ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဝေဒနာဆိုသည်မှာ
.jpg)
ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဝေဒနာဆိုတာက တွေးခေါ် ပြုမုခံစားမူတွေမှာ လူအများနဲ့မတူဘဲ ကြာရှည်သွေဖွယ်နေတာမျိုးကို ဆိုလိုပါတယ်။ ပြင်းထန်တဲ့ စိတ်လူပ်ရှားမူဖြစ်ခြင်း၊ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အပြုအမူတွေရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားခြင်းနဲ့ ဆက်ဆံရေးတွေမှာ ကြီးကြီးမားမား ပြဿနာရှခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေ ခံစားရတတ်ပါတယ်။
ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဝေဒနာဟာ ကလေးဘ၀မှာ စတင်ဖြစ်ပေါ်တာများပါတယ်။ အများအားဖြင့်တော့ ကြီးကောင်ဝင်စအရွယ်မှာ သိသာထင်ရှားလာတတ်ပါတယ်။ ကုသမူက အလွန်အမင်း ခက်ခဲပြီး ကောင်းမွန်တိုးတက်ဖို့ရာအတွက် နှစ်နဲ့ချီပြီး အချိန်ယူရတတ်ပါတယ်။
ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဝေဒနာရှိသူတို့တွင် တွေ့ရတတ်သော လက္ခဏာများ
လူတိုင်းလူတိုင်းမှာ တစ်ခါတစ်ရံ စိတ်ခံစားမူဆိုင်ရာ ဒါမှမဟုတ် အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ သင့်မှာ မသိသာတဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဝေဒနာတွေရှိနေရင်တော့ ဘ၀တစ်လျှောက်လုံး ပေါ်သွားလိုက်၊ ပျောက်သွားလိုက် ဖြစ်တတ်ပြီး သင့်ဘ၀တစ်ခုလုံးကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ အတွေ့ရအများဆုံး လက္ခဏာရပ်တွေကတော့...
- ပြင်းထန်ထဲ့ စိတ်ခံစားမူရှိခြင်း၊
- မူးယစ်ဆေးသုံးစွဲခြင်း၊ အစားအသောက်ကို အလွန်အကြူးစားသောက်ခြင်းနဲ့ အဆင်အခြင်မဲ့စာ ကားမောင်းခြင်းတို့လို စိတ်လိုက်မာန်ပါ အပြုအမူရှိခြင်း၊
- ပေါင်းသင်းဆက်ဆံမူဆိုင်ရာ ပြဿနာရှိခြင်း၊
- ဘာခံစားချက်မှ မရှိခြင်း၊
- ဒေါသနဲ့ ဆက်စပ်တဲ့ အပြုအမူရှိခြင်း၊
- ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်ခြင်း၊
- ကိုယ့်ကိုယ်ကိုယ်သတ်သေလိုတဲ့ အတွေးဝင်ခြင်း၊ ကြံစည်ဖူးခြင်း၊
- တစ်ပါးသူအပေါ် ယုံမှားသံသယ လွန်ကဲလွန်းခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။
အထီးကျန်နေတတ်ခြင်းနဲ့ လူတွေနဲ့ အပေါင်းအသင်းမလုပ်လိုခြင်းတွေကလည်း ကိုယ်ရည်ကိုယ်သွေး ဆိုင်ရာ ဝေဒနာတွေဖြစ်တတ်တာကြောင့် ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။
ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဝေဒနာဖြစ်ရသည့် အကြောင်းရင်းများ
လူဦးရေ ၁၀၀မှာ နှစ်ဦးခန့်ဟာ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဝေဒနာခံစားနေရပေမယ့် ဖြစ်ရတဲ့အကြောင်းရင်း တိတိကျကျ မသိကြသေးပါဘူး။ စိတ်ကို ထိန်းချုပ်ရာမှာပါဝင်တဲ့ ဦးနှောက်ထဲက ဓာတုဖြစ်စဉ်ပြဿနာကြောင့် ဖြစ်နိုင်သလို မျိုးရိုးလိုက်ပြီးလည်း ခံစားရတတ်ပါတယ်။
ကလေးဘ၀တုန်းက လစ်လျူရူပစ်ပယ်ခံရတာ၊ မိဘသေဆုံးတာ၊ စိတ်ဒဏ်ရာရခဲ့တာ စတဲ့ အကြောင်းတွေကြောင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဝေဒနာရလွယ်တတ်ပါတယ်။
ကုသမူ
ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဝေဒနာကိုကုသလို့ရပေမယ့် လုံးဝပျောက်ကင်းဖို့တော့ မလွယ်ပါဘူး။ အချိန်ကြာမြင့်တဲ့အထိ နှစ်သိမ့်ဆွေးနွေးပေးတာက ကုသမူမှာအရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ နှစ်သိမ့်ဆွေးနွေးပေးမယ့်သူနဲ့ တွေ့ဆုံဆွေးနွေးနေချိန်မှာပဲ ဆေးဝါးကုသခံယူဖို့ လိုအပ်ပါတယ်။ ဆေးကုသမူ ခံယူရာမှာ စိတ်ရှည်ရှည်ထားဖို့လိုပြီး တိတိကျကျ လိုက်နာရပါမယ်။
ဇွန်ခိုင်ဦး -ဆေးဝါးကျွမ်းကျင်မူ တက္ကသိုလ်