Smell Of Peanut Butter Could Diagnose Alzheimers



အစားအသောက်ခန်း ထဲက စားသောက်ကုန် တစ်မျိုး ဖြစ်တဲ့ ထောပတ် မြေပဲယိုဟာ အယ်လ်ဇိုင်းမား ရောဂါကို ရှာဖွေ ဖော်ထုတ် ပေးနိုင်မယ့် ကိရိယာ တစ်ခု ဖြစ်ဖို့ အလားအလာ ရှိနေပါတယ်လို့ သိပ္ပံ ပညာရှင်တွေက ဆိုပါတယ်။

အယ်လ်ဇိုင်းမား ရောဂါ (Alzheimer's disease) ဟာသက်ကြီး ရွယ်အို တွေမှာ ဖြစ်တတ်တဲ့ အသိဉာဏ် ချို့ယွင်းတဲ့ ရောဂါတွေ (Dementi as) ထဲမှာ အဖြစ် အများဆုံး ဖြစ်ပြီး ကမ္တာ တစ်ဝှမ်းလုံးရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကို စိန်ခေါ်လျက် ရှိပါတယ်။ လတ်တလောက ပဲ တွေ့ရှိ ထားတဲ့ ကားအရှိန်ပြ ကိရိယာလိုပဲ အခုတော့ အစားအသောက်ခန်း ထဲက စားသောက်ကုန် တစ်မျိုး ဖြစ်တဲ့ ထောပတ် မြေပဲယို (Pea nut butter) ဟာ အယ်လ်ဇိုင်းမား ရောဂါကို ရှာဖွေ ဖော်ထုတ် ပေးနိုင်မယ့် ကိရိယာ တစ်ခု ဖြစ်ဖို့ အလားအလာ ရှိနေ ပါတယ်။



အယ်လ်ဇိုင်းမား ရောဂါဟာ အနံ့ခံ အာရုံကို ဖြစ်စေတဲ့ ဦးနှောက် အစိတ်အပိုင်း (အထူးသဖြင့် ဦးနှောက် ဘယ်ဘက်ခြမ်း) ကိုဦးဆုံး ထိခိုက်စေ တာပါ။ အနံ့ တော်တော် များများဟာ အနံ့ခံအာရုံ သာမက မျက်နှာပိုင်း အာရုံခံ တုန့်ပြန်တဲ့ အာရုံကြော တွေကိုပါ လှုံ့ဆွ ပေးတာပါ။ ဒါကြောင့် လည်း ကြက်သွန် လှီးရင် မျက်ရည်ထွက် ရတာပါ။ ဒါပေမယ့် အခုတော့ University of Florida မှသုတေသီ များက peanut butter ဟာ ဒီလို အာရုံကြော စနစ် နှစ်မျိုးလုံးကို မလှုံ့ဆွဘဲ အနံ့ခံ အာရုံ သက်သက် ကိုသာ ဖြစ်စေ တာကို တွေ့ရှိလာ ကြပြီး ဒီအစွမ်းကို အသုံးချဖို့ ကြံ ရွယ်နေ ကြပါပြီ။



ကနဦး လေ့လာမှု မှာတော့ သုတေသီ တွေဟာ လူတွေကို မျက်စိ၊ ပါးစပ်နဲ့ နှာခေါင်း တစ်ဖက်ကို ပိတ်ခိုင်းပြီး peanut butter တစ်ဇွန်းကို ယူလာ ရတာ ဖြစ်ပါတယ်။ လေ့လာသူ တွေဟာ ပေတံကို နှာခေါင်းနား ကပ်ကိုင် ထားပြီး peanut butter ဇွန်းကို နှာခေါင်းဝ ဆီကို အနံ့ရတဲ့ အထိ တစ်စင်တီမီတာစီ တဖြည်းဖြည်းချင်း ယူငင် လာပါတယ်။ တွေ့ရှိချက် တွေက အယ်လ်ဇိုင်းမား ရောဂါကို မှန်းဆလို့ ရနိုင် နေပါတယ်။ အယ်လ်ဇိုင်းမား ရောဂါရှိသူ တွေဟာ သူတို့ရဲ့ ဘယ်ဘက် နှာခေါင်းဝကို ညာဖက်ထက် ၁၀စင်တီမီတာ ပိုနီးနီး ကပ်ကပ် ယူလာမှပဲ အနံ့ရတာ ကို တွေ့ရှိရ ပါတယ်။ ဒီရလဒ်ကို အသိဉာဏ် ချို့ယွင်းမှုကို ဖြစ်စေတဲ့ တခြား ရောဂါသည် တွေမှာ မတွေ့ရ ပါဘူး။ ဒီစမ်းသပ်မှုဟာ အယ်လ်ဇိုင်း မား ရောဂါကို ရှာဖွေ ဖော်ထုတ် ရာမှာ လွယ်ကူ မြန်ဆန်တဲ့ နည်းလမ်း တစ်ခု ဖြစ်လာနိုင် ပါတယ်။ အထူးသဖြင့် ရှုပ်ထွေး ဆန်းပြားတဲ့ စက်ကိ ရိယာတွေ မရှိတဲ့ တောနယ် တွေမှာ ပိုအဆင်ပြေ မှာပါ။ ကဲကျန်တဲ့ လုပ်စရာ ရှိတဲ့ အပိုင်းတွေကို ဆရာဝန်တွေ လုပ်ဖို့ပဲ ချန်ထား လိုက်ကြရ အောင်။ ကျန်းမာရေး အတွက် အစိုးရိမ် လွန်သူ တွေကတော့ peanut butter ကိုအသောမသတ် နိုင်အောင် လိုက်မရှူ နေကြ လောက်ဘူး ထင်ရဲ့။


Images from gdb.voanews, images.sciencedaily, i.dailymail.co. Source: gizmodo.com 

Author Tornado
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...