ကိုယ်ဝန်ဖျက်ချခြင်းနှင့်ပတ်သက်၍ (+18)


ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်လို့တော့ ကောင်းသည်ဆိုးသည်မဝေဖန်ချင်ပါ။ တစ်ဖက်ကကြည့်ရင် လက်ဝါးပေမယ့် နောက်တစ်ဖက်မှာလက်ဖမိုးဖြစ်နေတတ်တာဆိုတော့ အချို့အမြင်မှာ လူ့အသက်ကို သတ်တယ် ငရဲကြီးတယ်ဆိုပြီးမြင်ကြသလို မလိုလားတဲ့ ကိုယ်ဝန်တစ်ခုရလာခြင်းအနေနဲ့ လောက ထဲရောက် လာမယ့်ကလေးရော မိခင်ပါဆင်းရဲရမယ်၊ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူးဆိုတဲ့ အမြင်နဲ့ မြင်ကြတဲ့သူတွေလည်းရှိပါတယ်။ ကိုယ်ဝန်ဖျက်ချတာကိုကြိုက်သည်ဖြစ်စေ မကြိုက် သည်ဖြစ်စေ တရားဝင်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ကိုယ်ဝန်ဖျက်ချတာက ရှိနေတာပါပဲ။ မြန်မာနိုင်ငံမှာလည်း တရားဝင်ကိန်းဂဏန်းမရှိပေမယ့် ကိုယ်ဝန်ဖျက်ချတဲ့ အရေ အတွက်ပာာ ဘယ်လိုနည်းနဲ့မှ အခြားနိုင်ငံတွေထက်မနည်းနိုင်ပါဘူး။ ပိုဆိုးတာက ဆင်းရဲနွမ်းပါးပြီး ကျန်းမာရေးအသိပညာနည်းတဲ့တိုင်းပြည်ဆိုတော့ ကလေးဘယ်လိုမရအောင်ကာကွယ်ရမလဲဆိုတာ အသိနည်းသလို ကိုယ်ဝန်ဖျက်ချရင် ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်လဲဆိုတာကိုလည်း အသေအချာ မသိကြတာကြောင့် ကိုယ်ဝန်ဖျက်ချခြင်းနောက်ဆက်တွဲကြောင့် သေဆုံးရမှုတွေမြင့် တက်နေရပါတယ်။ ခေတ်ပညာတတ်တွေတောင်မှ ဘယ်လောက်ဆိုးကျိုးတွေရှိတယ်ဆိုတာရော တရား ဥပဒေအရ အရေးယူခံရယ်ဆိုတာရော သိနားလည်နေရက်နဲ့တောင် ထူပူနေတတ်တဲ့ ကာယကံရှင်တွေ ကတော့ မရရအောင်ကိုဖျက်ချကြတာပါပဲ။ အရင်တုန်းကလည်းရှိနေခဲ့သလို နောင်လည်း ရှိနေဦး မယ့်ပြဿ နာဖြစ်ပါတယ် ကိုယ်ဝန်ဖျက်ချခြင်းကိုတရားဥပဒေအရ ခွင့်မပြုထား တဲ့နိုင်ငံတွေရဲ့ အဓိကမိခင်သေ ဆုံးနှုန်းမြင့်တဲ့အကြောင်းအရင်းတွေထဲမှာ နည်းစနစ်မှန်မှန်ကန်ကန် သန့်သန့်ရှင်းရှင်းနဲ့ မလုပ်တဲ့ ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ပိုးဝင်ပြီးသေဆုံးတာက အတော်မြင့်ပါတယ်။
 
အများအားဖြင့်ကိုယ်ဝန်ဖျက်ချပြီဆိုရင် အောက်ပါနည်းလမ်းတွေကိုအသုံးပြုပါတယ်။
၁။ ချွန်ထက်သောအရာများနှင့် ရေမွှာအိတ်ကိုထိုးဖောက်ခြင်း
၂။ အဆိပ်အတောက်ဖြစ်စေသော အရာများထိုးသွင်းခြင်း
၃။ သန္ဓေသားကိုဒဏ်ရာရအောင်ဗိုက်ကိုထိုးခြင်း၊ ကန်ခြင်း၊ လှိမ့်ခြင်း
၎။ ကျွမ်းကျင်တဲ့ပညာရှင်ရဲ့ကြည့်ရှုမှုမပါဘဲ ကိုယ်ဝန်ပျက်ကျစေနိုင်သောဆေးဝါးများသုံးစွဲခြင်း တို့ဖြစ်ပါတယ်။

ပထမတစ်မျိုး အင်မတန်ကြောက်စရာကောင်းပါတယ်။ အချို့ကချွန်ထက်တဲ့အရာတွေကို ၀ါးချွန်လို၊ ထီးကသံချွန်လိုအရာမျိုးတွေကိုပါအသုံးပြုပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ သားအိမ်ပာာအလွန်နူးညံ့နေပြီး ထိလွယ်ရှလွယ်အနေအထားရှိပါတယ်။ အဲလိုအချိန်မှာအချွန်အထက်တွေနဲ့ထိုးတဲ့အခါ သားအိမ်ပေါက်သွားနိုင်ပါတယ်။ သားအိမ်ပေါက်ရုံသာမက အတွင်းက အူတွေ၊ ဆီးအိမ်တွေကိုပါထိခိုက်သွားနိုင်ပါတယ်။ အဲလိုမှမဖြစ်ဘူးဆိုရင်တောင်မှ ပိုးဝင်နိုင်ပါတယ်။ ပိုးဝင်ရင်ဖြစ်ဖြစ် ကိုယ်တွင်းအင်္ဂါတွေပေါက်ကုန်ရင်ပဲဖြစ်ဖြစ်သေဆုံးနိုင်ပါတယ်။ 

