4G ပြီးတော 5G...

ဟိန်းထက်

မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍတွင် မြန်နှုန်းအမြင့်ဆုံး အဖြစ် စံချိန်တင်ထားသော 4G စနစ်သည်ပင် လက်ရှိ မှာ ကနဦး စတင်သုံးစွဲကြတုန်းသာ ရှိသေးသည်။ သို့ဖြစ်သည့်တိုင် လူသားတို့၏ ကြိုးပမ်းမှုများက နောက် တစ်ဆင့်ကိုပါ ဆက်လှမ်းနေပြီဖြစ်သည်။ 4G ပြီး တော့ 5G ကိုသုတေသန စားပွဲ ပေါ် တင်နေကြ ပြီ။

လက်ရှိ 4G စနစ်ကို LTE စနစ်ဟု ခေါ်ဝေါ်သည်။ မြန်နှုန်း 150 Mbps ရှိသည်။ ရိုးရိုး LTE အပြင် နှစ် ဆမြန်သော အထူး LTE-Aကိုလည်း လန်ဒန်တွင် မကြာခင် တိုးချဲ့သုံးစွဲမည်ဖြစ်ပြီး၊ မြန်နှုန်း 300Mbps ထိရှိ မည်ဖြစ်သည်။ ထိုမျှမြန်နေပြီဖြစ်သည့်တိုင် ပိုမြန်သောနှုန်းကို လူသားများ ကြိုးပမ်း တီထွင်နေဆဲ ဖြစ်သည်။

4G ကို လူအများစုတွင်ကျယ်စွာ သုံးစွဲနိုင်လာသည့် အချိန်တွင် 5G စနစ် ထပ်မံ တိုးချဲ့နိုင်သည့် အချိန် ကျလာမည်ဖြစ်သည်။ လက်ရှိ 4G စနစ် သည် မြန်နှုန်းအားဖြင့် အမြင့်ဆုံး 1 Gbps (၁ ဂစ်) ထိရောက်နိုင် သည်။ ထိုမျှ မြန်နေပြီ ဖြစ်သည့်တိုင် 5G ကို ဘာကြောင့် လိုအပ်ပါသေးသနည်း။

5G ဘာလဲ

လက်ရှိအမြန်ဆုံး 4G စနစ်ထက် တစ်ဆင့်ပိုမြင့်မည့် မိုဘိုင်းဒေတာ ဆက်သွယ်ရေးစနစ်ကို 5G ဟု သတ် မှတ်ခေါ်ဝေါ်ခြင်းဖြစ်သည်။ 5G စနစ်သည် မြန်နှုန်းပိုကောင်းလာမည်ဖြစ်သလို သုံးစွဲသူ အများအပြား တစ်ပြိုင်တည်းစုပြုံ သုံးစွဲသည့်တိုင် မြန်နှုန်းကျသွားခြင်းမျိုး မဖြစ်အောင် အားလုံး အတွက် လုံလောက်သောနေရာ ကျယ်ကျယ်ဝန်းဝန်း ပေးနိုင်မည်ဖြစ်သည်။

