Albania နိုင်ငံတွင် နေထိုင်သော အမျိုးသမီးများ အမျိုးသားများရသည့် အခွင့်အရေးကိုရနိုင်

Photo: Albania နိုင်ငံတွင် နေထိုင်သော အမျိုးသမီးများ အမျိုးသားများရသည့်အခွင့်အရေးကိုရနိုင်

Albania နိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုမျိုး အခွင့်အရေးကို ရနိုင်ကြပါတယ်။ ဒါပေမဲ့ ဒီလို အခွင့်အရေးရရှိဖို့အတွက်ကိုတော့ ထိုအမျိုးသမီးအနေနဲ့ တစ်သတ်တာလုံး အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှုပြုရမှာမဟုတ်ဘဲနဲ့ အပျိုစင်စစ်စစ်ဖြစ်ရမယ်လို့ ဆိုထားပါတယ်။

ဥရောပအရှေ့တောင်ပိုင်းမှာတည်ရှိတဲ့ Albania နိုင်ငံရဲ့ ဒီရိုးရာယဉ်ကျေးမှုဟာ 15 ရာစုခန့်ကတည်းက စတင်ခဲ့တယ်လို့ သိရပါတယ်။ Kanun လို့ အမည်ရတဲ့ ဒီရိုးရာယဉ်ကျေးမှုမှာတော့ အမျိုးသမီးများအတွက် အခြေခံအခွင့်အရေးကို ထည့်သွင်းစဉ်းစားထားခြင်းမရှိပါဘူး။ Kanun ဥပဒေအရ အမျိုးသမီးတစ်ယောက်က လက်ထပ်ထားသည်ဆိုလျှင် မဲမပေးနိုင်ပါဘူး, နာရီမ၀တ်နိုင်ပါဘူး, ဆေးလိပ်သောက်လို့မရပါဘူး, မြေယာဝယ်လို့မရပါဘူး, တချို့သောအဆောက်အအုံတွေထဲဝင်လို့မရပါဘူး။ စည်းမျဉ်းကိုချိုးဖေါက်ပါက သေဒဏ်အထိပေးခံရနိုင်ပါတယ်။

အမျိုးသားတွေလို တန်းတူအခွင့်အရေးရချင်သူများအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းရှေ့မှာ အပျိုစစ်ကြောင်း စစ်ဆေးခံရပြီး ဘယ်တော့အခါမှ လိင်မှုကိစ္စကိုပြုလုပ်မည်မဟုတ်ကြောင်း ၀န်ခံပြောကြားရပါတယ်။ ထိုသို့ပြောဆိုပြီးလျှင် အမျိုးသားတွေကဲ့သို့ ၀တ်နိုင်ခြင်း, အမျိုးတွေကဲ့သို့ သွားလာလှုပ်ရှားနိုင်ခြင်း, ကခုန်သီဆိုနိုင်ခြင်း, အရက်သောက်နိုင်ခြင်း, သေနတ်ကိုင်ဆောင်ခွင့်ရှိခြင်း နဲ့ အမျိုးတွေလုပ်သော အလုပ်အားလုံးကို လုပ်နိုင်မှာဖြစ်ပါတယ်။

ယခုအချိန်ကာလအထိ ရိုးရာယဉ်ကျေးမှုအစွဲကြီးသော မိဘများက သူတို့သမီးများကို Kanun ဥပေဒအတွင်းသို့ ၀င်ရောက်အောင် ဖိအားပေးခြင်းမျိုးလည်း ရှိပါသေးတယ်။ တစ်ခြားတစ်ဖက်အနေနဲ့လည်း များစွာသော အမျိုးသမီးများက သူတို့မိဘများဧ။်ထောက်ခံမှုနှင့်အတူ လက်ထပ်ခြင်းအားဖြင့်လည်း Kanun ဥပေဒကို ဆန့်ကျင်လျှက်ရှိပါတယ်။

Ref : http://en.wikipedia.org/wiki/Kanun

ဝင်းကို ( MM Social Sky )

Albania နိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုမျိုး အခွင့်အရေးကို ရနိုင်ကြပါတယ်။ ဒါပေမဲ့ ဒီလို အခွင့်အရေးရရှိဖို့အတွက်ကိုတော့ ထိုအမျိုးသမီးအနေနဲ့ တစ်သတ်တာလုံး အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှုပြုရမှာမဟုတ်ဘဲနဲ့ အပျိုစင်စစ်စစ်ဖြစ်ရမယ်လို့ ဆိုထားပါတယ်။
ဥရောပအရှေ့တောင်ပိုင်းမှာတည်ရှိတဲ့ Albania နိုင်ငံရဲ့ ဒီရိုးရာယဉ်ကျေးမှုဟာ 15 ရာစုခန့်ကတည်းက စတင်ခဲ့တယ်လို့ သိရပါတယ်။ Kanun လို့ အမည်ရတဲ့ ဒီရိုးရာယဉ်ကျေးမှုမှာတော့ အမျိုးသမီးများအတွက် အခြေခံအခွင့်အရေးကို ထည့်သွင်းစဉ်းစားထားခြင်းမရှိပါဘူး။ Kanun ဥပဒေအရအမျိုးသမီးတစ်ယောက်က လက်ထပ်ထားသည်ဆိုလျှင် မဲမပေးနိုင်ပါဘူး, နာရီမ၀တ်နိုင်ပါဘူး, ဆေးလိပ်သောက်လို့မရပါဘူး, မြေယာ ၀ယ်လို့မရပါဘူး, တချို့သောအဆောက်အအုံတွေထဲဝင်လို့မရပါဘူး။ စည်းမျဉ်းကိုချိုးဖေါက်ပါက သေဒဏ် အထိပေးခံရနိုင်ပါတယ်။

အမျိုးသားတွေလို တန်းတူအခွင့်အရေးရချင်သူများအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းရှေ့မှာ အပျိုစစ်ကြောင်း စစ်ဆေးခံရပြီး ဘယ်တော့အခါမှ လိင်မှုကိစ္စကိုပြုလုပ်မည်မဟုတ်ကြောင်း ၀န်ခံပြောကြား ရပါတယ်။ ထိုသို့ပြောဆိုပြီးလျှင် အမျိုးသားတွေကဲ့သို့ ၀တ်နိုင်ခြင်း, အမျိုးတွေကဲ့သို့ သွားလာ လှုပ်ရှားနိုင်ခြင်း, ကခုန်သီဆိုနိုင်ခြင်း, အရက်သောက်နိုင်ခြင်း, သေနတ်ကိုင်ဆောင်ခွင့်ရှိခြင်း နဲ့ အမျိုးတွေ လုပ်သော အလုပ်အားလုံးကို လုပ်နိုင်မှာဖြစ်ပါတယ်။

ယခုအချိန်ကာလအထိ ရိုးရာယဉ်ကျေးမှုအစွဲကြီးသော မိဘများက သူတို့သမီးများကို Kanun ဥပေဒ အတွင်းသို့ ၀င်ရောက်အောင် ဖိအားပေးခြင်းမျိုးလည်း ရှိပါသေးတယ်။ တစ်ခြားတစ်ဖက် အနေနဲ့ လည်း များစွာသော အမျိုးသမီးများက သူတို့မိဘများဧ။်ထောက်ခံမှုနှင့်အတူ လက်ထပ်ခြင်း အားဖြင့်လည်း Kanun ဥပေဒကို ဆန့်ကျင်လျှက်ရှိပါတယ်။

Ref : http://en.wikipedia.org/wiki/Kanun
ဝင်းကို ( MM Social Sky )

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...