ရှေးခေတ်ရောမတွေ အသုံးပြုခဲ့တဲ့ ထူးဆန်းငွေတုံကင်ပြား(Token)များ (18+)....


A.D တစ်ရာစုနှစ် အတွင်း ရှေးခေတ်ရောမ လက်ထက်က တရားဝင် ငွေကြေးနေရာမှာ ယာယီအစားထိုး အသုံးပြုဖို့အတွက် ပြုလုပ်ထားတဲ့ တုံကင်ပြား (Token)ပြားတွေ ဖြစ်ပါတယ်... ဒီတုံကင်ပြားတွေကို လမ်းမတွေပေါ်က ပြည့်တန်ဆာတွေနဲ့ ရုံတွေမှာရှိတဲ့ ပြည့်တန်ဆာတွေအတွက် ၀န်ဆောင်မှုအဖြစ် အသုံးပြုတယ်လို့ ဆိုပါတယ်... တုံကင်ပြားရဲ့ မျက်နှာပြင်တဖက်မှာ ဖောက်သည်တွေအလိုရှိတဲ့
ဝန်ဆောင်မှု ပုံစံတွေပါရှိပြီး... အခြားမျက်နှာပြင်တဖက်မှာတော့ ၀န်ဆောင်ခ ဈေးနှုန်းတွေကို ရေးသား ထားပါတယ်... ပြည့်တန်ဆာအများစုဟာ အခြားနေရာဒေသတွေကနေ ကျေးကျွန်တွေအဖြစ် ဖမ်းဆီး ခေါ်ဆောင်ထားတာဖြစ်ပြီး... ဘာသာစကားအရလည်း အခက်အခဲရှိတာကြောင့် အခုလို သဘောပေါက်လွယ်ကူတဲ့ တုံကင်ပြားတွေကို အသုံးပြုကြတာလို့ ဆိုပါတယ်... (မှတ်ချက်...ပုံတွေက အသက် ၁၈ နှစ်အောက် လူငယ်များအတွက် မသင့်တော်ပါ...)


အခုလို ထူးဆန်းတဲ့ တုံကင်ပြားတွေနဲ့ပတ်သက်ပြီး ပညာရှင်တွေအတွင်း သီအိုရီအရ အငြင်းပွားစရာတွေလည်း ရှိနေပါတယ်... သမိုင်းပညာရှင်တချို့က အဆိုပါ တုံကင်ပြားတွေကို ပြည့်တန်ဆာလုပ်ငန်းတွေအတွက် အသုံးပြုတာဖြစ်နိုင်တယ်လို့ ယုံကြည်ထားပြီး... တချို့ကတော့ လောင်းကစားဝိုင်းတွေမှာ အသုံးပြုတဲ့ တုံကင်ပြားတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် သီအိုရီအရ တုံကင်အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး တိကျတဲ့ သက်သေ အထောက်အထားတွေတော့ မရှိသေးပါဘူး... သေချာတဲ့အချက်ကတော့ ဒီတုံကင်ပြားတွေကို တရားဝင်ငွေကြေးနေရာမှာ ယာယီအစားထိုးအသုံးပြုဖို့နဲ့ လဲလှယ်အသုံးပြုနိုင်ဖို့ ရေတိုကာလအတွက် ပြုလုပ်ထားတယ်ဆိုတဲ့ အချက်ပါပဲ....










 
Ref: Wikipedia/neoncobra/internet/ By Ko Myo

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...