10 Worst Password Ideas



အိမ်မွေး တိရစ္ဆာန် တွေဟာ အိမ်စောင့်တဲ့ အလုပ်တွေကို လုပ်ပြနိုင် ပေမယ့် သင့်ရဲ့ online account တွေကို ကာကွယ် ထိန်း သိမ်း ပေး တဲ့နေရာ မှာတော့ အဆိုးဝါးဆုံး password ရွေးချယ်မှု တွေအဖြစ် သတ်မှတ်ခံ ထားရပါတယ်။

အဆိုးဝါးဆုံး password idea (၁၀) ခုကို Google ကဖော်ထုတ် ပြသလိုက် ပါတယ်။ သင့်ရဲ့ အိမ်မွေး တိရစ္ဆာန် တွေဟာ ခြံလုံအောင် အိမ်စောင့်တဲ့ အလုပ်တွေကို လုပ်ပြနိုင် ပေမယ့် သင့်ရဲ့ online account တွေကို ကာကွယ် ထိန်းသိမ်းပေး တဲ့နေရာ မှာတော့ သူတို့က အဆိုးဝါးဆုံး password ရွေးချယ်မှု တွေအဖြစ် သတ်မှတ်ခံ ထားရပါတယ်။



မကြာခင် ကပဲ လူ ၂,၀၀၀ကိုသူတို့ရဲ့ account password တွေရွေးချယ် ထားရှိပုံနဲ့ ပတ်သက်ပြီး Google apps ကဦးစီး လေ့လာခဲ့ ပါတယ်။ ဒီသုတေသနက စိတ်ပူစရာ အချက် တစ်ချက်ကို လှစ်ပြ လိုက် သလိုပါပဲ။ လူအများ စုက သူတို့ရဲ့ password တွေကို လွယ်လွယ် စဉ်းစားလို့ ရနိုင်တဲ့ အချက် အလက် တွေပေါ်မှာ အခြေခံ ထားတတ် ကြပါ တယ်တဲ့။ ဆိုလိုတာက အကောင့် မြောက်များ စွာဟာ အလွယ်လေး စဉ်းစား ခန့်မှန်း လိုက်ရုံနဲ့ ခိုးယူခံ ရနိုင်ပါတယ်။

ဒီတော့ကာ လူသုံး အများဆုံး password တွေက ဘာတွေ ပါလိမ့်။ ထိပ်ဆုံး ၁၀ခုကို အောက်မှာ ဖော်ပြထား ပါတယ်။
၁။ အိမ်မွေး တိရစ္ဆာန် အမည်များ
၂။ အရေး ပါသော နေ့စွဲ။ ဥပမာ- မင်္ဂလာ နှစ်ပတ်လည်နေ့
၃။ မိသားစုဝင် တစ်ယောက် ယောက်ရဲ့ မွေးနေ့
၎။ သင့်ကလေးရဲ့ နာမည်
၅။ တခြား မိသားစုဝင် တစ်ယောက်ယောက်ရဲ့ နာမည်
၆။ သင့်မွေးရပ်မြေ
၇။ အကြိုက်ဆုံး အားလပ်ရက်
၈။ သင်အကြိုက်ဆုံး အားကစား အသင်းနှင့် ပတ်သက်ရာ တစ်ခုခု
၉။ တခြား အရေးပါသော အရာတစ်ခု၏ အမည်
၁၀။ "password" ဟူသော စကားလုံး ကိုယ်တိုင်



ပုံမှန် ကတော့ သင်ဟာ အထက်ပါ ၁၀ခုထဲက တစ်ခုခုကို password အဖြစ် သုံးထား လိုက်မိပြီ ဆိုရင် ဒီ့ထက်ပို လုံခြုံတဲ့အရာ တစ်ခုခုကို ပြောင်း သုံးဖို့ အချိန်ပေး စဉ်းစားသင့် နေပါပြီ။ တကယ် တော့ မွေးနေ့တွေ၊ နှစ်ပတ်လည် နေ့တွေ၊ နာမည် တွေစတဲ့ အချက် အလက် တွေဟာ Facebook သုံးပြီး လွယ်လွယ် ကူကူ ရှာဖွေ စုံစမ်းလို့ ရနိုင် ပါတယ်။ သင့်အမေရဲ့ နာမည်က ဘာလဲ ဆိုတဲ့ ဟာလို မျိုး account လုံခြုံရေး မေးခွန်ျးတွကို လိမ်ညာ ဖြေဆိုဖို့ အကြံပေး ထားတာဟာ ဒီအချက် ကြောင့် ဖြစ်ပါတယ်။



ဒီလေ့လာမှုက password ထားရှိတာနဲ့ ပတ်သက်လို့ မကောင်းတဲ့ အကျင့် အချို့ ကိုလည်း ဖော်ထုတ် ပြခဲ့ ပါတယ်။ အခြေခံ လုံခြုံရေး အရ ခွင့်မပြု ထားတဲ့ password ဖလှယ် တာ တွေကို ကျွန်တော်တို့ ထဲက တစ်ဝက်လောက် (၄၈%) ကလုပ်လေ့ ရှိပါတယ်တဲ့။ ပြီးတော့ ၃ရာခိုင် နှုန်းက သူတို့ ကွန်ပျူတာ နားမှာ Password မှတ်ထားတဲ့ ကပ်ပြား လေးကို ကပ်ထား တတ် ပါတယ်တဲ့။ ညဘက်မှာ အိမ်ရှေ့ တံခါးကို သော့ မခတ်ဘဲ ထားခဲ့သလို မျိုးပေါ့ဗျာ။ တော်ရိ လျော်ရိ password တစ်ခု အတွက် ဆင်ခြေပေး မနေပါနဲ့။ လွယ်လွယ် မှတ်မိတဲ့ အချက် အလက် တွေရွေးမယ့် အစားပို စိတ်ချရတဲ့ password management software ကိုသုံးနိုင် ပါတယ်။

Images from security23.wordpress.com, huffingtonpost, Source - Time

Author PeAcOcK
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...