ကြံကြံဖန်ဖန် ကစားနည်း......

အင်္ဂလန်နိုင်ငံက ကျောက်မီးသွေးတွင်းတူးတဲ့ အလုပ်သမားတွေအကြား ရေပန်းစားတဲ့ "Ferret Legging" လို့ခေါ်တဲ့ ထူးဆန်း ကစားနည်းတစ်မျိုးပါ...



ကစားနည်းကတော့.....မြွေပါကတိုး(Ferret)ကောင် နှစ်ကောင်ကို ဘောင်ဘီရှည်ထဲထည့်ပြီး အထဲမှာ အကြာရှည်ဆုံး ထားနိုင်တဲ့သူက အနိုင်ရမှာဖြစ်ပါတယ်.... အကောင်တွေ ဘောင်ဘီရှည်ထဲက ပြန်မထွက်နိုင်အောင် ခါးပိုင်းနဲ့ ခြေမျက်စိပိုင်းတွေကို ကြိုးနဲ့ခပ်တင်းတင်း ပိတ်ချည်ထားရပါတယ်...ခြေထောက်တဖက်ကနေ တဖက်ကို လွယ်လွယ်ကူကူနဲ့နဲ့ ကူသွားကူးလာ လုပ်နိုင်အောင် ဘောင်းဘီရှည်ခပ်ပွပွတွေကိုသာ ၀တ်ဆင်ရပါတယ်... အဆိုးဆုံးကတော့ ပါဝင်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ အတွင်းခံဘောင်းဘီ လုံးဝ မ၀တ်ရပါဘူး...("မြွေပါ" က "ငယ်ပါ" ကို ကိုက်ဖြတ်လိုက်ရင်တော့ မတွေးဝံ့စရာပဲ....)



မြွေပါကတိုးကောင်တွေရဲ့ သွားတွေကလည်း အတော်လေးကို ထက်ပါတယ်... အလွန်အန္တရယ်များတဲ့ ကစားနည်းတခုပါ.... ဘောင်ဘီထဲမှာ အကောင်တွေ ကုတ်ခြစ်ကိုက်ခဲလို့ မကြာခဏဆိုသလို သွေးထွက်သံယိုမှုတွေလည်း ဖြစ်တယ်လို့ဆိုပါတယ်....

ဘောင်းဘီထဲမှာ ၅ နာရီ မိနစ် ၃၀ ကြာအောင် ထားနိုင်ရင်တော့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်း ၀င်တယ်လို့ ဆိုပါတယ်ခင်ဗျား........။


Ref: Moolf.com/Wikipedia/By Ko Myo

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...