အရာရာ အင်တာနက်ခေတ် (Internet of Things) တက်လှမ်းရေးတွင် များပြားလှစွာသော အင်တာနက် ချိတ်ဆက် ပစ္စည်းများ တစ်ချိန် တည်း တစ်ပြိုင်တည်းတွင် မြန်နှုန်း လုံးဝမကျဘဲ သုံးစွဲနိုင်ဖို့လိုသည်။ ထိုသို့ သုံးစွဲနိုင်ရန်မှာ မိုဘိုင်းဒေတာ မြန်နှုန်း မြင့်မားရုံ တစ်ခုတည်းနှင့် မလုံ လောက်သေး။ ချိတ်ဆက် ပစ္စည်း မည်မျှများပြားပါစေ အားလုံးအတွက် နေရာပေးနိုင်ပြီး မြန်နှုန်း လုံးဝမကျအောင် ပံ့ပိုးပေးနိုင်ဖို့လိုသည်။ ထိုပံ့ပိုးမှု ကို 5G စနစ်ကသာ အပြည့်အ၀ အကောင်အထည်ဖော်ပေးနိုင်မည်။ ဥပမာပေးရလျှင် အမြန်မောင်းလို့ရသော လမ်းဖြစ်သည့်တိုင် လမ်းကျဉ်းနေပါက ကား များလာသည့်အခါ ယာဉ်ကြောကျပ်ပြီး အားလုံး ခပ်နှေးနှေးသာ သွားနိုင်ကြမည်။ လမ်းကိုချဲ့ပေးမှ ကားများစွာ တစ်ပြိုင်တည်း အမြန်မောင်းနိုင် လေဖြစ်လာကြမည်။ လမ်းကျယ်လာလေ ကားများများ တစ်ပြိုင်တည်း အမြန်မောင်းနှင် နိုင်ကြမည်။ 2G ၊ 3G ၊ 4G ၊ 5G မိုဘိုင်း ဒေတာစနစ်များသည် လည်း အထက်ပါ လမ်းဥပမာအတိုင်း ဖြစ်သည်။ တစ်ဆင့်ပြီး တစ်ဆင့် မြန်နှုန်းပိုမြင့်လာသလို အင်တာနက်ချိတ်ဆက်ပစ္စည်း အများအပြား တစ်ပြိုင် တည်း ချိတ်ဆက်အသုံး ပြုနိုင်မည့်နေရာ လည်း ပိုကျယ်သော စနစ်များ ဖြစ်လာကြ သည်။

ဘာကြောင့် 5G လိုအပ်လဲ

5G စနစ်သည် မိုဘိုင်းဒေတာမြန်နှုန်း 10Gbps မှ 100Gbps ထိ ရှိနိုင်သည်။ ထိုအချက်သည် အမြင့်ဆုံး 1Gbps သာ ရနိုင်သော 4G စနစ် ထက် များစွာသာသောနှုန်း ဖြစ်သည်။ ထို့အပြင် တုံ့ပြန်ချိန်တွင်လည်း 5G က 4G ထက် ပိုမြန်သည်။ 4G စနစ်၏ တုံ့ပြန်ချိန်သည် 40ms (မိုက်ခရိုစက္ကန့်) မှ 60ms အကြားကြာသည်။ ထိုနှုန်းသည်ပင် လူအများအပြား အွန်လိုင်းချိတ်ဆက်ဆော့ရသည့် ဂိမ်းမျိုး၊ အွန်လိုင်းချိတ်ဆက် လုပ်ရသည့် လုပ်ငန်း စီမံကိန်းမျိုးအတွက် မလောက်မင ဖြစ်နေသေးသည်။ ထို့ထက် တုံ့ပြန်ချိန် တိုဖို့လိုသေးသည်။ ကမ္ဘာတစ်ဖက်ကလူက ခလုတ်ကို ထိလိုက်သည်နှင့် အခြား တစ်ဖက်မှာ ချက်ချင်း သက်ရောက်မှုရှိရေးတွင် 5G စနစ်မျိုးကသာ စွမ်းဆောင်နိုင်မည်။

သုတေသနများအရ 5G စနစ်သည် တစ်ခုခုကို တုံ့ပြန်ရန် 1ms မှ 10ms ကြား သာကြာမည်ဟု သိရသည်။ 4G စနစ်ထက် ငါးဆမှသည် အဆလေးဆယ်လောက်ထိ ပိုမြန်ဆန်စွာ တုံ့ပြန်နိုင်ခြင်းဖြစ်သောကြောင့် အွန်လိုင်းချိတ်ဆက်ဂိမ်းများအတွက်ပါ အဆင်ပြေစေမည်ဖြစ်သလို ကမ္ဘာလုံးချီ ကွန်ရက်ချိတ်ဆက်ကာ အွန်လိုင်းမှတစ်ဆင့် အွန်လိုင်းချိတ်ဆက်လုပ်ကိုင်ကြမည့် လုပ်ငန်းအမျိုးမျိုးအတွက်ပါ အဆင်ပြေမည်ဖြစ် သည်။