သားအိမ်ပာာသွေးလည်ပတ်မှုလမ်းကြောင်းနဲ့ဆက်စပ်နေတာဖြစ်တဲ့အတွက် သားအိမ်ထဲကိုအဆိပ်ရှိတဲ့အရာတွေထိုးသွင်းတဲ့ဒုတိယနည်းပာာလည်း သွေးဆိပ်တက်ပြီးသေနိုင်တာပါပဲ။ တတိယနည်းလမ်းမှာလည်း သားအိမ်ကွဲတာ အတွင်းအင်္ဂါအစိတ်အပိုင်းတွေထိပြီး သေဆုံးနိုင်တာပါပဲ။ နောက်ဆုံးနည်းလမ်းကတော့ ပိုးဝင်နိုင်ချေနည်းပေမယ့် ဆေးဝါးတွေကိုအသုံးပြုတဲ့နေရာမှာ မှားယွင်းတဲ့အတွက်ကြောင့် သွေးပေါင်ချိန်အတက်အကျဖြစ်တာ နှလုံးမူမမှန်တာတွေဖြစ်ပေါ်ပြီး သေဆုံးနိုင်တာပါပဲ။ ကိုယ်ဝန်ဖျက်ချတာရော သူ့အလိုလိုကိုယ်ဝန်ပျက်ကျတာရောမှာဖြစ်နိုင်ချေက၂မျိုးရှိပါတယ်။ တစ်ခုက Complete abortion လို့ခေါ်တဲ့သန္ဓေသားနဲ့အချင်း လုံးဝထွက်သွားတာပါ။ နောက်တစ်မျိုးကတော့ ကိုယ်ဝန်ဖျက်ချတဲ့သူတွေမှာအဖြစ်များတဲ့ Incomplete abortion လို့ခေါ်တဲ့သန္ဓေသားအစိတ်အပိုင်းတွေ အချင်းအစိတ်အပိုင်းတွေကျန်နေတာပဲဖြစ်ပါတယ်။ အဲလိုမျိုးကျန်နေပြီဆိုရင် သွေးဆင်းတာမရပ်တာ၊ ဆီးစပ်ကိုက်နေတာ၊ ကိုယ်ပူပြီးချမ်းတုန်ဖျားတာ၊ သွေးပေါင်ချိန်ကျတာ အစရှိတဲ့လက္ခဏာတွေပြပါတယ်။

ဘယ်နည်းလမ်းနဲ့ပဲကိုယ်ဝန်ဖျက်ချဖျက်ချ နောက်ဆုံးကတော့ ကံဆိုးရင်သေလမ်းပဲသွားရတာပါပဲ။ ကံကောင်းပြီးအသက်ရှင်တယ်ဆိုရင်လည်း အရှက်တကွဲဖြစ် အဆူအငေါက်တော့ခံရမှာပါ။

Therapeutic abortion (ဆေးပညာအရကိုယ်ဝန်ဖျက်ချခြင်း)

Abortion ကိုတရားမင်အဖြစ်သတ်မှတ်ထားတဲ့မြန်မာနိုင်ငံမှာ Therapeutic abortion လို့ခေါ်တဲ့ ကလေးဆက်လက်တည်ရှိနေမှုကမိခင်ရဲ့အသက်အန္တရာယ်ကိုထိခိုက်နိုင်တဲ့အခြေအနေတစ်ရပ်မှလွဲပြီး အခြားမည်သည့်အခြေအနေမှာမှ ကိုယ်ဝန်ဖျက်မချရဘူးလို့တားမြစ်ထားပါတယ်။ ယုတ်စွအဆုံး အနိုင်အထက်ပြုကျင့်ခြင်းခံရလို့ ရလာတဲ့ကိုယ်ဝန်ကိုတောင်ဖျက်ချခွင့်မရှိပါဘူး။ ဗပာုသုတအနေနဲ့ပြောရရင်တော့ ဆေးနဲ့ဖျက်ချခြင်းနဲ့ ခွဲစိတ်ဖျက်ချခြင်းဆိုပြီးရှိပါတယ်။ ခွဲစိတ်တယ်ဆိုပေမယ့် သားအိမ်ခြစ်တာကိုဆိုလိုတာပါ။
ကိုယ်ဝန်တအားရင့်တဲ့အချိန်မှာဆိုရင်တော့ ခွဲစိတ်ရပါတယ်။ ဆေးနဲ့ဖျက်ချရာမှာတော့ Mifepristone–misoprostol နှစ်မျိုးပေါင်းပြီးအသုံးပြုပါတယ်။ ကျွမ်းကျင်တဲ့ပညာရှင်ရဲ့ကြည့်ရှုစောင့်ရှောက်မှုမပါရင် အန္တရာယ်များလွန်းလှပါတယ်။

