Honey-Pot-Ants (ခေါ်) ထူးဆန်းပုရွှက်ဆိတ်များ...

HONEY POT AUNTSAMEZING

နကျယ်ကောင်... ပျားကောင်.. စတဲ့ အကောင်းတွေဟာ နောင်တချိန်မှာ စားသုံးဖို့အတွက် အစားအစာတွေကို ရှာဖွေပြီး သူတို့နေထိုင်တဲ့ အသိုက်တွေ... အိမ်တွေမှာသာ စုဆောင်းတတ်ကြပါတယ်... ဒါပေမဲ့ ဒီထူးဆန်းတဲ့ ပုရွှက်ဆိတ်တွေရဲ့ အစာစုဆောင်းပုံ စုဆောင်းနည်းတွေကတော့ အဲဒီလိုမဟုတ်ပါဘူး... သူတို့ရဲ့ ခန္တာကိုယ်တွေထဲမှာ
စုဆောင်းတာဖြစ်ပါတယ်... အချိန်ရာသီလည်းကောင်း... အစာရေစာလည်းပေါများတဲ့ အချိန်တွေမှာ သူတို့ရဲ့ဝမ်းဗိုက်တွေ ဖောင်းကားအောင် အစာတွေကို စုပ်ယူစုဆောင်းတတ်ကြပါတယ်... အဲဒီအချိန်မှာ သူတို့ရဲ့ ၀မ်းဗိုက်တွေဟာ စပျစ်သီးပမာဏခန့် ရှိတယ်လို့ ဆိုပါတယ်... အချိန်ရာသီတွေလည်း ပြောင်း... အစားအစာတွေလဲ ရှားပါးလာတဲ့အခါကျရင် ၀မ်းဗိုက်တွေထဲမှာ စုဆောင်းထားတဲ့ ရိက္ခာတွေကို အခြားသော ပုရွှက်ဆိတ်တွေနဲ့အတူ ဝေမျှစားသောက်ကြတယ်လို့ ဆိုပါတယ်...

HONEY POT AUNTSAMEZING

ဒီပုရွှက်ဆိတ်တွေဟာ လူသားတွေအပါအ၀င် အခြားသောကန္တာရတိရိစ္ဆာန်တွေအတွက်ပါ အစားအစာထောက်ပံ့ပေးတဲ့ နေရာတခုဖြစ်ပါတယ်.. တချို့ဒေသက လူတွေဆိုရင် ဒီပုရွှတ်ဆိတ်တွေကို သကြားလုံးအဖြစ် စားသောက်ကြတယ်လို့ ဆိုပါတယ်... ပညာရှင်တချို့ကတော့ စားကြွင်းစာကျန်တွေ... အသားတို.. အသားစ... ပိုးကောင်အသေတွေကနေ အဆီအနှစ်တွေ... အရည်တွေကို ဆုပ်ယူထားတဲ့အတွက်ကြောင့် သန့်ရှင်းမှုမရှိဘူးလို့ ဆိုပါတယ်.... ဒီထူးဆန်းသတ္တ၀ါတွေဟာ ကမ္ဘာတ၀ှမ်းရှိ ခြောက်သွေ့တဲ့ဒေသတွေမှာ နေထိုင်ပြီး... အထူးသဖြင့် သြစတေးလျနိုင်ငံရှိ သဲကန္တာရတွေမှာ အနေများပါတယ်...



HONEY POT AUNTSAMEZING

HONEY POT AUNTSAMEZING

honeypots-hanging

HONEY POT AUNTSAMEZING

honeypots1
ကိုးကား...Wikipedia/wildaboutants.com/Samir 4one/ by Ko Myo
http://lwanmapyay.blogspot.com

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...