13 Natural Remedies For The Ants Invasion

ပုရွက်ဆိတ် တွေက သင့်အိမ်ထဲမှာ ဟိုနေရာတွေ့၊ ဒီနေရာတွေ့နဲ့ သင့်ရဲ့ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းတွေ ကိုနှောက်ယှက်နေပြီ ဆိုရင်တော့ ပုရွက်ဆိတ် နိုင်နည်းလေး ဝေမျှပေး ချင်ပါတယ်။
ဒီနည်းတွေ ထဲက တချို့က သင်သိပြီးသား ဖြစ်ပေမယ့် အများစုက သင်မသိ သေးတာလည်း ဖြစ်နိုင် ပါတယ်။ ဘယ်နည်းကိုပဲ သုံးသုံး ချင့်ချင့် ချိန်ချိန် ပြုလုပ်ဖို့ ပြောချင် ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အချို့နည်း တွေက အိမ်မွေး တိရိစ္ဆာန်နဲ့ ကလေးများကို ထိခိုက်စေ နိုင်လို့ပါ။ တချို့နည်း တွေကတော့ အန္တရာယ် ကင်းပါတယ်။ ဒါကြောင့် သင့်အိမ်မှာ သောင်းကျန်း နေတဲ့ ဒီပိုးမွှား သေးသေးလေး တွေကို စိတ်ညစ်မခံ ဘဲဖယ်ရှား ကြည့်ရအောင်ဗျာ။ ပုရွက်ဆိတ် တွေကို သဘာဝ နည်းတွေနဲ့ပဲ ဖယ်ရှားလို့ ရပါတယ်။ ပုရွက်ဆိတ် တွေကို ဖြေရှင်းဖို့ နည်းလမ်းက သင့်ရဲ့ ကြောင်အိမ် ထဲမှာပဲ ရှိနေပါတယ်။
၁။ Leamon Juice
သံပုရာအရည် အနည်းငယ်ကို ပုရွက်ဆိတ် တွေလာတတ်တဲ့ နေရာကို ပက်ဖြန်းထား ပေးခြင်း အားဖြင့် ပုရွက်ဆိတ်များ မလာနိုင်အောင် ဆောင်ရွက်နိုင်ပါတယ်။
၂။ Cinnamon (သစ်ကြံပိုးခေါက်)
ပုရွက်ဆိတ်များ လာတတ်တဲ့ နေရာ အနီးမှာ သစ်ကြံပိုးခေါက် အရည် ပက်ဖြန်း ပေးထားမယ် ဆိုရင် ပုရွက်ဆိတ်များ မလာတော့ ပါဘူးတဲ့။ နောက်ပြီး လေးညှင်းပွင့် များကို ကြောင်အိမ် အောက်မှာ ထားပေးမယ် ဆိုရင် ပုရွက်ဆိတ်များ ကြောင်အိမ်ပေါ် တက်ခြင်းမှ ကင်းဝေး မှာပါ။

၃။ Peppermint (ငရုတ်ကောင်း)
ပြတင်းပေါက်နဲ့ တခါးပေါက် တွေကြားမှာ ငရုတ်ကောင်း ဆီကို ဖြန်းထား မယ်ဆိုရင် ပုရွက်ဆိတ် တွေက အဲဒါကို ကျော်ပြီး ၀င်မလာနိုင် ပါဘူး။
၎။ Borax, water and sugar (လက်ချား၊ ရေနဲ့ သကြား)
ဒီပစ္စည်း များကလည်း ပုရွက်ဆိတ်ကို တားဆီး နိုင်ပါတယ်။ လက်ချား တွေကို ရေနဲ့ သကြား ရောဖျော်ပြီး သုံးရမှာပါ။ ဒီနည်းက ပုရွက်ဆိတ် တွေအပြင် ပုရွက်ပျံ တွေပါ တွေ့လာပြီ ဆိုရင် ဒီနည်းကို သုံးရနိုင် ပါတယ်။ ရေနဲ့သကြား၊ လက်ချား ထည့်ဖျော်ပြီး အိမ်မှာရှိ နေတဲ့ပုရွက် ဆိတ်တွင်း (နံရံကြား) အနားမှာ ထားပေး ထားလိုက်ပါ။ ပုရွက်ဆိတ်တွေ တဖြည်းဖြည်း နည်းသွား တာကို တွေ့ရမှာပါ။ ဒီနည်းကို သုံးရင်တော့ အိမ်မှာ မွေးထားတဲ့ ခွေး၊ကြောင်တွေ မလျက် မိအောင် ဂရုပြု ရမှာ ဖြစ်ပါတယ်။

