ကလင်တန်နှင့် အချစ်ဇာတ်လမ်းအတွက် နောင်တရမိကြောင်း လီဝင်စကီး ဝန်ခံ
နှစ်ပေါင်းများစွာ မြိုသိပ်လာခဲ့ပြီးနောက် သူမနှင့် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့၏ တိတ်တိတ်ပုန်း အချစ်ဇာတ်လမ်းအတွက် နောင်တကြီးစွာ ရမိကြောင်း မော်နီကာ လီဝင်စကီးက ဖွင့်ဟ လာခဲ့သည်။ ယခုအခါ အသက်(၄၀)အရွယ် ရှိနေပြီဖြစ်သော မော်နီကာက (၁၉၉၈)ခုနှစ်က ဖြစ်ပျက်ခဲ့ သည့် ကမ္ဘာသိ လူမှုရေး အရှုပ်တော်ပုံကြီးနှင့် ပတ်သက်ပြီး Vanity Fair မဂ္ဂဇင်းတွင် သူမ၏ ဝန်ခံချက် များအား ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သမ္မတ ကလင်တန်နှင့် အိမ်ဖြူတော် ဝန်ထမ်းတစ်ဦးဖြစ် သည့် မော်နီကာတို့၏ ဖောက်ပြန်မှုကို လက်နက်အဖြစ် အသုံးပြုကာ အတိုက်အခံ ရီပတ်ဘလစ်ကန်တို့က ကလင်တန်အား ရာထူးမှ ဖြုတ်ချနိုင်ရန်ထိ ကြိုးပမ်းခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ချေ။

လတ်တလောတွင် ကလင်တန်၏ဇနီးဖြစ်သူ ဟီလာရီကလင်တန်က (၂၀၁၆)ခုနှစ်၊ အမေရိကန် ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ပါဝင်အရွေးခံရန် စဉ်းစားနေကြောင်း သတင်းများ ပျံ့နှံ့နေရာ ထိုအချိန်တွင် မော်နီကာ၏ ပြဿနာက တစ်ကျော့ပြန် အသက်ဝင်လာခြင်း ဖြစ်သည်။ “သမ္မတနဲ့ ကျွန်မတို့ကြား က ဖြစ်ပျက်ခဲ့သမျှ အရာတိုင်းအတွက် ကျွန်မကိုယ်ကျွန်မ နက်နက်ရှိုင်းရှိုင်း နောင်တရမိပါတယ်” ဟု မော်နီကာက ရေးသားထားသည်။ သူမက “ကျွန်မကို ဒီအကြောင်း ထပ်ပြောခွင့်ပေးပါ။ ကျွန်မဟာ အလေးအနက် နောင်တရနေခဲ့ပါတယ်”ဟုလည်း ဆိုသည်။ မော်နီကာက ယင်းဖြစ်ရပ် လူသိရှင်ကြား ပေါ်ပေါက်လာသည့်နောက် ပတ်ဝန်းကျင်မှ လှောင်ပြောင်မှုများ၊ စိတ်ဓာတ်ရေးရာ ထိုးနှက်မှုများ၊ အရှက်ခွဲမှုများကိုပါ ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့သေးသည်။ သူမက ဖြစ်ရပ်တစ်ခုလုံးတွင် အဘက်ဘက်မှ အားပြိုင်သူများကြား၌ မြေစာပင် ဖြစ်ခဲ့ကြောင်းလည်း ဖွင့်ဟခဲ့သည်။

