အရှုးတွေ ဆင်နွှဲတဲ့ ဒုတိယကွန်ဂိုစစ်...???
ဒုတိယကွန်ဂိုစစ်ပွဲဟာ ၁၉၉၈ ခုနှစ် သြဂုတ်လမှာ စတင်ခဲ့ပြီး... ၂၀၀၃ ဇူလိုင်လမှာ တရားဝင်ပြီးဆုံးခဲ့ပါ တယ် (တစ်ချို့က ၂၀၀၂ မှာ တရားဝင်ပြီးဆုံးတယ်လို့ ဆိုပါတယ်)... ဒါပေမဲ့ မငြိမ်မသက်မှုတွေတော့ ဆက်ရှိနေခဲ့ပါတယ်...
တရားဝင် စစ်ပွဲပြီးဆုံးခဲ့ပြီးတဲ့ နောက်ပိုင်းမှာတောင် တရက်ကို လူပေါင်း (၁၀၀၀)ခန့် သေဆုံးနေပြီး... လစဉ် သေဆုံးသူ ဦးရေပေါင်း (၄၅,၀၀၀)ခန့် ရှိတယ်လို့ ဆိုပါတယ်... အများစုဟာ ကူးစက်ရောဂါတွေနဲ့ အာဟာရချို့တဲ့မှုတွေကြောင့် သေဆုံးကြတာ ဖြစ်ပါတယ်... သေဆုံးသူ ထက်ဝက်ခန့်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်...
စစ်ပွဲကာလအတွင်းနဲ့ စစ်ဖြစ်ပြီးနောက်ပိုင်း၂၀၀၈ ခုနှစ်ကာလအထိ သေဆုံးသူအရေအတွက်ဟာ စုစုပေါင်း ၅.၄ သန်း ရှိတယ်လို့ ဆိုပါတယ်... သေဆုံးသူအများစုဟာ ကူစက်ရောဂါတွေနဲ့ အစားအစာ ငတ်မွတ်ခေါင်းပါးမှုတွေကြောင့် ဖြစ်ပါတယ်...
စစ်ပွဲကာလအတွင်း ပြည်သူလူထု သန်းပေါင်းများစွာဟာလည်း နေအိမ်တွေကို စွန့်ခွာခဲ့ကြပြီး... အိမ်နီးနားချင်းနိုင်ငံတွေမှာ ခိုလှုံခွင့်တောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်...
စစ်ပွဲကြောင့် ထောင်သောင်းချီတဲ့ အမျိုးသမီးတွေလည်း အဓမ္မပြုကျင့်တာ ခံခဲ့ရပါတယ်... အများစုဟာ အုပ်စုလိုက် အဓမ္မပြုကျင့်တာကို ခံရတာဖြစ်တယ်လို့ ဆိုပါတယ်...
ဒီစစ်ပွဲမှာ အာဖရိကတိုက်က နိုင်ငံပေါင်း (၈)နိုင်ငံနဲ့ လက်နက်ကိုင်အဖွဲ (၂၅)ဖွဲ့ ပါဝင်ပတ်သက်ခဲ့ပြီး... အာဖရိကန်သမိုင်းမှာ အသေအပျောက်အများဆုံး စစ်ပွဲတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်... ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားပြီးနောက်ပိုင်း သေဆုံးသူအများဆုံး စစ်ပွဲလို့လည်း ဆိုပါတယ်...
Ref: wikipedia/guardian/Samir 4one/ By Ko Myo