ကိုယ်ဝန်တားနည်းများအကြောင်း (Contraception)

မြန်မာပြည်မှာ မိန်းကလေးတွေကိုယ်ဝန်ဖျက်ချတဲ့ အရေအတွက်ပာာ နှစ်စဉ်နှစ်တိုင်း ပိုပိုပြီး တိုးတက်လာတာကိုတွေ့မြင်နိုင်ပါတယ်။ ကိုယ်ဝန်ဖျက်ချတဲ့အတွက် သေဆုံးရတဲ့အရေအတွက်ပာာလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးသေဆုံးမှုတွေထဲမှာ ထိပ်ဆုံးကပါနေပါတယ်။ ကိုယ်ဝန်ပာာ မလိုချင်ရင် တားဆီးနိုင်ပါတယ်။ ပြောရရင် ကိုယ်ဝန်တားဆေးမသုံးရသေးဘဲ အတူတူနေမိလို့ရှိရင်တောင် ကိုယ်ဝန်မရှိအောင်တားလို့ရပါတယ်။ ကိုယ်ဝန်ရှိပြီးမှ ဖျက်ချတာထက်စာရင် ကိုယ်ဝန်မရှိခင်ကတည်းက ကိုယ်ဝန်မရှိအောင် ကာကွယ်သင့်ပါတယ်။ ဒါကြောင့်ဒီမှာ ကိုယ်ဝန်မရှိအောင်ဘယ်လိုတားဆီးရမလဲဆိုတဲ့ အချက်အလက်တွေကို ကျနော်တင်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်တားနည်းကို အမျိုးအစားအားဖြင့် ခွဲရင် ၃နည်းပဲရှိပါတယ်။ အဲဒါတွေကတော့
၁။ပောာ်မုန်းဖြင့်ကိုယ်ဝန်တားခြင်း (Hormonal method)
၂။ပောာ်မုန်းမပါဘဲ ကိုယ်ဝန်တားခြင်း (Non-hormonal method) နှင့်
၃။အခြားနည်းများဖြင့် ကိုယ်ဝန်တားခြင်းဆိုပြီး ၃နည်းရှိပါတယ်။
ကိုယ်ဝန်တားတဲ့နည်းလမ်းအားလုံးမှာ Failure rate လို့ခေါ်တဲ့ ကိုယ်ဝန်ရသွားနိုင်တဲ့နှုန်းတွေရှိကြပါတယ်။ သူ့ရဲ့နှုန်းအနည်းအများပေါ်မူတည်ပြီး ဆေးတစ်ခုရဲ့စိတ်ချရမှုနှုန်းကို တိုင်းတာပါတယ်။

၁။ပောာ်မုန်းဖြင့်ကိုယ်ဝန်တားခြင်း (Hormonal method)
ပောာ်မုန်းဖြင့်ကိုယ်ဝန်တားခြင်းဆိုတာက ဆေးဝါးအကူအညီများနဲ့ ကိုယ်ဝန်တားတာကိုဆိုလိုပါတယ်။ ဆေးအမျိုးအစားအားဖြင့် သုံးမျိုးရှိပါတယ်။ အဓိကသုံးတဲ့ပောာ်မုန်းကတော့ ၂မျိုးပါ။ Estrogen (အီစရိုဂျင်) နှင့် Progesterone (ပရိုဂျက်စတီရုန်း) တို့ဖြစ်ပါတယ်။ ဆေးအမျိုးအစား၃မျိုးကတော့ estrogen နဲ့ progesterone ပါတဲ့ အမျိုးအစား၊ progesterone တစ်ခုထဲပါတဲ့အမျိုးအစား၊ Emergency contraception လို့ခေါ်တဲ့ အရေးပေါ်သန္ဒေတားတဲ့ အမျိုးအစားဆိုပြီးရှိပါတယ်။

Estrogen and Progesterone ပါတဲ့အမျိုးအစားကတော့ အမျိုးသမီးအများစုသောက်သုံးနေကြတဲ့ တားဆေးအမျိုးအစားဖြစ်ပါတယ်။ Combined oral contraceptive (COC) လို့အတိုကောက်ခေါ်နိုင်ပါတယ်။ အခုလောလောဆယ်နည်းလမ်းတွေမှာတော့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဆေးတကဒ်မှာ ၂၈လုံးပါတာရှိသလို ၂၁လုံးပါတာလည်းရှိပါတယ်။ အတူတူပါပဲ။ တစ်နေ့ကိုတစ်လုံးသောက်ရပါတယ်။ တစ်ကဒ်ကုန်သွားရင် နောက်တစ်ကဒ် အလွယ်တကူ ကူးပြောင်းသွားနိုင်လို့ အဆင်ပြေပါတယ်။ သူ့ရဲ့ ကိုယ်ဝန်တားတဲ့နည်းလမ်းက သားဥကြွေတာကို တားဆီးခြင်းနည်းဖြင့် ကိုယ်ဝန်တားတာဖြစ်ပါတယ်။
သူ့ရဲ့ကောင်းကျိုးတွေကတော့ ကိုယ်ဝန်ရနိုင်တဲ့နှုန်း အလွန့်ကိုနည်းပါတယ်။ ဈေးပေါပါတယ်။ သုံးစွဲရလွယ်ကူပါတယ်။ ရာသီလာတာကို မှန်စေပါတယ်။ မိန်းမတွေမှာဖြစ်တတ်တဲ့ ရာသီလာချိန်မှာနာတာ၊ သားအိမ်ထဲမှာဖြစ်တဲ့ အလုံးတွေ၊ရေအိတ်တွေ၊ သားဥပြွန်ကင်ဆာ စတဲ့ရောဂါတွေကိုပါ ကာကွယ်ပြီးဖြစ်စေပါတယ်။ ဆေးရပ်လိုက်တဲ့အချိန်မှာလည်း ကိုယ်ဝန်ရတာမြန်ပါတယ်။ မိန်းကလေး အသက် ၄၀အောက်တွေအတွက်ဆိုရင် အကောင်းဆုံးပဲဖြစ်ပါတယ်။

