အသားလှဖို့ စားကြစို့


Health Updates Journal No. 88

အပူပိုင်းအသီးများ
မာလကာသီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ကီဝီသီးနှင့်အခြားအပူပိုင်းသီးနှံများတွင် ပါဝင်သော ဗီတာ မင် C က အသားအရေကိုပျက်စီး စေသည့် free radical ကို တားဆီး ပေးပြီး အင်တီအောက်ဆီးဒင့်ကိုရရှိ စေသည်။ ဗီတာမင် C က အသားအရေ ကို တင်းရင်းစေသည့် Collagen ကို ဖြည့်ဆည်းပေးသည်။

ဘရိုကိုလီ
ယင်းတွင် ဗီတာမင် C နှင့် E ပါဝင်သည်။ အသားအရေကျန်းမာ နူးညံ့စေရန် ဘရိုကိုလီရှိဗီတာမင် C က ကာကွယ်ပေးသည်။ အရေပြားဆဲလ်များကို ခရမ်းလွန်ရောင် ခြည်၏ပျက်စီးမှုဒဏ်ကို ကာကွယ်ပေးသည်။

ဗံဒါစေ့
ဗီတာမင် E ပါဝင်ပြီး အရေပြားကို အာဟာရပေးစွမ်းကာ ခရမ်းလွန်ရောင်ခြည်ကြောင့် အသား အရေပျက်စီးမှုကို မဖြစ်စေပါ။

မုန်လာဥနီ
ယင်းတွင် “ဘီတာခရို တင်း”မြင့်မားစွာပါဝင်ပြီး ခန္ဓာကိုယ် တွင်းရှိဗီတာမင် A ကိုဖြစ်စေသော အင်တီအောက်ဆီးဒင့်တစ်မျိုးကို ရရှိ စေသည့်အရေပြားတစ်သျှူးများကို ပြုပြင်ပေးပြီး စူးရှသောနေရောင်ဒဏ်ကို တားဆီးပေးသည်။

ရွှေဖရုံသီး
“ဇင့်” ဓာတ်ကြွယ်ဝပြီး ဆဲလ် အလွှာပါးများတွင် Collagen ကို ထိန်းသိမ်းပေးပြီး အရေပြားအသစ် များကို ဖြစ်စေသည်။

ငါး
ဆယ်လ်မွန်၊ ငါးကွန်းရှပ်၊ ငါးသေတ္တာငါး၊ ငါးသလောက်၊ ငါးပါးနီစသည်တို့တွင် အိုမီဂါ ၃ ပါဝင်ပြီး ယင်းက ဆဲလ်အလွှာများ ကို နေရောင်၏ပျက်စီးမှုအား ကာကွယ် ပေးပြီး အရေပြားကင်ဆာ ဖြစ်ပွား မှုကို လျော့ချပေးနိုင်သည်။ အရေ ပြားတွင် အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ရောင်ရမ်း ခြင်းများ မဖြစ်စေပါ။ သို့သော် ကြာကြာ ကြော်ထားသောငါးကြော်ကို စားမည့်အစား ငါးကင်၊ ငါးပြုတ်များ ကို စားသင့်သည်။

ရေ
အဆိပ်အတောက်များ ပျက် ပြယ်စေပြီး အသားအရေကို ကြည် လင်တင်းရင်းစေသည်။ ရေများ များသောက်ခြင်းဖြင့် ရေဓာတ်ကို ဖြည့်စွမ်းပေးနိုင်ပြီး ကိုယ်တွင်း အင်္ဂါများ၏လုပ်ငန်းစဉ် များကိုလည်း ပုံမှန်လည်ပတ်ပေးနိုင်သည်။

ထူး 
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...