ဆီးချိုရောဂါမှာ အသုံးဝင်နိုင်မယ့် လက်ဖက်စိမ်းနဲ့ အချဉ်ဖောက်ထားတဲ့ သင်္ဘောသီး


Health Updates Journal No. 88

လက်ဖက်စိမ်းနဲ့ အချဉ်ဖောက်ထားတဲ့ သင်္ဘောသီးဟာ ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ မောရပ်သျှတက္ကသိုလ်မှ ဇီဝဆေး သိပ္ပံပညာရှင်များက ထုတ်ဖော်လိုက်ပါတယ်။

သုတေသီပါမောက္ခ Dr.Thee shan Bahorunuက “မောရပ်ရှ (Mauritius) နိုင်ငံထွက် လက်ဖက်စိမ်းဟာသွေးတွင်းအချိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ ထို့အတူပဲ အချဉ်ဖောက်ထားတဲ့ သင်္ဘောသီး (fermented papaya) မှာလည်း C-reactive ပရိုတင်းပမာဏနဲ့ ယူရစ်အက်ဆစ်ကို နည်းပါးစေတာကို မိမိတို့တွေ့ရှိခဲ့ ပါတယ်”လို့ ပြောကြားထားပါတယ်။ ဒီသုတေသနမှာ ပါဝင်သူ ၇၇ဦး ရှိခဲ့ပြီး ၄င်းတို့ဟာ ဆီးချိုဖြစ်နေသူများလည်း ဖြစ်ပါတယ်။ နှစ်လကြာလေ့လာမှုမှာ မောရပ်ရှ လက်ဖက်စိမ်းရည်ကို သောက်သုံးသူများနဲ့ ရိုးရိုးရေနွေးသောက်သူများကိုနှိုင်း ယှဉ်လေ့လာခဲ့ ပါတယ်။
ထို့နောက်မှာတော့ ပါဝင်သူများကို သွေးတွင်းဂလူးကို့စ်ဓာတ်၊ အဆီဓာတ်၊ ခုခံအားစနစ်နဲ့ အသည်းနဲ့ ကျောက်ကပ်ကျန်းမာရေးကို စမ်း သပ်ခဲ့ပါတယ်။“လက်ဖက်စိမ်းနဲ့ သင်္ဘောသီးဟာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေပါရှိနေပြီး ဆီးချိုသွေးချိုရောဂါကို ကာကွယ်နိုင်ပါတယ်။ ရောဂါရှင်များမှာ သွေးတိုးအချိုဓာတ် ကျဆင်းလာတာကို မိမိတို့တွေ့ရှိခဲ့ပါတယ်”လို့ Dr.Theeshan Bahorun က ရှင်းပြထားပါတယ်။

နောက်ပြီး အချဉ်ဖောက်ထားတဲ့ သင်္ဘောသီးဟာ၁၄ပတ်လောက် ကြာတဲ့အခါမှာ သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်နိုင်တယ်ဆိုတာကို ဖော် ထုတ်နိုင်ပါတယ်။ဒါ့အပြင် ဆီးချိုသွေးချို ဖြစ်စေနိုင်စေတဲ့ အချက်တွေ ဖြစ်တဲ့ ယူရစ်အက်ဆစ်၊ creatinine နဲ့ ကိုလက်စတီရောတွေကိုလည်း ပုံမှန် အခြေအနေမှာ ရှိနေစေပါတယ်။ ဒါ့အပြင် ခံတွင်းကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
ဆက်လက်လေ့လာနေတာကတော့ အာနိသင် အထိရောက်ဆုံး ဖြစ်စေမယ့် ပမာဏကို စံပြုသတ်မှတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလေ့လာမှုကို Journal of Nutrition မှာ ဖော်ပြ ထားတာဖြစ်ပါတယ်။

သက်နှင်း
ref;IANS
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...