လက်ချောင်းများကိုသုံး၍ မျက်နှာပင့်တင်လေ့ကျင့်နည်းများ


Health Updates Journal No. 88

လေ့ကျင့်ခန်း(၁)
မေးရိုးတစ်ဝိုက် ကြွက်သားများ ပျော့ ကျလာခြင်း၊ ပါးများအိတွဲခြင်းအတွက်၊ မျက်နှာရှိနှုတ်ခမ်းစွန်း (၂)ဖက်ကို လက်နှစ်ဖက်၏လက်ခလယ် ဖြင့် ဘေးဖက်ကို ဆွဲပါ။ ခပ်ကျယ်ကျယ်ပြုံးထားပါ။ လက်ခလယ်နှင့်ဆွဲ ၍ ၁ မှ ၆အထိ ရေတွက်ပြီး ရပ်ထား ပါ။ ဤအနေအထားအတိုင်း (၆)ကြိမ်ပြုလုပ်ပါ။ အောက်နှုတ်ခမ်းရှိ မေးများကို ဆွဲဆန့်ထားဖို့ လိုသည်။ လေ့ကျင့်ခန်းလုပ်နေစဉ် “အီး”ဟူ သောအသံပြုသကဲ့သို့ နှုတ်ခမ်း အနေအထားရှိပါစေ။ လေ့ကျင့်ခန်း (၂)ကို မပြုလုပ်မီ အထက်ပါနည်း အတိုင်း (၆)ကြိမ် (၂) ခါပြုလုပ်ပါ။ ညင်သာစွာ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၂)
ပါးကို အပေါ်ကို ပင့်တင်ပါ။ လက် (၂)ဖက်မှ လက်ခလယ်(၂)ချောင်းကို တစ်ဖက်စီအသုံးပြုပြီး ပါးများကို အပေါ်သို့ ပင့်တင်ပါ။ နားထင်ဖက်သို့ ရောက်အောင် ပြုံးပါ။ (၆)ကြိမ်ခပ်ဖြည်းဖြည်းချင်း ပြု လုပ်ခြင်းဖြင့် ပါးမှ ကြွက်သားများ ကို တင်းပါစေ။ အထက်ပါအတိုင်း (၁)မှ (၆)ရေတွက်ပြီး ခေတ္တရပ်ပါ။ နောက်ထပ် (၆)ကြိမ် ထပ်လုပ်ပါ။ လေ့ကျင့်ခန်းပြီးတိုင်း လေရှုရှိုက်ပြီး ဖြေလျော့ရန် မမေ့ပါနှင့်။ သွားကိုလည်း ကြိတ်မထားရပါ။

လေ့ကျင့်ခန်း(၃)
ပါးပေါ်မှ ရယ်သည့် လိုင်းများ၊ နှာခေါင်းဘေး(၂)ဖက်မှ လိုင်းများ၊ မျက်လုံးအောက်အိတ်များ စသည့် မျက်နှာတစ်ပြင်လုံးကို ပင့်တင်ရန် အတွက် ပါး(၂)ဖက်ပေါ်ရှိ ရယ်သည့် လိုင်းတစ်လျှောက်ကို လက်ညိုး တစ်ဖက်စီဖြင့်ထိပြီး ပါးပြင်ပေါ် ကြွက်သားလိုင်း(၄)ကြောင်းဟုမှတ်ယူ၍ အပေါ်သို့ ပင့်တင်ပါ။
ထုံးစံအတိုင်း (၁ မှ ၆)ရေတွက်၍ ခေတ္တပင့်ထားပါ။ ဤကဲ့သို့ အပြန် အလှန် (၆)ကြိမ် (၂)ခါ ပြုလုပ်ပါ။ အပေါ်သို့ ပင့်တင်ရ အဆင်ပြေရန် အပေါ်နှုတ်ခမ်းကို အနည်းငယ် ဟထားပါ။ လေ့ကျင့်ခန်း(၃)ခုလုံးပြီး လျှင် ခေါင်း၊လည်ပင်း၊ခန္ဓာကိုယ်ကို ဖြေလျော့ပါ။

HT
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...