Mike ရဲ့ မှန်ကန်သော ဆုံးဖြတ်ချက်...



အသက် ၃၁ နှစ်အရွယ်ရှိ Mike Waudby ဟာ အရင်ကဆိုရင် ကိုယ်အလေးချိန်ပေါင် ၄၆၂ ပေါင် (၂၁၀ ကီလို)ရှိပါတယ်.. အဲဒီအချိန်က သူအလုပ်လုပ်နေတဲ့ ဆိုင်ရဲ့ ဆိုင်ရှင်အမျိုးသမီးက သူ့ခန္ဒာကိုယ်ကို မြင်ရင် အော်ဂလီဆန်တာကြောင့် Mike ကို အလုပ်ကနေ ထွက်ခိုင်းတယ်လို့ ဆိုပါတယ်...




ဒါနဲ့ Mike လည်း စိတ်ပျက်လက်ပျက်နဲ့ အရက်တွေ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး နောက်ဆုံးဘ၀ပျက်တဲ့ အထိ လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်... ဖြစ်ချင်တော့ သူဆုံးဖြတ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး... အဲဒီအစား Mike ဟာ သူ့ဘ၀အတွက် ကြီးမားတဲ့ အပြောင်းအလဲတခုကို ပြုလုပ်ခဲ့လို့ပါပဲ... 


Mike ဟာ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို ဆက်မသုံးတော့ပဲ နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့တယ်... သူ့ရဲ့ မလျှော့သော ဇွဲလုံ့လကြောင့် ၁၈ လအတွင်းမှာ ကိုယ်အလေးချိန်ပေါင် ၂၅၂ ပေါင် (၁၁၄.၄ ကီလို) သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်... အခုဆိုရင် သူဟာ Personal Trainer တဦးဖြစ်လာပြီး... လူအများက သူ့ကို "Mike" လို့ မခေါ်တော့ပဲ "Mr. Muscles" လို့ ခေါ်နေကြပါပြီ... ယနေ့ သူ့ပုံတွေကို အောက်မှာ လေ့လာကြည့်ပါ... 












Ref: blesk.cz/izismile/ By Ko Myo
http://lwanmapyay.blogspot.com

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...