ကင်ဆာရောဂါဆိုင်ရာ အယူအဆအမှားများ


Health Updates Journal No. 86

ခြင်ဖြန်းဆေးတွေဟာ ကင်ဆာဖြစ်စေသလား
အိမ်သုံးခြင်နိုင်ဆေး၊ ပိုးသတ်ဆေးတွေဟာ ကင်ဆာဖြစ်စေတယ်ဆိုတာ သက်သေခိုင်လုံစွာ မတွေ့ ရသေးပါဘူး။ လေ့လာမှုများအရ အိမ်သုံးပိုးသတ်ဆေးတွေဟာ ကြွက်များ၌သာ ကင်ဆာဖြစ်စေကြောင်း တွေ့ရှိထားပါတယ်။ ကြွက်တွေနှင့် စမ်းသပ်တဲ့အခါမှာလည်း လူတို့နေ့ စဉ်ထိတွေ့နေတဲ့ အိမ်သုံးပိုးသတ်ဆေးပမာဏအတိုင်းမဟုတ်ဘဲ အဆပေါင်းများစွာပြင်းထန်တဲ့ ပိုးသတ် ဆေးကိုသုံးစွဲခဲ့တာဖြစ်ပါတယ်။

ကင်ဆာရောဂါကို ခွဲစိတ်ကုသလျှင် ရောဂါပျံ့နှံ့မှုပိုမြန်သလား
ကင်ဆာအကျိတ်ကို ခွဲစိတ်ကုသဖို့လိုတဲ့အခါ ခွဲစိတ်ခြင်းသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါတယ်။ အချို့ကင်ဆာရောဂါတွေဟာ နောက်ဆုံးအဆင့်ရောက်မှသာ လက္ခဏာပြတတ်ပြီး ပျောက်ကင်း ရန်ခက်ခဲသည့်အချိန်ရောက်မှ ဆေးရုံဆေးခန်းရောက်လာလေ့ရှိပါတယ်။ ထိုအချိန်၌ ခွဲစိတ်ကုသမှုအပါအ၀င် ကုသမှုများစွာတစ်ပြိုင်နက်ပေးလေ့ရှိသော်လည်း ကုသမှုခံယူပြီး မကြာခင်ရောဂါကျွမ်း၍ သေဆုံးလေ့ရှိသောကြောင့် ခွဲစိတ်ကုသရန် ကြောက်ရွံ့သည့်အယူအဆမှားများ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

ဒဏ်ရာဟောင်းတွေ ကင်ဆာဖြစ်လာတတ်သလား
ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့နာမှန်သမျှ ကင်ဆာမဖြစ်တတ်ပါဘူး။ ဖြစ်တောင့်ဖြစ်ခဲအနေနှင့် ဒဏ်ရာရလို့ ဆေးခန်းပြခါမှ ကင်ဆာဖြစ်နေတာ တွေ့ရတာမျိုးရှိပေမယ့် ဒဏ်ရာကြောင့် ကင်ဆာဖြစ်တာမဟုတ်ပါ ဘူး။ မိမိအသက်ကို မိမိရန်ရှာတဲ့အနေနှင့် ဓါတုဆေးရည်တွေမျိုချ တဲ့အခါအစာရေမျိုပြွန် (oesophagus) မှာဒဏ်ရာရပြီး အသက်မသေတဲ့အခါ နောက်ပိုင်းမှာ အစာရေမျို ကင်ဆာဖြစ်တတ်ပါတယ်။

အသားဟင်းစားတာ ကင်ဆာဖြစ်တတ်သလား
အသားဟင်း၊ ငါးဟင်းစား သောက်မှုကြောင့် ကင်ဆာမဖြစ်နိုင်ပါဘူး။ အသားကင်၊ ငါးကင်စားလျှင်တော့ ကင်ဆာဖြစ်နိုင်ပါတယ်။ အသား၊ ငါးနှင့်တိုက်ရိုက်မသက်ဆိုင်ပေမယ့် အသား၊ ငါးသာစားပြီး အသီးအရွက်မစားတဲ့အခါမှာ မကြာခဏ၀မ်းချုပ်လေ့ရှိပြီး အူမကြီးကင်ဆာဖြစ်တတ်ပါတယ်။

သီဟ
Source:discovery

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...