အသိ၊ သတိ နှင့် လူ့ကျန်းမာရေး (၃)



နေ့ စဉ်စားသောက်နေသော အစားစာများကြောင့် ကင်ဆာဖြစ်ပွားနှုန်းသိသိသာသာ များပြားလာနေပါသည် ။ ထိပ်ဆုံးအဖြစ် မရောက်သင့်သည့် နေရာတွင် ရောက်ရှိနေတယ်လို့ ဆိုချင်ပါတယ် ။ ကင်ဆာဌာနာဆိုလျှင် ဖြစ်ပွားမှု့ မျိုးစုံတွေ့ ကြုံနေရပါပြီ လွန်ခဲ့သောနှစ်များစွာကဆှိုလျှင် ဌင်းဌာနတွင် လူနာမရှိသလောက်နည်းပါ ခဲ့သည့် ဌာနတစ်ခုလည်း ဖြစ်ပါတယ်။ အလွန်ပြောရလျှင် ဝါသနာပါသူများရှိပါက ဘော်လုံးပင်ကန်လို့  ရမယ်လို့ ပြောချင်ပါတယ် သို့ သော ယခု မဟုတ်တော့ပါ များပြားလာသည့် လူနာမျိုးစုံ အသက်အရွယ် မျိုးစုံ ရောဂါမျိုးစုံများပြားလာပါသည် ။ ကင်ဆာလူနာသည် အချိုပါသောအစားအစာများ အရည်များ စားသောက်ပါက ဖြစ်ပွားနှုန်းမြန်ပါသည် ။

တိုးတက်တယ်ဆိုတာ အဆိုးတွက်များလာလို့ မေးချင်ပါတယ် အသီးအနှံတွေ စိုက်ပျိုးထုတ်လုပ်သည့် သူတွေက သဘာဝကို ကျော်လွန်ပြီး စိုက်ပျိုးထုတ်လုပ်နေကြပါပြီး သဘာဝအတိုင်း အရွက်အသီးတွေ မဟုတ်တော့ဘဲ ဓာတုစွမ်းအင်တွေများပြားစွာသုံးစွဲပြီး ဈေးကွက်ကိုရောက်ရှိကြပါတယ် ။ အဲလို ဓာတုအသီးအရွက်သုံးဆေးတွေ အလွန်ပင်သုံးစွဲခြင်းကြောင့် စားသုံးသူတွေမှာ အဆိပ်အဖြစ် ရရှိပြီး ကာလကြာလာသည့် အခါ အသည်း ၊ အူမကြီး အပါအဝင်ကင်ဆာရောဂါ ဖြစ်ပေါ်စေနိုင်သလို ကျောက် ကပ်ကိုလည်း ဆိုးရွားစွာထိခိုက်စေပါသည် ။ အသီးအရွက်စားသုံးသည့်အခါ ချက်ခြင်း ရေဆေး ချက်ပြုတ် စားသုံးခြင်း မပြု့ သင့်ပါ အသီးအရွက်ကို မိမိတို့ သည့် ရေစိမ်ရန်အတွက် သင့်တင့်သည့် အနေအ ထားဖြင့် ရေတွင် စိမ်ထားရပါမယ် ။ ရေစိမ်သည့်အခါတွင် အိမ်သုံးဆားကို မိမိရေစိမ်မည်ခွက် နှင့် အသီးအနှံကို ချိန်ဆပြီး အနည်းငယ်သာထည့်စိမ်ထားရပါမည် ။ အချိန်အားဖြင့် မိနစ် ၂၀ ဝန်းကျင်ခန့် စိမ် ထားပေးရပါမည် ။ရှာလကာရည်ရှိပါကလည်း အနည်းငယ်ထည့်ပြီး ရေတွင် စိမ်ပြီး ရေသန့် ဖြင့် သေချာ စင်ကြယ်အောင်ပြု့ လုပ်ပြီးမှသာ အစိမ်းစားခြင်း သို့ တည်းမဟုတ် ချက်ပြုတ်စားသုံးသင့်ပါသည် ။ ဒါမှသာ အသီးအရွက်တွင် အသုံးပြု့ ထားသည့် ဓာတုဆေးများသည့် ရေတွင် ပျော်ဝင်သွားစေသလို့  အဆိပ်တောက် များလည်း လျော့နည်းသွားစေပါသည် ။