ဆိုးကျိုးတွေအနေနဲ့ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့အန်၊ ရင်သားတွေတင်းနေတာ၊ ကိုယ်လေးချိန်ပြောင်းလဲသွားတာ၊ ၀က်ခြံပေါက်တာတွေဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ ရာသီမမှန်တာလည်းဖြစ်တတ်ပါတယ်။ သွေးပေါင်ချိန်နည်းနည်းတက်လာတတ်ပါတယ်။ ဒီဆေးကြောင့် သွေးပေါင်ချိန်တက်လာတာဆိုရင် ဆေးရပ်လိုက်တာနဲ့ ပြန်ကောင်းသွားတတ်ပါတယ်။
အလွန်ရှားတဲ့ဆိုးကျိုးတွေအနေနဲ့ ခြေထောက်သွေးကြောသွေးခဲခြင်းနဲ့၊ အဆုတ်သွေးကြောများပိတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ အလွန့်အလွန်ရှားတဲ့ဆိုးကျိုးအနေနဲ့ လေဖြတ်၊ နှလုံးသွေးကြောပိတ်တို့ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီဆေးပာာ သားဥပြွန်ကင်ဆာနဲ့၊ သားအိမ်ကင်ဆာတို့ကို ကာကွယ်ပေးပြီး၊ ရင်သားကင်ဆာဖြစ်နိုင်ချေကို အနည်းငယ်တက်စေပါတယ်။
ဒီဆေးအမျိုးအစားကို ဘယ်အမျိုးသမီးမဆိုသောက်သုံးနိုင်ပါတယ်။ COC ကိုအမျိုးသမီးတစ်ယောက်ပာာ သူ့ကိုယ်သူကိုယ်ဝန်မရှိနိုင်ဘူးဆိုတာ ကျိန်းသေရင် စသောက်လို့ရပါပြီ။ ဒီနေရာမှာတစ်ခုရှင်းပြချင်တာက COC ပာာသောက်သောက်ပြီးချင်း ကိုယ်ဝန်ကိုမကာကွယ်နိုင်ပါဘူး။ ဒီအမျိုးအစားက သောက်ပြီး ၇ရက်ကြာမှစပြီး ကိုယ်ဝန်ကစပြီး ကာကွယ်ပေးပါတယ်။ အဲဒါကြောင့် ဆေးသောက်ပြီး ချက်ခြင်းတူတူနေမယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ပါတယ်။ ဆေးသောက်ပြီး ၇ရက်စောင့်ပါ။ ၇ရက်ကြားထဲမှာတော့ ပောာ်မုန်းမပါတဲကိုယ်ဝန်တားနည်းဖြစ်တဲ့ အကာအကွယ်သုံးတဲ့နည်းကို ကျင့်သုံးပေးရပါမယ်။ ဒီဆေးကို ရာသီစလာတဲ့နေ့မှ ၅ရက်အတွင်းစသောက်ထားမယ်ဆိုရင်တော့ ၇ရက်စောင့်စရာမလိုသလို အကာအကွယ်လည်းသုံးစရာမလိုပါဘူး။ ဒါမှမပာုတ်ရင်တော့ ၇ရက်မပြည့်ခင် အကာအကွယ်သုံးပေးရပါမယ်။ သားအိမ်တွင်း ပစ္စည်းထည့်ထားရာကနေ ဆေးသောက်ချင်ရင်တော့ ဆေးစသောက်လို့ရပါတယ်။ စောင့်စရာ၊ အကာအကွယ်သုံးစရာမလိုပါဘူး။ တခြားဆေးတွေ၊ နည်းတွေကနေပြီး ပြောင်းမယ်ဆိုရင်တော့ ၇ရက်စောင့်ရပါမယ်။ ကလေးနို့တိုက်နေတဲ့အမေတွေမှာ ကလေးကိုဖြည့်စွက်စာကျွေးတဲ့ ၆လအရွယ်ရောက်ရင် စသောက်လို့ရပါတယ်။
ဆေးသောက်ဖို့မေ့သွားခဲ့ရင် သတိရရခြင်းမှာပဲ ပြန်သောက်ရပါမယ်။ ၁လုံး၂လုံးမေ့သွားခဲ့ရင် ပြသနာသိပ်မရှိပါဘူး။ ၃လုံးထက်ပိုပြီး မေ့သွားခဲ့ရင်တော့ သတိရခြင်းပြန်သောက်ပါ။ ၇ရက်ပြန်စောင့်ပါ။ မစောင့်နိုင်ရင် အကာအကွယ်သုံးပါ။ ကြားထဲမှာ အတူတူနေခဲ့မိရင် အရေးပေါ်သန္ဒေတားဆေးသုံးစွဲရပါမယ်။

