Google ၏ အသစ်ထွက်ရှိလာမည့် tablet တွင် 3D ပုံရိပ်များ ဖမ်းယူနိုင်ဖွယ်ရှိ



Google မှ 3D နည်းပညာဖြင့် ဓာတ်ပုံများရိုက်ကူးနိုင်သည့် tablet ကွန်ပျူတာပုံစံငယ်များကို မကြာမီထွက်ရှိ လာဖွယ် ရှိကြောင်းသိရသည်။

Wall Street Journal ၏ဖော်ပြချက်အရ ၎င်းကိစ္စကို ကျွမ်းကျင်သည့်ပုဂ္ဂိုလ်များက ယခုအခါ Google သည် ၇ လက်မအရွယ် tablet ပုံစံငယ် ၄,၀၀၀ ခန့်ထုတ်လုပ်ထားပြီး tablet များ၏ကျောဘက်တွင် အနီအောက်ရောင်ခြည် အသုံးပြုထားသည့် ကင်မရာနှစ်ခုကို အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ tablet ကွန်ပျူတာများသည် Google ကဖုန်းနှင့်အခြား ထုတ်ကုန်များတွင် 3D နည်းပညာအသုံးပြုမည့် Project Tango နှင့်ဆက်စပ်ဖွယ်ရှိကြောင်း သိရသည်။

၎င်း tablet ကွန်ပျူတာများကို နည်းပညာတိုးတက်အောင် ပြုလုပ်လိုသည့် developer များသို့ဖြန့်ချိသွား ဖွယ်ရှိကြောင်း Wall Street Journal ကဖော်ပြခဲ့သည်။ Google ၏ Tango Project အဖွဲ့အကြီးအကဲ John Lee ကလူများသည် 3D ကမ္ဘာတစ်ခုတွင် နေထိုင်ကြသည့် ရုပ်ပိုင်းဆိုင်ရာ အစုအဝေးဖြစ်ကြောင်း၊ ယခုအချိန်တွင် မိုဘိုင်းထုတ်ကုန်များသည် မျက်နှာပြင် အကန့်အသတ်များထဲရှိ ရုပ်ကမ္ဘာဖြစ်ကြောင်း၊ Project Tango ၏ရည်မှန်းချက်သည် ဟင်းလင်းပြင်နှင့်ရွေ့လျားမှုကို မိုဘိုင်းထုတ်ကုန်များ လူကဲ့သို့နား လည်မှုရှိစေရန် ပြုလုပ်ပေးသွားမည်ဖြစ်သည်။

-စိုးထက်
Ref: VentureBeat
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၀)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...