ငါးဆိုလည်း ကင်စား ၊ အသားဆိုလည်း ကင်စား ၊ ဘာမဟုတ်သည့် အာလူးသီးတောင် အကင်အဖြစ် အစုံပါဘဲ ကင်စားထားတာကို စားသောက်လိုက်ကြတာ အဲဒီမှာ မီးကြွင်းနေသည့် မဲနေသည့် ကာဗွန်ကို သတိမထားမိကြဘူးထင်ပါတယ် ။ ကင်သည့် မီးဖိုက အငွေ့ တွေအပါ ကာဗွန်တွေကြောင့် အဆိပ်တောက်ဖြစ်ပါသည် ။ အကင်လည်းဖြစ် ထပ်တိုးအဖြစ် အချဉ်ရည်များဖြင့် တို့ စားနေကြပြန်ပါတယ် ။ တစ်ချို့ အချဉ်ရည်များတွင် ဓာတုဆိုးဆေးအရောင်ကြောင့် ထပ်ဆင့်ပြီးထပ်ဆင့် အဆိပ်တွေအဖြစ် လူခန္ဓာကိုယ်အတွင်းရောက်ရှိခဲ့ကြပါတယ် ။ အဲလို အဆိပ်တွေများလာလေလေ အသည်းလုပ်ဆောင်တွေ များများလုပ်ဆောင်ရပါတော့သည် ကာလာကြာရှည်စွာ အဲလိုမျိုး စားသုံးခဲ့ပါက အသည်းလုပ်ဆောင်ချက် အားနည်းပြီး အဆိပ်များကိုပင် ဖယ်ရှားစစ်ထုတ်မှု့ ကျဆင်းလာပါတော့သည်။ အဲလို အားနည်း လာခြင်းကြောင့် အသည်းသည် အစားများမှပါဝင်ခဲ့သည့် အဆိပ်တွေကြောင့် အသည်းပျက် ဆီးပြီး နောက်ဆုံးဆိုးရွားသော အသည်းကင်ဆာအဖြစ်ရောက်ရှိဖြစ်ပေါ်လာနိုင်ပါသည် ။

နေ့ စဉ်စားသုံးသည့် အစားအစာများမှ လူခန္ဓာကိုယ်တွင်သို့ ရောက်ရှိပျော်ဝင်နေသည့် အဆိပ်များကို ပြန်လည်ချေဖျတ်ဖို့ လိုအပ်လာပါသည် ။ ရေများများသောက်ပေးခြင်း နှင့် ချွေးထွက်စေရန်တို့ ဖြစ်ပါသည် ။ လူတစ်ယောက်တွင် အနည်းဆုံး နာရီဝက်ခန့်  လမ်းမြန်မြန်လျှောက်ပေးခြင်း ဖြင့် ချွေးထွက်နိင်သလို တစ်ခြား အားကစားနည်းဖြင့်လည်း ချွေးထွက်စေရန် ပြု့ လုပ်ကြပါ ။ ဒါမှသာ ခန္ဓာကိုယ့် အတွင်းရောက် ရှိနေသည့် အဆိပ်များကို ချွေးအဖြစ်စွန့် ထုတ်ခြင်းဖြစ်ပါသည် ။ ချွေးထုတ်ခြင်းလည်းမရှိ တစ်နေ့ တာ အတွက် ဝမ်းလည်း ပုံမှန်မသွားခဲ့ဘူးဆိုလျှင် လုံးဝ မကောင်းပါဘူး ။ဝမ်းချုပ်စေခြင်းလည်း မရှိစေရပါဘူး ဝမ်းသွားခြင်းကြောင့် မစင်တွင် အဆိပ်တောက်များစွာပါဝင်ပါသည် ။ ချွေးထွက်ခြင်းသည့် အဆိပ်များ ကို လျော့နည်းစေပါတယ် ။

ကျန်းမာရေး အသိဖြင့် စားသောက်တက်လျှင် ရောဂါဖြစ်ပွားမှု့ နည်းပါစေပါသည် ။ အသီးဘဲစားစား အရွက် ဘဲစားစား ရေဖြင့်တင်ပြခဲ့သလို့ လုပ်ဆောင်ပြီး စားသုံးကြပါ ။ ရေများများ သောက်ပေးပါ လူတစ်ယောက် သည့် အနည်းဆုံး တစ်နေ့ တစ်ကြိမ် ပုံမှန်ဝမ်းသွားစေသည့် အလေ့အကျင့်လုပ်ပါ ။ ချွေးထွက်စေရန် ကိုယ့်လက်လှုပ်ရှားအားကစားတစ်ခုခု လုပ်ဆောင်ပါ ။အခုအခါ အကင်မျိုးစုံ ၊ ဓာတုဆေးအကူ အစားအစာများ နှင့်အရည်မျိုးစုံ ပေါများလာနေပါသည် ။လူသားများအတွက် ဌင်းအစားအစာများကြောင့် ကင်ဆာရောဂါဖြစ်ပွားမှု့  များပြားလာနေပါကြောင်း သိစေချင်ပါသည် ။

Mg Mandalay
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...