မိသားစုဘဝကို ထူထောင်နိုင်ရန် မျှော်လင့်မထားခဲ့ကြောင်း ဂျိုလီ ဝန်ခံ
သူမအနေဖြင့် သားသမီး အများအပြားနှင့် သိုက်သိုက်ဝန်းဝန်း မိသားစု ဘဝတစ်ခု ထူထောင်ဖြစ်လိမ့်မည် ဟု ယခင်က လုံးဝ တွေးထင်မထားခဲ့ကြောင်း အန်ဂျလီနာဂျိုလီက ဖွင့်ဟ ပြောကြားခဲ့သည်။ အသက် (၃၈)နှစ်ရှိ ဟောလီးဝုဒ် ကြယ်ပွင့် မင်းသမီးသည် သူမ၏ ခင်ပွန်းလောင်း ဘရတ်ပစ်တ်နှင့်အတူ မွေးစား ကလေးငယ်များ အပါအဝင် သားသမီး (၆)ဦးထိ ရယူထားပြီး ဖြစ်သည်။ အန်ဂျလီနာက သူမငယ်စဉ်ကမူ ကလေးယူဖြစ်မည်ဟု လုံးဝ စိတ်မကူးခဲ့သလို မိသားစု ဘဝတစ်ခုကိုလည်း မမျှော်လင့်ခဲ့ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုဘဝမျိုးသည် လက်တွေ့နှင့် ကင်းကွာပြီး စိတ်ကူးယဉ် ဆန်လွန်းနေသည်ဟု ခံယူမိသောကြောင့်ဟုလည်း အန်ဂျလီနာက ရှင်းပြခဲ့သည်။

Elle မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် အန်ဂျလီနာက “ကျွန်မမှာ ကလေးတွေ ရှိလာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ကျွန်မအနေနဲ့ တကယ်တမ်း ချစ်တတ်ခဲ့မယ်၊ ဒါမှမဟုတ် ကျွန်မဘဝအတွက် သင့်တော်တဲ့ လက်တွဲဖော်ကို ရှာတွေ့ခဲ့မယ်လို့လည်း မယုံခဲ့ဘူး။ ပြိုကွဲနေတဲ့ မိသားစုတစ်ခုကနေ ထွက်ပေါ်လာတဲ့ မိန်းကလေး တစ်ယောက်အတွက်တော့ အဲဒီလို အရာတွေဆိုတာ နတ်သမီးပုံပြင်လို စိတ်ကူးယဉ် ဆန်ခဲ့ မယ်ဆိုတာ ရှင်တို့ လက်ခံလိမ့်မယ် ထင်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ ရှင်သာဆိုရင်လည်း ဒါတွေကို လက်တွေ့အနေနဲ့ စိတ်ကူးကြည့်နေမှာ မဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။

In the Land of Blood and Honeyနှင့် Unbroken ဇာတ်ကားများဖြင့် ဒါရိုက်တာ နယ်ပယ်သို့ပါ ချဉ်းနင်း ဝင်ရောက်လာသည့် အန်ဂျလီနာသည် အသက်(၅၀)အရွယ်ရှိ ဘရတ်နှင့် တွဲနေသည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူမက “ကျွန်မတို့ နှစ်ယောက် အတူရှိနေရင်ဖြစ်စေ၊ ခွဲခွာနေရ ရင်ဖြစ်စေ တစ်ယောက်အပေါ် တစ်ယောက်က လွှမ်းမိုးမှုတွေ ရှိနေတယ်လို့ ခံစားပါတယ်။ ဒါဟာ ကျွန်မတို့ ရဲ့ ဆက်ဆံရေးမှာ သိမ်မွေ့တဲ့ စိန်ခေါ်မှု တစ်ခုလည်း ဖြစ်ပါတယ်။ တကယ်တော့ ကျွန်မတို့ဟာ တစ်ယောက်ကိုတစ်ယောက် လှလှပပလေး မောင်းနှင်ရင်း၊ ဖြည့်စွက်ရင်း ဖြတ်သန်းနေကြတာပါ”ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
Planet Myanmar Network
May 09 14 - 05:47 AM
- (အနောကျသို့) မော်ကွန်းတင်ပါသည် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးVery little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