ရောဂါများကို အန်တုနိုင်သော နာမည်ကျော် အားကစားသမားများ


Health Updates Journal No. 87

မိုက်ကယ်လ်ဖဲလ်စ်
အိုလံပစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်များစွာ ဆွတ်ခူးနိုင်ခဲ့သော အမေရိကန်ရေကူးအားကစားသမား မိုက်ကယ်ဖဲလ်စ်သည် ငယ်ရွယ်စဉ်က အာရုံပျံ့လွင့်ပြီး ဂနာမငြိမ်သည့် ADHD ရောဂါခံစားခဲ့ရသူဖြစ်သည်။ စာကောင်းစွာမလိုက်နိုင်ဘဲ ပညာရေးနှင့်လူမှုရေးဆိုင်ရာ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ မိုက်ကယ် ဖဲလ်စ်တွင် အစ်မနှစ်ယောက်ရှိပြီး နှစ်ယောက်စလုံး ရေကူးအားကစားသမားများဖြစ်ကြရာ မိခင်ဒက်ဘီက မိုက်ကယ်အား အာရုံစူးစိုက်မှု အားကောင်းစေရန် အစ်မများနည်းတူ ရေကူးလေ့ကျင့်ပေးရာမှ ကမ္ဘာကျော်အားကစားသမားဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဆရီနာဝီလျံ
ကမ္ဘာကျော်တင်းနစ်အားကစားမယ် ဆရီနာဝီလျံသည် ၂၀၁၁ ခုနှစ်က ခြေထောက်ခွဲစိတ်မှုအပြီး အဆုတ်တွင် သွေးခဲပိတ်ဆို့မှုကြောင့် အသက်ဆုံးရှုံးလုနီး ဖြစ်ခဲ့ရသည်။ တင်းနစ်လောကမှ (၁၀) လကြာ အနားယူခဲ့ရပြီး ကမ္ဘာ့အဆင့် (၁၇၅) သို့ကျသွားခဲ့သည်။ သို့သော်စိတ်ဓါတ် ကြံ့ခိုင်စွာနှင့် ကြိုးစားမှုကြောင့် ကမ္ဘာ့အဆင့် (၁) နေရာပြန်လည် ရရှိခဲ့သည်။

ဟုပ်ဆိုလို
အမေရိကန်အမျိုးသမီးလက်ရွေးစင်ဘောလုံးသမား ဟုပ်ဆိုလို သည် ၎င်း၏ဖခင်နှင့်အချစ်ဆုံးမိတ်ဆွေတို့ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးခဲ့ ခြင်းကြောင့် စိတ်ကျရောဂါရပြီး အမျိုးသမီးလက်ရွေးစင်အသင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ သို့သော်လည်း ရှုံးနိမ့်မှု၊ ဆုံးရှုံးမှုကို လက်သင့်ခံခဲ့ပြီး စိတ်ကျရောဂါကုသမှု ခံယူခဲ့သောကြောင့် အမျိုးသမီးလက်ရွေးစင်ဂိုးသမားအဖြစ် ပြန်လည်အရွေးခံခဲ့ရသည်။

အဲလက်စ်ဒိုးဆက်
စက်ဘီးအားကစားသမား အဲလ်စ်ဒိုးဆက်သည် ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါရှိသူဖြစ် သည်။ သွေးမတိတ်ရောဂါရှိသူသည် သွေးထွက်သံယိုဖြစ်စေသည့် အားကစားများကို ရှောင်ကျဉ်ရမည်ဖြစ်သော် လည်း အဲလက်စ်သည် ဆေးဝါး စနစ်တကျသောက်သုံး၍ ယှဉ်ပြိုင်ခဲ့သည်။ မကြာခဏ စက်ဘီးမှောက်၍ အရိုးကျိုးသော်လည်း အချိန်တိုအတွင်း ပထမနေရာ ပြန်လည်ရယူစမြဲဖြစ်သည်။

ဇော်ကို
Source:health-central

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...