“သမ္မတရဲ့ စီမံရေးရာဌာန၊ အစိုးရရှေ့နေအဖွဲ့တွေ၊ နှစ်ဖက်စလုံးက နိုင်ငံရေး အသင်းအဖွဲ့တွေက ကျွန်မကို အမျိုးမျိုး တံဆိပ်ကပ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဩဇာအာဏာ အရမ်းကြီးတဲ့ သူတွေက တံဆိပ်ကပ် လိုက်တဲ့အခါ ဖျက်မရအောင် စွဲထင်သွားတော့တာပါပဲ”ဟုလည်း မော်နီကာက ဆိုသည်။ သူမသည် အိမ်ဖြူတော်မှ ထွက်ခွာခဲ့သည့်နောက်ပိုင်း လက်ကိုင်အိတ်များ ဖန်တီးသည့် ဒီဇိုင်နာ တစ်ဦးအဖြစ် အလုပ် လုပ်ခဲ့သလို အမေရိကန် Dating Show တစ်ခုတွင်လည်း အစီအစဉ်မှူးအနေဖြင့် တာဝန်ယူခဲ့ သည်။ မော်နီကာသည် ဘွဲ့ဒီကရီ တစ်ခုအတွက် လန်ဒန်သို့ သွားရောက်ခဲ့ပြီး အမေရိကန်တွင် သူမ၏ အတိတ်ကြောင့် အလုပ်နေရာတစ်ခု ရှာဖွေရန် ခက်ခဲလွန်းနေခဲ့ကြောင်းလည်း ဝန်ခံရေးသားထားခဲ့သည်။

(၂၀၁၆)ခုနှစ်၊ ရွေးကောက်ပွဲ မတိုင်မီ မော်နီက အနေဖြင့် လူအများမြင်ကွင်းရှေ့ တစ်ကျော့ပြန်ပေါ်လာခြင်း သည် ဟီလာရီအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ထိုးနှက်ချက်အနေဖြင့် ဝေဖန်သူများလည်း ရှိနေ သည်။ လက်ရှိ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူ ဖူးသော ဟီလာရီသည် မိမိနေရာ ဆက်ခံမည့် သမ္မတ ဖြစ်လာနိုင်ကြောင်း ထောက်ခံထားသည်။ ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် ရေပန်းစားနေသည့် ရန်းပေါလ်ကမူ “အလုပ်ရှင်တွေ အနေနဲ့ သူတို့ရုံးခန်းမှာ ခန့်ထားတဲ့ ငယ်ငယ်ချောချော ကောင်မလေးတွေကို သားကောင်လိုတော့ သဘောမထား သင့်ဘူးပေါ့။ သမ္မတဟောင်း ကလင်တန်ဟာ အသက်(၂၀)ဝန်းကျင် မိန်းကလေး တစ်ယောက်ကို အခွင့်အရေး ယူခဲ့တယ်။ ဒီလိုမျိုး မောင်ပိုင်စီးတဲ့ လုပ်ရပ်မျိုးအတွက် ဆင်ခြေမရှိဘူးလေ”ဟု ဝေဖန်ခဲ့သည်။
မော်နီကာက သူမအနေဖြင့် နှစ်ပေါင်းများစွာ ရေငုံနေခဲ့ပြီး ထိုကာလများ အတွင်းက လူအများအတွက် သင်ခန်းစာဖြစ်စေရန် သူမ၏ အတိတ်ကို ဖွင့်ဟလိုသည့် ဆန္ဒမျိုး အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဆိုသည်။ “ခုချိန်မှာ ကျွန်မရဲ့ ဇာတ်လမ်းကို လူတွေသိအောင် ဝေမျှလိုက်ပါတယ်။ ကျွန်မပေးချင်တဲ့ အကြောင်းပြချက်က အရှက်တကွဲ ဖြစ်ရခြင်းကြောင့် အမှောင်မိုက်ဆုံး ကာလတွေကို ဖြတ်သန်းနေရတဲ့ လူတွေအတွက် ကျွန်မက တတ်နိုင်သလောက် အကူအညီ ပေးနိုင်ဖို့ပါပဲ”ဟုလည်း မော်နီကာက ဖွင့်ဟသွားသည်။
Planet Myanmar Network
May 08 14 - 03:06 PM
- (အရှေ့သို့) Touchscreen ကိရိယာမ်ားက ကေလးမ်ား ဘာသာစကား သင္ယူမႈကို ထိခိုက်စေနိုင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
- (အနောကျသို့) မိသားစုဘဝကို ထူထောင်နိုင်ရန် မျှော်လင့်မထားခဲ့ကြောင်း ဂျိုလီ ဝန်ခံ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