အရာရာအင်တာနက်ခေတ် ရောက်လာသည့်အခါ စမတ်ဖုန်းများ၊ တဲဘလက်များ၊ ကင်မရာများ၊ ရေ ခဲသေတ္တာများ၊ မီးဖိုချောင်များ၊ အိမ်လုံခြုံ ရေးစနစ်များ စသဖြင့် အားလုံးလိုလို အင်တာနက်ကွန်ရက် ချိတ်ဆက်ကာ သတင်းအချက်အလက် ဖလှယ်လာကြမည်ဖြစ်ရာ ပစ္စည်းများလာလေ လမ်းပေါ် တွင် ကားစီးရေများလာလေဆိုသလို လမ်းကျယ်ကျယ်ရှိပါမှ ယာဉ်ကြောမကျပ်ဘဲ အားလုံး တစ်ပြိုင် တည်းမြန်နှုန်းမြင့် သွားနိုင်ကြမည် ဖြစ် သည်။ ထို့အတူ အင်တာနက်ချိတ်ဆက် ပစ္စည်းများ တိုးလာလေ လှိုင်းအကျယ်ပို မြင့်မားသော မိုဘိုင်းဒေတာ စနစ်ဖြစ်သည့် 5G စနစ်ကို ပိုလိုအပ်လေ ဖြစ်လာမည်။ 5G ဖြင့်သာ အားလုံး တစ်ပြိုင်တည်း မြန်နှုန်းမြင့် အလုပ်လုပ်နိုင်လာမည်။

အရာရာ အင်တာနက်ခေတ်

အနာဂတ်ကြိုခန့်မှန်း သုတေသနများ အရ လာမည့် သက္ကရာဇ် ၂၀၂၀ တွင် ဗြိတိန် နိုင်ငံသားတစ်ယောက် သည် ပျမ်းမျှအင်တာနက်ချိတ် ဆက် ပစ္စည်း(၂၇)ခု အသုံးပြုကြမည်ဟု သိရသည်။ ကွန်ပျူတာ၊ လပ်တော့၊ စမတ်ဖုန်း၊ တဲဘလက်၊ စမတ်နာရီ၊ ကားများ၊ စမတ် အ၀တ်အစားများ၊ အိမ်လုံခြုံရေး စနစ်၊ ရေခဲသေတ္တာ၊ မီးဖိုချောင်၊ ကျန်းမာရေး စောင့်ကြည့် ပစ္စည်းများ စသဖြင့် လက်ရှိမှာပင် အတော်များပြားနေပြီ။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း အင်တာနက်ချိတ်ဆက် ပစ္စည်းက အခုရေ သန်းပေါင်းငါးသောင်းထိ ရှိလာမည်။ အချို့သော ပစ္စည်းများက သတင်း အချက်အလက် တစ်ချိန်လုံး အပြန်အလှန် ပေးပို့နေရမည်။ တချို့ကျတော့လည်း သတင်းအချက်အလက် နည်းနည်းလောက်သာ ပို့ရုံနဲ့ အလုပ်လုပ်နိုင်တာများလည်း ပါမည်။