Progesterone only contraceptives (POCs) အမျိုးအစားကတော့ သောက်ဆေး၊ ထိုးဆေးနဲ့၊ သားအိမ်ထဲထည့်တဲ့အမျိုးအစား၊ လက်မောင်း၊ ကျောတို့ရဲ့ အရေပြားအောက်မှာထည့်သွင်းတဲ့အမျိုးအစားဆိုပြီး ရှိပါတယ်။ နောက်ဆုံးအမျိုးအစားဖြစ်တဲ့အရေပြားအောက်မှာ ထည့်သွင်းတဲ့အမျိုးအစားကတော့ ကျနော်တို့ဆီမှာ သိပ်ပြီးတွင်တွင်ကျယ်ကျယ်မသုံးဖြစ်ကြသေးပါဘူး။
သောက်ဆေးကတော့ COC လိုပဲဖြစ်ပါတယ်။ တစ်နေ့ကိုတစ်လုံးသောက်ရပါတယ်။ အချိန်မှန်မှန်သောက်ရပါတယ်။ ဆေးသောက်ဖို့မေ့လို့မရပါ။
ထိုးဆေးအနေနဲ့ကတော့ ၃လခံဆေး ဒက်ပို (Depot) လို့အသိများတဲ့ Depot medroxyprogesterone acetate (DMPA) နဲ့ Norethisterone enanthate (NET-EN) ဆိုပြီးရှိပါတယ်။ သားအိမ်ထဲထည့်သွင်းတဲ့အမျိုးအစားကတော့ Levonogesteral intrauterine device ဆိုပြီးရှိပါတယ်။ သားအိမ်ထဲမှာထည့်ထားရင် ၅နှစ်ကနေ ၈နှစ်ထိခံပါတယ်။
ဒီအမျိုးအစားကတော့ ကိုယ်ဝန်တားရာမှာ သားအိမ်အချွဲများကိုထူလာစေခြင်း၊ သားဥကြွေခြင်းကိုတားဆီးခြင်းနဲ့ သားအိမ်နံရံဖြစ်ပေါ်လာခြင်းကို တားဆီးခြင်းဆိုပြီး ၃နည်းနဲ့တားပါတယ်။
ဆိုးကျိုးကတော့ ကိုယ်အလေးချိန်တက်လာပါတယ်။ ဆေးဖြတ်ပြီးရင် ကိုယ်ဝန်ပြန်ရဖို့ အချိန်ယူရပါတယ်။ ရာသီသွေးကို မမှန်ဖြစ်စေပါတယ်။ ကာလကြာရှည်သုံးရင် အရိုးပွတတ်ပါတယ်။

Emergency contraceptives (ECs)
ဒီအမျိုးအစားကတော့ မည်သည့်နည်းနဲ့မှ အကာအကွယ်မယူထားဘဲအတူတူနေမိသွားရင် ကိုယ်ဝန်မရှိအောင်တားပေးနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။ ၃မျိုးရှိပါတယ်။

၁။ Combined oral contraceptives (COCs)
အပေါ်မှာ ဖြော်ပခဲ့တဲ့ COC လို့ခေါ်တဲ့ သောက်ဆေးကို အောက်ဆုံးတန်းက ဆေးမပာုတ်ဘဲ အပေါ်တန်းကဆေးကို ပထမတစ်ခါမှာ ၄လုံးသောက်ပါ။ ၁၂နာရီခြားပြီး နောက်ထပ်၎လုံးသောက်ပေးရပါမယ်။

၂။ Progestin-only pills (POPs)
Levonogesteral 750ug ပါတဲ့ဆေးအမျိုးအစားဖြစ်ပါတယ်။ ဆေးနှစ်လုံးပါဝင်ပြီး ၁၂နာရီစီခြားပြီး သောက်ပေးရပါတယ်။ EC2 ဆိုပြီး အလွယ်တကူဝယ်ယူလို့ရပါတယ်။ အတူတူနေပြီး သုံးတဲ့ကိုယ်ဝန်တားဆေးများထဲမှာတော့ အသုံးများတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။

