သင့်ကလေး သန်းတွယ်နေပြီလား


Health Updates Journal No. 87

နေ့ကလေးထိန်းကျောင်း၊ မူကြိုကျောင်းထားတဲ့ ကလေးတွေမှာ သန်းတွယ်တတ်ပါတယ်။ ကလေးတွေနှင့် နီးနီးကပ်ကပ်နေတဲ့ လူကြီးတွေကိုလည်း သန်းကူးတတ်ပါတယ်။ လူရဲ့ ဦးရေပြားမှာနေထိုင်တဲ့ သန်းဟာ အမြင့်မခုန်နိုင်တာကြောင့် ခေါင်းချင်း၊ ဆံပင်ချင်း ထိစပ်မှုရှိမှသာ ကူးနိုင်ပါတယ်။

သန်းတွယ်တွယ်ချင်း မသိနိုင်သေးဘဲ ဘီးဖီးရင်း၊ ခေါင်းကုတ်ရင်း သန်းကျလာမှ သိရတတ်ပါတယ်။ အချို့ကလေးတွေမှာ သန်းကိုဓါတ်မတည့်တာကြောင့် ချက်ချင်းအဖု အပိမ့်တွေထလာသလို ခေါင်းကုတ်ထားတဲ့အနာကို နောက်ထပ်ရောဂါပိုး ၀င်တဲ့အခါ ရောင်ကိုင်းလာတတ်ပါတယ်။
သန်းတွယ်မှန်းသိတာနှင့် ခေါင်းလျှော်ပေးပါ။ ရှန်ပူသုံးပါ။ ဆီလိမ်းပါ။ ကလေးရဲ့ခေါင်းအုံးစွပ်ကို လျှော်ပါ။ဘီးစိတ်နှင့်တိုက်ချပါ။ အခြား ကလေးများကိုလည်း သန်းရှိ မရှိစစ်ဆေးပါ။ ကျောင်းဆရာ/ ဆရာမကို အကြောင်းကြားပါ။

ဂန္ဓမာပန်းကရတဲ့ ဓါတုပစ္စည်းတွေကို အသုံးပြုထားတဲ့ ခေါင်းလျှော်ရည်၊ ဖြန်းဆေးတွေဟာ သန်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ chrysant hemum extract လို့စာတန်းပါတဲ့ ဆေးရည်တွေအသုံးပြုနိုင်ပါတယ်။ ရှာလကာရည်ဟာလည်း သန်းဥတွေကို ကွာကျစေပါတယ်။ ညမအိပ်ခင် ရှာလကာရည်လိမ်းပြီး ခေါင်းကိုတဘက်ပတ်အိပ်ပါ။

သန်းတွယ်တာဟာ အများယူဆကြသလို အဆင့်အတန်းနိမ့်လို့၊ ညစ်ပတ်လို့ဖြစ်ရတာ မဟုတ်ပါဘူး။ မိသားစုမရွေး၊ အတန်းအစားမရွေး ဖြစ်တတ်ပါတယ်။ သန်းတစ်ကောင်ဟာ ရေအောက်မှာ ခြောက်နာရီကြာအောင် အသက်ရှင်နေနိုင်တာကြောင့် ရေမှန်မှန်ချိုး၊ ခေါင်းမှန် မှန်လျှော်တဲ့ ကလေးတွေမှာလည်း သန်းတွယ်နိုင်ပါတယ်။

သီဟ
Source:WebMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...