အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း တန်သန်း ၄၀ ကျော် ၂၀၁၄ အတွင်း ကမ္ဘာတစ်ဝန်း စံချိန်တင် ထွက်ရှိခဲ့

နယူးယောက်၊ ဧပြီ-၁၉

၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံး ထွက်ရှိခဲ့သည့် လျှပ်စစ်နှင့် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း ပမာဏ စံချိန်တင် မြင့်တက်လာခဲ့ ကြောင်း ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်၌ဖော် ပြထားခဲ့ သည်။

၂၀၁၄ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာအရ ထွက်ရှိခဲ့သော အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း ပမာဏ မှာ စုစုပေါင်းတန်ချိန် ၄၁ ဒသမ ၈ သန်းအထိရှိခဲ့ပြီး အများစုမှာ သက်တမ်းကုန် ရေခဲသေတ္တာ၊ အ၀တ်လျှော် စက်နှင့် အခြားအိမ်သုံး လျှပ်စစ်ပစ္စည်း များဖြစ်ကြသည်။ အစီရင်ခံစာ၏ အဆိုအရ ၂၀၁၄ခုနှစ် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း ပမာဏမှာ ကုန်တင်ယာဉ်ကြီးပေါင်း ၁ ဒသမ ၁၅သန်းကို တန်းစီရပ် နားထားသည့် အရှည်၁၄၃၀၀ မိုင်နှင့်ညီမျှမှု ရှိကြောင်း သိရသည်။

သို့ရာတွင် ၂၀၁၄ အတွင်းထွက်ရှိခဲ့သော အီလက်ထရွန်နစ်စွန့်ပစ်ပ စ္စည်းပမာဏ၏ခြောက်ပုံတစ်ပုံမှာ ပြန်လည် အသုံးချနိုင်သော စွန့်ပစ် ပစ္စည်များဖြစ်ကြောင်း ကုလသမဂ္ဂ တက္ကသိုလ်နှင့် ကုလပညာရေးနှင့် သုတေသန ဌာနခွဲတို့ ကပြုစုခဲ့သော အထက်ပါ အစီရင်ခံစာတွင်ဖော်ပြသည်။

၂၀၁၄ အတွင်း လူတစ်ဦးချင်း အနေဖြင့် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း အများဆုံး ထွက်ရှိသည့်နိုင်ငံမှာ နော်ဝေနိုင်ငံဖြစ်ပြီး ပြည်သူတစ်ဦးလျှင် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းပျမ်းမျှ ၆၂ ဒသမ ၅ ပေါင်အထိ စွန့်ပစ်
ခဲ့ကြောင်း သိရသည်။

ထို့အပြင် အီလက်ထရွန်နစ် စွန့်ပစ် ပစ္စည်းအများဆုံး ထွက်ရှိသည့်နိုင်ငံများမှာ တရုတ်နှင့် အမေရိ ကန်ပြည်ထောင်စု တို့ဖြစ်ပြီး အနည်းဆုံးစွန့်ပစ်သည့် နိုင်ငံများမှာ အာဖရိကနိုင်ငံများဖြစ်ကြောင်း အထက်ပါအစီ
ရင်ခံစာ၌ ဖော်ပြပါရှိသည်။
The Standard Time Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...