၃။ Intrauterine devices (IUDs)
သားအိမ်ထဲမှာ သန္ဒေသားမတွယ်နိုင်အောင်လို့ ပစ္စည်းထည့်ပြီး တားတဲ့နည်းဖြစ်ပါတယ်။
သတိထားရမှာကတော့ ဒီဆေးအမျိုးအစားတွေပာာ ကိုယ်ဝန်ဖျက်ချတဲ့နည်းတွေမပာုတ်ပါဘူး။ ဒီနည်းတွေကို ကိုယ်ဝန်ရှိပြီးချိန်မှာမှ သုံးရင်တော့ ဘာမှမထူးပါဘူး။ ဒီဆေးအမျိုးအစားတွေကိုတော့ အတူတူနေပြီးပြီးခြင်း အမြန်ဆုံးသောက်သုံးသင့်ပါတယ်။ သောက်ဆေးအမျိုးအစားတွေကတော့ အတူနေပြီး အလွန်ဆုံး ၇၂နာရီ (၃ရက်) အတွင်းသောက်ရပါတယ်။ သားအိမ်ထဲထည့်တာကတော့ ၅ရက်အတွင်းထည့်ရပါမယ်။ မပာုတ်ရင်တော့ ကိုယ်ဝန် ရသွားနိုင်ပါတယ်။
ဒီဆေးအမျိုးအစားတွေပာာ အမြဲတမ်းစွဲသောက်လို့မရပါဘူး။ ဆေးတစ်ခါသောက်ခြင်းပာာ ရှေ့မှာဖြစ်ခဲ့တဲ့ တစ်ခါကိုပဲ ကာကွယ်နိုင်ပါတယ်။ ဆေးသောက်ပြီး နောက်မှာဆက်ဖြစ်တဲ့ အတူတူနေခြင်းတွေကိုတော့ ကိုယ်ဝန်မရအောင်မကာကွယ်နိုင်ပါဘူး။
ဆိုးကျိုးတွေ အနေနဲ့ ရာသီမမှန်တာကိုဖြစ်စေပါတယ်။ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့အန်၊ ဗိုက်အောင့်၊ ရင်သားတင်း စတာတွေဖြစ်နိုင်ပါတယ်။
ဆေးသောက်ပြီး ၂နာရီအတွင်းမှာ အန်ခဲ့ရင်တော့ ဆေးကို ပြန်သောက်ဖို့လိုပါတယ်။ ၂နာရီကျော်မှ အန်တယ်ဆိုရင်တော့ ပြန်သောက်စရာမလိုပါဘူး။

၂။ပောာ်မုန်းမသုံးသော နည်းလမ်းများ (Non Hormonal method)

ဒီအမျိုးအစားကတော့ ပောာ်မုန်းသုံးတာမျိုး (ဆေးသုံးတာမျိုး) မပာုတ်ဘဲ အခြားနည်းလမ်းတွေနဲ့ ကိုယ်ဝန်တားတဲ့နည်းတွေဖြစ်ပါတယ်။ ပောာ်မုန်းမသုံးတဲ့နည်းတွေမှာ
(က) သားအိမ်ထဲကိုပစ္စည်းထည့်ခြင်း (IUCDs)
(ခ) အကာအကွယ်သုံးခြင်း (Barriers)
(ဂ) သုက်ပိုးကိုသတ်ခြင်း (Spermicides)
(ဃ) ရက်ရှောင်ခြင်း (Fertility awareness based methods ဆိုပြီး ရှိပါတယ်။ တစ်ခုခြင်းစီကိုဆက်ရှင်းပေးပါမယ်။ ကျနော်တို့ဆီမှာတော့ သုက်ပိုးသတ်ခြင်း (Spermicides) ကိုသိပ်မသုံးတဲ့အတွက် ချန်လှပ်ထားပါမယ်။

(က) သားအိမ်ထဲကို ပစ္စည်းထည့်ခြင်း (IUCDs)
သားအိမ်ထဲပစ္စည်းထည့်တယ်ဆိုလို့ ကြောက်သွားစရာမလိုပါဘူး။ ပစ္စည်းက သေးသေးလေးပါ။ ထည့်ရတာလည်း အခက်အခဲသိပ်မရှိပါဘူ။ ဈေးလည်းပေါပါတယ်။
သားအိမ်ထဲကိုပစ္စည်းထည့်တဲ့အမျိုးအစားတွေ အများကြီးရှိပါတယ်။ အဲဒါတွေကတော့

•Grafenberg ring
•Ota ring
•Lippes loop
•Copper-bearing IUD (Cu-IUD )
–Nova T 380
–T-safe Cu 380 A
–Flexi – T 300
–Multiload 375
–Multiload 250 short
–Multiload 250
•LNG-IUD -Levonorgestrel-releasing IUD, (20 g/24hours)

ဆိုပြီးရှိပါတယ်။ အဲဒီထဲမှာ Copper bearing IUD တွေက အသုံးများပါတယ်။ သူက ယောက်ျားသုက်ပိုး ၀င်ရောက်ခြင်းကို တားဆီးသလို သန္ဒေသားတွယ်ကပ်ဖို့ကိုလည်း တားဆီးပါတယ်။ ဒါပေမယ့် သားအိမ်ထဲပစ္စည်းထည့်တဲ့နည်းကို လုံးဝမသုံးရတဲ့အခြေအနေတွေရှိပါတယ်။ အဲဒါတွေကတော့
၁။ ရာသီသွေးမမှန်တာ၊ ရာသီသွေးအရမ်းများတာ၊ သားအိမ်မှာ အလုံးရှိနေတာ၊
၂။ သားအိမ်နှစ်ခွဖြစ်နေတာ
၃။ သားအိမ်ပုံစံပျက်နေတာ
၎။ သားအိမ်ခွဲကြောင်းရှိတာ
၅။ အရင်က သားအိမ်အပြင်ဘက်မှာ ကလေးသန္ဒေတည်ဖူးတာ
၆။ မိန်းမကိုယ်အတွင်းပိုင်းတွေရောင်ရမ်းဖူးတာ၊ ရောင်ရမ်းနေတာ (Present or Previous Pelvic inflammatory disease)
၇။ မိန်းမကိုယ်ပိုင်းတွေမှာ တီဘီဖြစ်နေတာ (Pelvic TB)
၈။ HIV ပိုးရှိတာ
၉။ ဖျက်ချပြီး ပိုးဝင်ထားတဲ့အချိန်
၁၀။ ဘာကြောင့်မှန်းမသိဘဲ သွေးဆင်းနေတဲ့အချိန်
၁၁။ နှလုံးအဆို့ရှင်ရောဂါရှိနေသူတွေ
ဖြော်ပပါ အခြေအနေရှိတဲ့သူတွေမှာ ထည့်လို့မရပါဘူး။

