အစိုမပျံအောင် ထိန်းပေးတဲ့ ဆီလီကာစားမိတဲ့အခါ


Health Updates Journal No. 86

ဆီလီကာ (silica) ဟာ ဓါတုဗေဒအမည်အားဖြင့် ဆီလီကွန်ဒိုင် အောက်ဆိုဒ်ဖြစ်ပါတယ်။ ဆီလီကာ အလုံးတစ်လုံးရဲ့မျက်နှာပြင်မှာ သန်းပေါင်းများစွာသော အပေါက်ငယ်ကလေးများပါဝင်ပြီး ရေကိုတွဲစုပ်ထား နိုင်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးကတင်ပို့လာတဲ့ ကုန်ပစ္စည်းတွေကို အစိုမပျံအောင် ဆီလီကာဂျယ်လီဖြစ်စေ၊ ဆီလီကာအစေ့ဖြစ်စေ ထည့်သွင်းထုပ်ပိုးရပါတယ်။

မကြာခဏအဖွင့်အပိတ်လုပ်ရတဲ့ သောက်ဆေးပုလင်းတွေမှာလည်း ဆီလီကာသုံးစွဲရပါတယ်။ ယေဘုယျအားဖြင့် ဆီလီကာကို စားမိလျှင် အန္တရာယ်မရှိပါဘူး။ ဆီလီကာစေ့ တွေဝါးစားပြီး မျိုချဖို့ဆိုတာ ပိုလို့ တောင်ခက်ပါတယ်။ ဆီလီကာရဲ့ သဘာဝအရ ရေမှန်သမျှစုပ်ယူနိုင်တာကြောင့် ပါးစပ်ထဲထည့်လိုက်တာနှင့် အာခေါင်၊ ပါးစောင်တွေခြောက် သွားပြီး အစေ့တွေကပ်နေမှာဖြစ်ပါ တယ်။
ကလေးငယ်တွေအနေနှင့် အာခေါင်ခြောက်တာ၊ မခြောက်တာ မသိဘဲ မျိုချမိတဲ့အခါ ဆိုးကျိုးအနည်းငယ်တော့ဖြစ်တတ်ပါတယ်။ မျက်စိ ခြောက်ပြီးေ၀၀ါးလာခြင်း၊လည်ချောင်းခြောက်ကပ်ပြီး ပျို့ချင်သလို၊ အန်ချင်သလိုဖြစ်ခြင်း၊ အသက်ရှူလမ်းကြောင်း ခြောက်ကပ်ပြီးနှာခေါင်းထဲတွင် ကျိန်းစပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်းတို့ဖြစ်တတ်ပါတယ်။

အရောင်မရှိတဲ့ ဆီလီကာဟာ ပြဿနာသိပ်မပေးတတ်ပေမယ့် cobalt II chloride ပါဝင်တဲ့ အပြာရောင်၊ ပန်းရောင်၊ methyl voilet ပါဝင်တဲ့ လိမ္မော်ရောင်၊ အစိမ်းရောင်အစေ့တွေစားမိတဲ့အခါ ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ရှိပါ တယ်။ မည်သည့်အရောင်ရှိသည်ဖြစ်စေ ဆီလီကာစေ့တွေမစားမိတာ အကောင်းဆုံးဖြစ်ပါတယ်။

သီဟ
Source:discovery
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...