၅။ ရေပွက်ပွက်ဆူနဲ့ ဆပ်ပြာရည်
တချို့ ကတော့ ဒီနည်းကို ရက်စက် တယ်လို့ ထင်ကောင်း ထင်မှာပါ။ ဒီနည်းကတော့ ဆပ်ပြာရည်ကို spray မှာဖျော်ထားပြီး ပုရွက်ဆိတ် တွေနေရာကို ဖြန်းပစ် တာပါ။ နောက်တချို့ ကတော့ ခြံထဲမှာ ဖြစ်ဖြစ်၊ အိမ်ထဲမှာ ဖြစ်ဖြစ် ရှိနေတဲ့ ပုရွက်ဆိတ်အုံကို ရေနွေး ပွက်ပွက်ဆူကို လောင်းချလိုက်တာပါ။ ဒီနည်း ၂နည်းလုံး ကတော့ ပုရွက်ဆိတ် များကို တားတာထက် အားလုံး သေစေတဲ့နည်း ဖြစ်ပါတယ်။
၆။ Diatomaceous earth
ပုရွက်ဆိတ် ဆေးမှုန့် (ဓာတုဗေဒ ဆေးအဖြူရောင်) ဒီဆေးက ဈေးမှာ အလွယ်တကူ ၀ယ်လို့ ရပါတယ်။ ကြောင်အိမ် အောက်မှာ ထည့်ထားတဲ့ အဖြူရောင် အမှုန့်များနဲ့ ပုရွက်ဆိတ် များကို တားလို့ ရပါတယ်။

၇။ မြေဖြူ
ပုရွက်ဆိတ်ကို မြေဖြူက တားပေး နိုင်ပါတယ်။ မြေဖြူကို လိုင်းတစ်ခု အနေနဲ့ တားထား လိုက်ရင် ပုရွက်ဆိတ် တွေက အဲဒီလိုင်းကိုကျော်မ လာကြပါဘူး။ ပုရွက်တား မြေဖြူကို အားလုံး သိကြမယ်လို့ ထင်ပါတယ်။
၈။ မုန့်ဖုတ် ဆော်ဒါနဲ့ သကြားပေါင်ဒါ
ဒီနည်းကို သုံးတဲ့လူ နည်းပါတယ်။ ဒီပစ္စည်း ၂မျိုး ရောလိုက်ရင် ပုရွက်ဆိတ် များကို ပြေးစေပါတယ်။ အသုံးပြု ပုံက ဒီ၂မျိုးကို ရောသမ မွှေပြီး ပုရွက်ဆိတ်များအပေါ်ကို ဖြူးလိုက်ပါ။ နောက်ရက် ကျရင် ဒီနေရာကို နောက်တစ်ခါ ပုရွက်ဆိတ်များ မလာ တော့ပါဘူး။

၉။ Coffee Ground
ပုရွက်ဆိတ်များ နေထိုင်တဲ့ ပက်ကြား အက်ထဲကို ကော်ဖီကြမ်းမှုန့် ထည့်လိုက်ရင် ပုရွက်ဆိတ် တွေကို ဖယ်ရှား နိုင်ပါတယ်။

၁၀။ ငရုတ်ကောင်းစေ့
ငရုတ်ကောင်းစေ့ အနည်းငယ်ကို မီးဖိုချောင် ထဲမှာဖြန့်ချထား မယ်ဆိုရင် ပုရွက်ဆိတ်များ လာခြင်းမှ ကင်းဝေးနိုင်မှာပါ။ ဒီနည်းကအကုန် အကျ သက်သာ စေတဲ့အပြင် ကလေးနဲ့ အိမ်မွေး တိရိစ္ဆာန်များ အတွက် အန္တရာယ် ကင်းစေ နိုင်မှာပါ။
၁၁။ ဂျုံမှုန့် အနှစ်
ဂျုံမှုန့်အနှစ် ကိုဖျော်ပြီး ပုရွက်ဆိတ် များကို ကျွေးလိုက်ပါ။ သူတို့စား ပါလိမ့်မယ် ။ ပြီးရင် သေသွား ကြပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့ စားပြီးတာနဲ့ ပေါက်ကွဲ သွားလို့ပါ။ အချို့က ဒီနည်းနဲ့ ခြံထဲက ပုရွက်ဆိတ် များကို ရှင်းလင်း ကြပါတယ်။
၁၂။ ဗင်နီဂါ အရည်
ဒီနည်းက သံပုရာရည် ဖြန်းတဲ့နည်းနဲ့ အတူတူ ပါပဲ။ သံပုရာသီး မလွယ်လည်း ဗင်နီဂါ အရည်ကို ရေနဲ့ ရောဖျော်ပြီး စားပွဲ သန့်ရှင်းရေးနေရာ မှာသုံးလို့ ရပါတယ်။ ပုရွက်ဆိတ်က ဗင်နီဂါ အနံ့ ရှိနေတဲ့ နေရာကို မလာပါဘူး။
ကဲနည်းလမ်း တွေက အစုံပါပဲ။ သင့်ရဲ့ သေးငယ်လှတဲ့ ရန်သူတွေကို မောင်းထုတ်ဖို့ ကူညီနိုင်မယ်လို့ မျှော်လင့် ပါတယ်။

Source : Mnn, Images from Wikihow, Tastykitchen, Growningagreenerworld, Beautyfrontline
Author Nwe Tharki
Myanmar Youth Media Club (MYMC)