ADB-JSP ဘွဲ့လွန်ပညာသင်ဆု အောက်တိုဘာလကုန်အထိ လျှောက်ထားနိုင်

Thursday, 03 October 2013


အာရှဖွံ့ဖြိုးမှုဘဏ်-ဂျပန်ပညာသင်ဆုအစီအစဉ် (ADB-JSP) ဘွဲ့လွန်ပညာသင်ယူရန် ပညာသင် ဆု များခေါ်ယူနေပြီး မြန်မာနိုင်ငံအတွက် ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ပညာသင်ဆုကို သီးခြားပေးအပ်သွား မည်ဖြစ်ကြောင်း ကြေညာထားသည်။

အမေရိကန်နိုင်ငံရှိ ဟာဝိုင်အီတက္ကသိုလ်တွင် ဘွဲ့လွန်ပညာသင်ယူရန် နိုဝင်ဘာ ၁ ရက်နောက်ဆုံး ထား လျှောက်ထားရမည်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသားများ လျှောက် ထားနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လတ်တလောလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန် ၂၀၁၄ ခုနှစ်အတွက် ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ပညာသင်ယူရန် မြန်မာကျောင်းသားတစ်ဦးကို သီးခြားရွေးချယ်မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်က အတည်ပြုထားသည်။

ပညာသင်ဆုအစီအစဉ်အတွက် ရွေးချယ်ခံရပါက ပညာသင်ယူပြီးဆုံးချိန်တွင် မိမိနိုင်ငံသို့ပြန်လာ၍ အလုပ်အကျွေးပြုရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို http://www.eastwestcenter. org တွင်ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည်။

7Day News Journal
Vol.12, No.30, OCTOBER 2, 2013

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...