Tesla Model S အီလက်ထရစ်ကားများကို ဗြိတိန်တွင် ရောင်းချတော့မည်
Tesla က တစ်ခါအားသွင်းထားလျှင် မိုင် သုံးရာ မောင်းနှင်နိုင်တဲ့ Model S ကားများကို ဗြိတိန် တွင် ရောင်းချတော့မယ်လို့ သိရပါတယ်။ Model S ဟာ အားကုန်သွားပြီးရင် နောက်ထပ် မိုင် ၁၃၀ ကို မောင်းနှင်ဖို့အတွက် မိနစ် ၂၀ သာ အားသွင်းရတယ်လို့ CEO Elon Musk က ပြောပါတယ်။ ဗြိတိန် နိုင်ငံ အ၀န်းမှာ မောင်းနှင်ဖို့ လမ်းမှာ မိနစ် ၂၀ သာ အချိန်ပေးဖို့လိုပါတယ်။
လျှပ်စစ်ကားများကို အားသွင်းပေးဖို့ အားသွင်းစက်များကို လမ်းတစ်လျှောက်မှာ တပ်ဆင်ပေးထားပါတယ်။ Model S ပိုင်ရှင်များက အခမဲ့ အားသွင်းနိုင်ပြီး အရင် မော်ဒယ် ပိုင်ရှင်များ က တစ်ကြိမ် အခပေးထားရင် အားသွင်းစက်များကို ကြိုက်သလောက် အသုံးပြုနိုင်ပါတယ်။
ညာမောင်း Model S ကို စတာလင်ပေါင် ခုနစ်သောင်းနဲ့ နောက်လထဲမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
ဗြိတိန် မှာ ဇန်န၀ါရီလ နဲ့ ဧပြီလ အတွင်းမှာ အီလက်ထရစ်ကား အစီးရေ ၁၅၄၇ စီး ကို မှတ်ပုံတင် ထားပါတယ်။ Model S ရဲ့ ခရီးဝေးသွားလာနိုင်မှုကြောင့် ဗြိတိန်မှာ လျှပ်စစ်ကား စီးသူ ပိုမိုများပြားလာ မှာ ဖြစ်ပါတယ်။
ဗြိတိန် မှာ လက်ရှိ အသုံးပြုနေတဲ့ လျှပ်စစ်ကားများ ဟာ တစ်ခါအားသွင်းထားရင် မိုင်တစ်ရာ သာ မောင်းနှင်နိုင်ပါတယ်။ အဲဒီအတွက် ဗြိတိန် အ၀န်း သွားလာချင်ရင် မကြာခဏ ရပ်နားပြီး အားဖြည့်ရတာ ဖြစ်ပါတယ်။
သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)