ချန်ပီယံပေါက်စလေးများ....



အားကစားချန်ပီယံတစ်ယောက်ဖြစ်လာဖို့ မဆိုထားနဲ့ သာမာန်အားကစားသမားကောင်း တစ်ယောက် ဖြစ်လာဖို့တောင် သိပ်မလွယ်တဲ့ကိစ္စတစ်ခုပါ... ဇွဲကောင်းကောင်းနဲ့ အတော်လေးကို ခက်ခက်ခဲခဲ လေ့ကျင့်ယူရပါတယ်...


ပုံတွေကတော့ ကမ္ဘာ့အိုလံပစ်ပွဲတွေမှာ အမြဲတမ်းလိုလို ဆုတံဆိပ်တွေနဲ့ ရှေ့တန်းပြေးနေတဲ့ တရုတ်နိုင်ငံက အားကစားသင်တန်းကျောင်းတွေမှာ ဖြစ်ပါတယ်... ဆုတံဆိပ်တွေ အများကြီး ဆွတ်ခူးနိုင်တာလည်း မပြောနဲ့ လေ့ကျင့်ပျိုးထောင်ပေးတဲ့ ပုံစံတွေကလည်း လက်ဖျား ခါလောက်ပါတယ်... ကလေးတွေအရွယ်နဲ့ မလိုက်အောင် အတော်လည်း ကြမ်းတမ်းပါတယ်... ဒီသင်တန်းကျောင်းတွေမှာ နှစ်စဉ်နှစ်တိုင်း ကလေးငယ် အယောက် (၃၀)ကျော် တက်ရောက်သင်ယူကြပြီး... ကလေးငယ်အများစုကတော့ သိပ်ကြာကြာမခံနိုင်ပဲ နုတ်ထွက်ကုန်ကြတယ်လို့ ဆိုပါတယ်...



ကိုယ်လက်လှုပ်ရှားမှု ပုံစံအနေအထားတခု အသားကျဖို့ အကြိမ်းပေါင်း ရာနဲ့ချီ ထပ်ခါတလဲလဲ လေ့ကျင့်ရပြီး... ပုံစံအနေအထားတစုံလုံး ကျွမ်းကျင်တတ်မြောက်ဖို့ဆိုရင် နှစ်ပေါင်း ၄-၅ နှစ် ကြာမြင့်တယ်လို့ ဆိုပါတယ်...



သင်တန်းနည်းပြဆရာတွေကလည်း အတော်လေးကို စိတ်ရှည်လက်ရှည်နဲ့ သင်ပေးကြပါတယ်... ပုံစံအနေအထားတခု လေ့ကျင့်ပြီဆိုရင် ကလေးငယ်တစ်ဦးချင်းစီကို လိုက်လံပြင်ဆင်ပေးပြီး... နည်းပြစိတ်တိုင်းကျလောက်တဲ့ အနေအထားရပြီဆိုရင်တော့ အဲဒီကလေးငယ်ဟာ ခနတဖြုတ် အနားယူလို့ရပါတယ်.... အနေအထားမမှန်တဲ့ ကလေးအတွက်ကတော့ မျက်ရည်တွေ..နှပ်တွေနဲ့ ပုံစံအနေအထားအတိုင်း ဆက်ပြီးနေရအုံးမှာ ဖြစ်ပါတယ်...




သင်တန်းကာလအတွင်း ကလေးဆိုတဲ့အတိုင်း အငိုကလည်း ကူးဆက်တတ်ပါသေးတယ်... နာကျင်လို့ပဲဖြစ်ဖြစ်... မခံသိမခံသာ ညောင်ညာနေလို့ပဲဖြစ်ဖြစ် ကလေးတစ်ယောက်က စပြီးငိုလိုက်တယ်ဆိုတာနဲ့ အခြားကလေးတအုပ်လုံးကလည်း လိုက်ပြီးငိုတော့တာပါပဲ... အဲဒီအချိန်မှာတော့ နည်းပြဆရာက တုတ်မယူလာပဲ မုန့်ကလေးတွေ ပေးပြီး ချော့ပြန်ရတယ်လို့ ဆိုပါတယ်....



ကလေးတွေအတွက် ထိခိုက်နာကျင်ဆုံနဲ့ ငိုသံအကျယ်ဆုံးသင်ခန်းစာကတော့ ခြေဖျားထောက် ခြေချောင်းကလေးတွေ ခေါက်ပြီး လမ်းလျှောက်ရတဲ့ ပုံစံအနေအထားပါ... သင်ခန်းစာ အစိတ်အပိုင်း တခုအနေနဲ့ နေ့စဉ် လုပ်ရပါတယ်... ဘယ်လောက်အထိ နာကျင်မလဲဆိုတာ စိတ်ကူးယဉ်လို့ ရပါတယ်...

ခြေချောင်းတွေနာကျင်လို့ ငိုနေတဲ့ ကလေးငယ်တစ်ဦး...






























ကိုးကား...ChinaSmack/doseng.org/ by Ko Myo

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...