အံ့ဖွယ် အာဖရိကန် မျိုးနွယ်စုများ....
မာစီ(Mursi) လို့ခေါ်တဲ့ အာဖရိကန် မျိုးနွယ်စုတွေဟာ အီသီယိုးပီးယား (Ethiopia)နိုင်ငံ အနောက်တောင်ပိုင်းရှိ Southern Nations, nationalities, and People's Region (SNNPR) မှာ အခြေချ နေထိုင်ကြပါတယ်... လူဦးရေအားဖြင့် ၂၀၀၇ စစ်တမ်းတွေအရ ၇၅၀၀ ခန့်ရှိပြီး... ၎င်းတို့ထဲမှ ၁၂ ရာခိုင်နှုန်းလောက်ဟာ မြို့ပြဒေသတွေမှာ နေထိုင်ကြတယ်လို့ ဆိုပါတယ်... မာစီမျိုးနွယ်စု
အမျိုးသမီးတွေဟာ သူတို့ရဲ့ ဓလေ့ထုံးတမ်းအရ အောက်နှုတ်ခမ်းတွေမှာ ရွှံ့(Clay)နဲ့ လုပ်ထားတဲ့
အ၀ိုင်းပြားကြီးတွေ တပ်ဆင်ကြပါတယ်... အဲဒါကြောင့်လည်း အတော်လေး လူသိများပါတယ်...
ခန္ဒာကိုယ်နဲ့ မျက်နှာတွေပေါ်မှာ အလှဆင်တဲ့ပုံစံက အတော်လေးထူးခြားပါတယ်... မျိုးနွယ်စု အမျိုးသမီးငယ်တွေဟာ အသက် ၁၅-၁၆ နှစ်လောက်မှာ သူတို့ရဲ့ အောက်နှုတ်ခမ်းတွေကို ဖောက်ပြီး
အ၀ိုင်းပြားကြီးတွေ စတင်တပ်ဆင်ကြပါတယ်...
လတွေနှစ်တွေ ကြာလာလေ တပ်ဆင်တဲ့ အ၀ိုင်ပြားအရွယ်အစားကလည်း ပိုပြီးကြီးမားလာတယ်လို့ ဆိုပါတယ်...
အ၀ိုင်းပြားတွေနဲ့ သူတို့ရဲ့သွားတွေ ပွတ်တိုက်မှု မရှိအောင် အရှေ့ဘက်က သွားတွေကို ဖယ်ရှား ထားပါတယ်...
မာစီမျိုးနွယ်စု အမျိုးသမီးတွေအနေနဲ့ အ၀ိုင်းပြားတွေ တပ်ဆင်ခြင်း... မတပ်ဆင်ခြင်းနဲ့ ပတ်သက်ပြီး ရွေးချယ်ပိုင်ခွင့် ရှိပါတယ်... ဒါပေမဲ့ အ၀ိုင်းပြားတပ်ဆင်တဲ့ အမျိုးသမီးတွေကတော့ လူမှုအသိုင်းအ၀ိုင်းမှာ အခွင့်အရေး ပိုပြီးရတယ်လို့ ဆိုပါတယ်...
Ref: wikipedia/lumq/ By Ko Myo