oid နှင့် iOS ဖုန်းများကို လိုင်းခွဲအဖြစ် အသုံးပြုနိုင်မည့် Smart IP PBX System သစ်မိတ်ဆက်
Android နှင့် iOS စနစ်သုံးဖုန်းများအား လိုင်းခွဲအဖြစ် အသုံးပြုနိုင်မည့် Smart IP PBX System အသစ် ကို ပြည်တွင်း၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း Panasonic OA & Telecommunication System ၏ တရားဝင် ကိုယ်စားလှယ်ဖြစ်သော Total Technology Engineering Co., Ltd မှ ယခုလ ၂၀ ရက်က ဆူးလေရှန်ဂရီ လာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် Panasonic PABX System Product Launching ပွဲမှသိရသည်။
အဆိုပါ Smart IP PBX မှာ KX-NS300 မော်ဒယ်အမျိုးအစားဖြစ်ပြီး ယခင် Panasonic မှဖြန်ချိခဲ့သော Product များတွင်မပါဝင်သော နည်းပညာသစ် Function များအားထည့်သွင်း ထားကြောင်းသိရသည်။ ယခင်က တင်သွင်းခဲ့သော Panasonic အမျိုးအစားများတွင် သာမန်ကြိုးဖုန်းများအား လိုင်းခွဲပေးရုံသာ အသုံးပြုနိုင်ခဲ့သော်လည်း ယခုအသစ် တင်သွင်းလာခဲ့သော KX-NS300 မှာ ပုံမှန်တယ်လီဖုန်း စနစ်အဖြစ် သာမက Android နှင့် iOS စနစ်သုံး စမတ်ဖုန်းများကိုပါ လိုင်းခွဲဖုန်းအနေဖြင့် အသုံးပြုနိုင်မည့်အပြင် Digital ဖုန်းနှင့် IP ဖုန်းများကိုပါ လိုင်းခွဲအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
၎င်း Smart IP PBX တွင် Smart Remote Extension နည်းပညာသစ်၊ Auto Attendant & Voice Mail နည်းပညာသစ်၊ Call Center Solution နည်းပညာသစ်နှင့် VoIP Feature များစွာပါဝင်လာပြီး စမတ်ဖုန်း များကို လိုင်းခွဲဖုန်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်ခြင်းကြောင့် မိမိရောက်ရှိနေသည့် ပြည်တွင်း ပြည်ပ မည်သည့် နေရာမှမဆို Smart IP PBX သို့ဆက်သွယ် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။
“အခု NS300 မော်ဒယ်သစ်မှာ အဓိကလုပ်ဆောင်ချက် သုံးခုပါဝင်လာပါတယ်။ ပထမတစ်ခုက Smart Remote Extension ပါ။ ဒီနည်းပညာက PBX မှာ သုံးနေတဲ့ လိုင်းခွဲဖုန်းကို အခြားတစ်နေရာကို ယူသွားပြီး အင်တာနက်ချိတ်ဆက်လိုက်ရုံနဲ့ PBX ရဲ့ နက်ဝက်ခ်ကို ကိုယ်ရောက်ရှိရာ နေရာကနေ အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ ဒီလိုချိတ်ဆက်နိုင်ပြီဆိုတာနဲ့ ဖုန်းလိုင်းတွေဘာတွေ မလိုတော့ဘဲ အင်တာနက် ကနေတစ်ဆင့် PBX ရဲ့ အခြားလိုင်းခွဲတွေကို ဆက်သွယ်ပြီးပြောနိုင်ပါတယ်။
အဲဒီလိုပဲ OS စနစ်သုံး စမတ်ဖုန်းတွေကို extension ဖုန်းအနေနဲ့ NS300 App ကိုသုံးပြီး အသုံးပြုနိုင် မှာဖြစ်ပါတယ်။ ဒုတိယတစ်ခုဖြစ်တဲ့ Auto Attendant & Voice mail ကတော့ အဝင်ဖုန်းတွေကို အလို အလျောက် ဖြေကြားပေးမှာဖြစ်တဲ့အပြင် Extension ခွဲထားတဲ့လိုင်းတွေကို ကိုယ်ဖြေကြားချင်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး Oyrm Sale နဲ့ပတ်သက်သည်ကို သိလိုပါက Extension 2 ကိုနှိပ်ပါ။ Technical အကြောင်းကို ပြောကြားပေးစေလိုပါက Extension 3 ကိုနှိပ်ရာတွင် မြန်မာဘာသာအပြင် အခြားဘာသာ စကားတွေနဲ့ပါ set လုပ်ထားနိုင်မှာဖြစ်ပါတယ်။ ဖုန်းလိုင်းအားလုံး မအားလပ်ဘူးဆိုရင်တော့ Voice Mail အနေနဲ့ ချန်ထားခဲ့နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Voice Mail ကိုကိုယ့်ရဲ့ အီးမေးလ်နဲ့ချိတ်ဆက် ထားမယ်ဆို ရင်တော့ လက်ခံရရှိသမျှ Voice မေးလ်တွေကို အီးမေးလ်ဆီကို ပို့ပေးမှာဖြစ်ပါတယ်။ Call Centre Solution ဆိုတာကတော့ Smart IP PBX ကနေခွဲထုတ်ထားတဲ့ Extension လိုင်းတွေမအားတဲ့အခါမျိုးမှာ လိုင်းအားဖို့ဘယ်လောက် စောင့်ဆိုင်းရမယ်ဆိုတဲ့ အချိန်အတိအကျကို စက်ကနေပြောကြားပေးမှာဖြစ် ပါတယ်။ တစ်နေ့ကို ဖုန်းအဝင်ခေါ်ဆိုမှု၊ ဖုန်းလိုင်းမအားလို့ စောင့်ဆိုင်းမှုတွေကို ကွန်ပျူတာကနေတစ်ဆင့် ကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်” ဟု Panasonic Asia Pacific Co.,Ltd မှ Mr Raymond ကပြောကြား ခဲ့သည်။
KX-NS300 ကို ဆက်သွယ်ရေး ဖုန်းလိုင်းခြောက်လိုင်း Digital လိုင်းခွဲ ၂ လိုင်း Analogue လိုင်းခွဲ ၁၆ လိုင်းခွဲ၍ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင်လိုင်းခွဲကတ်တစ်ခုကို အသုံးပြု၍ လိုင်း ၃၂ လိုင်းထိ ချဲ့ထွင်း သုံးနိုင်မည် ဖြစ်သည့်အပြင် Expension Units များဖြင့်တွဲဖက်၍ Smart IP PBX 4 လုံးကိုတစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။
ရဲထွဋ်ဝင်း၊ ဝေဝေ
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၀)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)