ဆိုးကျိုးတွေအနေနဲ့တော့ ရာသီမလာချိန်ကြားထဲမှာ သွေးဆင်းခြင်း၊ သွေးဆင်းများခြင်း၊ ရာသီလာချိန် နာကျင်ခြင်း၊ သားအိမ်ပေါက်သွားခြင်း၊ ပစ္စည်းပျက်ဆီးသွားခြင်း၊ အပြင်တွင်ချန်ထားသောကြိုးမှ ပိုးဝင်နိုင်ပါတယ်။ တို့ဖြစ်ပေါ်နိုင်ပါတယ်။
ကောင်းကျိုးတွေကတော့ အချိန်အကြာကြီးအသုံးပြုနိုင်ပါတယ်(၅နှစ်ကနေ ၈နှစ်ထိခံပါတယ်)။ ပြန်ထုတ်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်ပါတယ်။ ဈေးသက်သာပါတယ်။ တခြားဆေးတွေနဲ့လည်းမတည့်တာမျိုးတွေ မရှိပါဘူး။ ခန္ဒာကိုယ်အပေါ်ကို သက်ရောက်မှုနည်းပါတယ်။ ဆိုးကျိုးတွေဖြစ်လာရင်လည်း ချက်ခြင်းထုတ်ယူနိုင်ပါတယ်။
သတိပြုရမယ့်အချက်ကတော့ သားအိမ်ထဲမှာ ပစ္စည်းထည့်တဲ့အခါမှာ ပစ္စည်းအနေအထားကို သိနိုင်အောင် အပြင်မှာ ကြိုးလေးချန်ထားရပါတယ်။ အဲဒီကြိုးလေးက ပိုလည်းမတိုသွားရသလို ပိုလည်းမရှည်သွားရပါဘူး။ ကြိုးလေးကို ရာသီလာပြီးချိန်တွေ၊ အတူနေပြီးချိန်တွေမှာ ပြန်ပြီး စမ်းကြည့်ပါ။ ကြိုးအနေအထားပြောင်းသွားတာနဲ့ ဆရာဝန်ဆီပြန်သွားပါ။ ကြိုးကို ဆွဲမထုတ်ရပါဘူး။ သားအိမ်ကို ထိခိုက်နိုင်ပါတယ်။

(ခ) အကာအကွယ်သုံးခြင်း
ဒါကတော့ အများသိကြတဲ့နည်းပါ။ အကာအကွယ်သုံးခြင်းဆိုတာမိန်းမအကာအကွယ်နဲ့ ယောက်ျားအကာအကွယ်ဆိုပြီး ၂မျိုးရှိပါတယ်။ မိန်းမအကာအကွယ်က သုံးရတာခက်သလို ဈေးကြီးပါတယ်။ အသုံးမတွင်ကျယ်ပါဘူး။ အကာအကွယ်ဆိုတာ ကွန်ဒုံးကိုပြောတာပါ။ ယောက်ျားအကာအကွယ်ကတော့ ဈေးပေါပါတယ်။ သုံးရလွယ်ပါတယ်။ ကိုယ်ဝန်ကိုသာမက အခြားလိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ရောဂါတွေကိုပါ အကာအကွယ်ပေးပါတယ်။ သုံးစွဲတဲ့အခါမှာ နည်းစနစ်မှန်မှန်သုံးစွဲမယ်ဆိုရင် ကိုယ်ဝန်တားတဲ့နည်းလမ်းတွေမှာ အကောင်းဆုံးဖြစ်ပါတယ်။

(ဂ) ရက်ရှောင်ခြင်း (Fertility awareness based methods)
ကိုယ်ဝန်တားတဲ့နေရာမှာ ရက်ရှောင်ပြီး ဆက်ဆံတဲ့နည်းကိုလည်း အသုံးပြုနိုင်ပါတယ်။ အလွယ်ပြောရရင်တော့ မလာခင် ၇ ရက် နဲ့ လာပြီး ၇ ရက်လို့မှတ်ထားလို့ရပါတယ်။ ရာသီလာတာမှန်တဲ့ အမျိုးသမီးတွေမှာပဲ အသုံးပြုနိုင်ပါတယ်။ ရာသီလာတာမမှန်တဲ့သူတွေမှာ သုံးရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဥပမာပေးရရင် လစဉ် ၂၂ရက်မှာ ပုံမှန်စလာတတ်တဲ့သူပာာ ၁၅ရက်နေ့နောက်ပိုင်းကနေ ၂၉ ရက်နေ့ထိ အမျိုးသားနဲ့တူတူနေနိုင်ပါတယ်။ ကိုယ်ဝန်မရှိနိုင်ပါဘူး။ ဒီနေရာမှာ လာပြီး ၇ရက်ဆိုတာပာာ ရာသီစလာတဲ့နေ့ကနေပြီး ရေတွက်ပါတယ်။ ရာသီပြီးတဲ့နေ့ကို မဆိုလိုပါဘူး။

