကောင်းပဲဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာနဲ့ ဆီးကျိတ်ရောင်ရောဂါကိုလည်း လွယ်ကူစွာ ခွဲခြားပေးနိုင်မှာဖြစ်ပြီး ဆီးနမူနာရဲ့ အပေါ်ယံ အရည်ကို e-nose ဟာ အနံ့ခံပြီး တိုက်ရိုက်ရလဒ်များကို ပြသပေးမှာဖြစ်ပါတယ်။ အဆိုပါ ကိရိယာကို ဆီးကျိတ်ကင်ဆာရှိနေတဲ့ လူနာ၅၀နဲ့ ဆီးကျိတ်ရောင်လူနာ ၁၅ဦးမှာ အောင်မြင်စွာ စမ်းသပ်နိုင် ခဲ့ပြီး အသားစနမူနာများအရလည်း မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

e-nose ဟာ အာရုံခံ sensorံတွေကို စုပေါင်းထားတဲ့ ကိရိယာတစ်မျိုးဖြစ်ပြီး ဆီးကထွက်တဲ့အနံ့ကို အခြေခံ ကာ ရောဂါဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီလေ့လာမှုကို Journal of Urology မှာဖော်ပြထားပါတယ်။

သန့်စင်
ref;ANI
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...