မြန်မာလုပ်သားများကို မတရားနှိပ်စက်၊ ငွေတောင်းခံနေမှု အမြန်ဆုံး ထိန်းချုပ်ပေးရန် ထိုင်းပြည်ထဲရေးကို ပြင်းပြင်းထန်ထန် သတိပေးထား

ရန်ကုန် စိုးထက်ဝင်း

မြန်မာလုပ်သားများကို ထိုင်းရဲများက အကြောင်းမဲ့ မတရား နှိပ်စက်၊ ငွေညှစ်တောင်းခံနေခြင်းကို အမြန်ဆုံး ထိန်းချုပ်ပေးရန် ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနအား ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း အလုပ်သမား ဒုတိယ၀န်ကြီး ဦးထင်အောင် က ပြောသည်။ ယမန်နေ့က ရန်ကင်း အလုပ်သမား သင်တန်းကျောင်း တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် အလုပ်သမား အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး က အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ အထောက်ထား ရှိလည်း တောင်း တယ်၊ မရှိလည်း တောင်းတယ်။ ဒီဒဏ် တွေကို ကျွန်တော်တို့ လုပ်သားတွေ ခံစား နေရတာ ကြာပြီ။ ဒါကို ထိုင်း ပြည်ထဲရေး ဒုတိယ၀န်ကြီးကို ပြောတော့ သူတို့ အနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးပါ မယ်လို့ ပြောခဲ့ တယ် ဟု ၎င်း က ဆက်လက် ပြောကြားသည်။လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်း လုပ်သား သုံးသန်းကျော်ရှိ နေပြီး၊ ထက်ဝက်ခန့် မှာ အထောက်ထား ပြည့်စုံမှု မရှိသောကြောင့် ထိုင်းရဲများ၏ ငွေ ညှစ်ခြင်း ကို မကြာခဏ ခံစားနေကြ ရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်ရေး ကွန်ရက် မှ သိရသည်။ အထူး သဖြင့် နယ်စပ်တွေ က ရဲတွေ က ပိုဆိုးတယ်။ သူတို့ ပြောတဲ့ ဘာသာစကား ကို နားမလည်း ရကောင်းလား ဆိုပြီး ပါးရိုက် နှိပ်စက်တာတွေ၊ ပိုက်ဆံ တောင်းတာတွေ မကြာခဏ လုပ်လေ့ရှိတယ်။ အဲဒီမှာ လုပ်သားတွေက ကြောက်ပြီး ထွက်ပြေး လို့ကတော့ သေနတ်နဲ့ပါ ပစ်သတ်တာတွေ ရှိခဲ့ဖူးတယ်။ အဲလို အမှုတွေ ကို အစိုးရက ဖျောက်ပေးထားတာတွေ အများကြီး ရှိတယ် ဟု အဆိုပါ ကွန်ရက်မှ ပြန်ကြားရေး တာဝန်ခံ ဦးကျော်ဇောလင်း က ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများကိုထိုင်း ဥပဒေ နှင့် အညီ အကျိုး ခံစားခွင့်ရရှိရေး၊ လူမှုဖူ လုံရေး အကျိုးခံစားခွင့်အပြည့်ရရှိရေး၊ မြန်မာ လုပ်သားများကို ဖိနှိပ်ချုပ်ချယ်မှု မပြုလုပ်ရေး အစရှိသည်တို့ကိုပါ သက်ဆိုင်ရာဝန်ကြီးဌာန များထံ တောင်း ဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။ အဆိုပါ ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ ခံစား နေရသောပြဿနာ မျာကို ဖြေရှင်းပေးနိုင်ရန်အတွက် ယခုလ အစောပိုင်း ကစတင်ကာ အလုပ်သမား ၀န်ကြီးဌာမှ ဒုတိယ ၀န်ကြီး ဦးထင်အောင် ဦးစီးသော အဖွဲ့ သည် မြန်မာလုပ်သားများ အများဆုံး သွား ရောက် လုပ်ကိုင်နေသော ထိုင်းနိုင်ငံ နှင့် မလေးရှား နိုင်ငံ တို့တွင် သွားရောက် လေ့လာမှုများ၊ လုပ်သားများနှင့် တွေ့ဆုံမေးမြန်မှုများတို့ကို ဆောင် ရွက်ခဲ့ပြီးနောက်ပိုင်းတွင် ယင်းကဲ့သို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

The Messenger

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...