၃။ အခြားနည်းလမ်းများ အသုံးပြုခြင်း
 
(၁)။ကလေးနို့တိုက်နေတဲ့ အမေတွေမှာဆိုရင် ကလေးအသက်၆လထိ အပြည့်အ၀နို့ချိုတိုက်ကျွေးနေမယ်ဆိုရင် အတူတူနေလို့ ကိုယ်ဝန်မရနိုင်ပါဘူး။ ဒီနေရာမှာ တစ်ခုရှိတာက ကလေးကို နို့တိုက်ရာမှာ အပြည့်အ၀တိုက်နေသူ၊ ဖြည့်စွက်စာမကျွေးသေးဘဲ နို့ပဲ အချိန်ပြည့်တိုက်နေသူတွေကိုသာ ဆိုလိုပါတယ်။ ၆လနောက်ပိုင်းမှာတော့ ကိုယ်ဝန်ရနိုင်ချေများနေပြီဖြစ်လို့ တားဆေးတစ်မျိုးမျိုးကိုစတင်အသုံးပြုသင့်ပါပြီ။

(၂)။လိင်ဆက်ဆံနေတုန်း အပြင်ကိုထုတ်ပြီး သုက်လွှတ်တာကလည်း ကိုယ်ဝန်တားတဲ့နည်းလမ်းအနေနဲ့သုံးနိုင်ပါတယ်။ Failure rate များပါတယ်။ လူ၁၀၀မှာ ၁၀-၃၀ထိကိုယ်ဝန်ရသွားနိုင်ပါတယ်။ အမျိုးသားမသိလိုက်တဲ့အချိန်တွေမှာ အထဲမှာ သုက်ထွက်သွားတာဖြစ်နိုင်လို့ပါ။

(၃)။သားကြောဖြတ်ခြင်းများပာာလည်း ကိုယ်ဝန်တားတဲ့နေရာမှာ အသုံးပြုပါတယ်။ မိန်းမသားကြောဖြတ်ခြင်းရှိသလို ယောက်ျားသားကြောဖြတ်ခြင်းလည်းရှိပါတယ်။ မိန်းမသားကြောဖြတ်တယ်ဆိုတာက သားဥပြွန်လမ်းကြောင်းကို ဖြတ်လိုက်တာဖြစ်ပါတယ်။ တိုးတက်တဲ့နိုင်ငံတွေမှာတော့ အပြီးမဖြတ်ဘဲ ပိတ်လိုက်တဲ့နည်းကို သုံးပါတယ်။ ကျနော်တို့ဆီမှာတော့ အပြီး ဖြတ်တဲ့နည်းကိုပဲသုံးတဲ့အတွက်ကြောင့် သားကြောမဖြတ်ခင် အသေအချာ စဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ ယောက်ျားသားကြောဖြတ်ခြင်းလည်း ဒီအတိုင်းပါပဲ၊ သုက်ပိုးထွက်တဲ့ လမ်းကြောင်းကို ဖြတ်ပစ်လိုက်တာပါ။ ယောက်ျားဖြတ်တာက ပိုပြီး လွယ်ပါတယ်။ ထုံဆေးနဲ့တင်လုပ်လို့ရပါတယ်။ တစ်ခုရှိတာက ယောက်ျားဖြတ်ရင် လမ်းကြောင်းထဲမှာ သုက်ပိုးတချို့ကျန်နေတတ်တဲ့အတွက်ကြောင့် ဖြတ်ပြီး ၂လ၃လထိ ကိုယ်ဝန်ရနိုင်သေးပါတယ်။

အရေပြားအောက်တွင် ပောာ်မုန်းထွက်သော ဆေးထည့်ထားတဲ့နည်းလမ်းက ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အသုံးများပါတယ်။ လက်မောင်းအပေါ်ဘက်ကို နည်းနည်းလေးခွဲစိတ်ပြီး ထည့်တာပါ။ ၃နှစ်ခံပြီး အရမ်း ကောင်းပါတယ်။ ကိုယ်ဝန်ရသွားတာမရှိပါဘူး။ ဆေးသောက်ဖို့မေ့တတ်တဲ့သူတွေအတွက် အသုံးဝင်ပါတယ်။ ပြန်ထုတ်ပြီးရင်လည်း ချက်ခြင်းကိုယ်ဝန်ရနိုင်ပါတယ်။
ကလေးမလိုချင်သေးတဲ့သူတွေ အနေနဲ့ အထက်ဖြော်ပပါနည်းလမ်းတစ်ခုခုနဲ့ ကိုယ်ဝန်တားထားသင့်ပါတယ်။ ကိုယ်ဝန်ရပြီးမှ ဖျက်ချတာထက်စာရင် ကိုယ်ဝန်တားထားတာက ပိုအဆင်ပြေပါတယ်။ ဆိုးကျိုးနည်းပါတယ်။ ငွေကုန်ကြေးကြသက်သာပါတယ်။ အန္တရာယ်ကင်းပါတယ်။

ဒေါက်တာ သူရိန်လှိုင်ဝင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...