4K ဗီဒီယိုများ အွန်လိုင်းက တိုက်ရိုက်ကြည့်နိုင်မည်

အရည်အသွေးမြင့် ဗီဒီယိုများကို အွန်လိုင်းက တိုက်ရိုက်ကြည့်ရှုနိုင်ရေးတွင်လည်း ကွန်ရက် လှိုင်းကျယ် ကျယ်ရှိဖို့ အရေးကြီးသည်။ လာမည့် ၂၀၃၀ တွင် အင်တာနက်ဒေတာ အသုံးပြုမှု စုစုပေါင်း၏ (၇၆) ရာခိုင်နှုန်းထိကို အရည် အသွေးမြင့် ဗီဒီယိုများ ကြည့်ရှုရာတွင် အသုံးပြုနေကြမည်ဟု သုတေသနစစ်တမ်း အရ သိရသည်။ 4K အရည်အသွေး သာမက 8K အရည်အသွေး ထိရှိသော ဗီဒီယိုများပါ ပါဝင်မည်ဖြစ် သည်။ လက်ရှိ 4G စနစ်ဖြင့် လည်း အထက်ပါ ဗီဒီယိုများ ကြည့်နိုင်နေပြီ။ 4K ဗီဒီယို ကြည့်ဖို့ 14Mbps မြန်နှုန်း၊ 8K ကြည့်ဖို့ 18Mbps မြန်နှုန်းရှိလျှင် အဆင်ပြေသည်။ သို့သော် ပြော ရန်ရှိသည်ကား ဦးရေဖြစ်သည်။ မိုဘိုင်း ကွန်ရက်စနစ်တစ်ခု အတွင်းမှာပင် လူနည်းနည်းသာ ထိုသို့ကြည့်လျှင် ကိစ္စမရှိ။ လူ အမြောက်အမြား တစ်ပြိုင် တည်း ကြည့်ကြသည့် အချိန်တွင်ကား လိုင်းကျပ်သွားကာ နှေးသွားတော့သည်။ ထိုပြဿနာကို ဖြေရှင်းရန်မှာ လိုင်းကျယ်သည့် 5G စနစ်ဆီ တက် လှမ်းရေးဖြစ်သည်။

ဘယ်တော့လောက် လာမလဲ


လာမည့် ၂၀၂၀ ပြည့်နှစ်လောက်မှာ 5G စနစ် စတင်မိတ်ဆက်နိုင်မည်ဟု ခန့်မှန်းထားသည်။ သို့သော် ၂၀၂၂ -၂၃ လောက် တွင်မှ နည်းပညာ လုပ်ငန်းကြီးများမှာ စတင်သုံးစွဲလာကြမည်ဖြစ်ပြီး၊ အများပြည်သူ ကား ၂၀၂၄-၂၅ လောက်တွင်မှ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်လာဖွယ်ရှိသည်။

6G လာဦးမလား

5G ပြီးရင် 6G ကောလာဦးမည် လားဟု မေးစရာရှိသည်။ 6G မလာနိုင်ဟု ခန့်မှန်းမှုများ ရှိသည်။ အကြောင်းမှာ 5G စနစ်ကို တက်လှမ်းသည့် အဆင့်ထိသာ ဟာ့ဒ်ဝဲ အခြေပြု စနစ်ဖြစ်သောကြောင့် ထပ်တိုးလိုလျှင် ဟာ့ဒ်ဝဲဆိုင်ရာ ပစ္စည်းများဖြစ်သည့် ဆက်သွယ်ရေးပစ္စည်းများမှအစ စက် ပစ္စည်း အကုန်၊ အခြေခံ အဆောက်အဦး အကုန် ထပ်တိုးခြင်း၊ ပြုပြင်ခြင်း လုပ်ရသည်။ 5G စနစ်ကိုယ်တိုင်သည် လား ဆော့ဖ်ဝဲကို အခြေခံသော စနစ်ဖြစ်သော ကြောင့် နောက်ထပ် အလုံးစုံပြုပြင် ပြောင်းလဲမှုမျိုး လုပ်ဖို့ မလိုတော့ဘဲ ဆော့ဖ်ဝဲစနစ်ကိုသာ အဆင့်ဆင့်မြှင့်တင်သွားဖို့ ရမည်မို့ 6G စနစ်ဟူ၍ မပေါ်လာ နိုင်ဟု သုံးသပ်မှုများ ရှိနေသည်။ အနာဂတ်က တောက်ပနေသည်။ လျှပ်ပြက်သလိုလည်း မြန်ဆန်လာဦးမည်။

Ref: What is 5G, when is it coming and why do we need it? (Pocket-lint)

The Messenger Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...