အမေရိကန် ဗားမောက်တက္ကသိုလ်က ပညာသင်ဆုဒေါ်လာ ၁၀,၀၀၀ စတင်လျှောက်ထားနိုင်


အမေရိကန်နိုင်ငံ ဗားမောက်တက္ကသိုလ်က မြန်မာနိုင်ငံက ထူးချွန်တဲ့ မြန်မာကျောင်းသား၊ ကျောင်းသူ တွေကို ပညာသင်ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိပေးမယ်လို့ Crown Education ကသိရပါတယ်။

အဲသည်ပညာသင်ထောက်ပံ့ကြေး ဒေါ်လာ ၁၀,၀၀၀ အတွက် သီးသန့်လျှောက်စရာမလိုဘဲ ဆယ်တန်း သို့မဟုတ် အိုင်ဂျီစီအက်စ်အီး အမှတ်နဲ့ အင်တာဗျူး ဖြေဆိုတဲ့အမှတ်ပေါ်ဆုံးဖြတ်ပြီး ချီးမြှင့်မှာ ဖြစ်ပါတယ်။ အဲသည်တက္ကသိုလ်ကို ဝင်ခွင့်ရပါက ကျန်စာသင်နှစ်တွေမှာ ပညာသင်ထောက် ပံ့ကြေးတွေ ရရှိနိုင်တယ်လို့ Crown Education ကသိရပါတယ်။

ဆယ်တန်းအောင် သို့မဟုတ် အုင်ဂျီစီအက်စ်အီး အောင်မြင်ထားသူတွေအနေနဲ့ SAT ရမှတ်မလိုဘဲ အမေရိကန် တက္ကသိုလ်ပထမနှစ်နဲ့ ညီမျှတဲ့ Global Gateway Program ကိုလျှောက်နိုင်ပါတယ်။ အဲသည် ပရိုဂရမ်က နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဝင်ခွင့်ခေါ်ယူတာဖြစ်ပြီး အမေရိကန် တက္ကသိုလ်ပညာရေးစနစ်မှာ လိုအပ်မယ့်ပညာအဆင့်ကျွမ်းကျင်မှုတွေကို သင်ကြားပေးပါ တယ်။

သင်ယူနိုင်တဲ့ ဘာသာရပ်တွေက စိုက်ပျိုးရေးနဲ့ လူမှုရေးသိပ္ပံ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ စီးပွားစီမံ၊ ပညာရေးနဲ့ လူမှု ရေးဝန်ဆောင်မှု၊ အင်ဂျင်နီယာ၊ သူနာပြု၊ သဘာဝပတ်ဝန်းကျင်စတဲ့ ဘာသာရပ်တို့ဖြစ်ပါတယ်။

ဝင်ခွင့်ဆိုင်ရာ အင်္ဂလိပ်စာအရည်အချင်း IELTS 6.0 ရှိဖို့လိုအပ်ပါတယ်။ Global Gateway Program မှာ ရှစ်လာကြာမြင့်မှာဖြစ်ပြီး ဒီဂရီဒုတိယနှစ် ပရိုဂရမ်မှာနှစ်သက်တဲ့ မေဂျာတွေကိုရွေးချယ်တက် ရောက်နိုင်ပါတယ်။ ကျောင်းဖွင့်ချိန်က ဇန်နဝါရီလနဲ့ သြဂုတ်လတို့ဖြစ်ပြီး တစ်နှစ်စာကျောင်းလခ အမေရိကန်ဒေါ်လာ ၃၄,၆၀၀ ခန့်နဲ့ နေထိုင်စားသောက်စရိတ်က ဒေါ်လာ ၁၀,၀၀၀ ကျော်ကုန်ကျမယ် လို့ Crown Eduacation က သိရပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ် ၃၇၈၊ အောက်တိုဘာ ၁၁၊ ၂၀၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...