ကော်ဖီက ဆယ်ကျော်သက်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို နှေးကွေးစေနိုင်
Health Updates Journal No. 88
ကော်ဖီကို တစ်နေ့သုံးခွက်မှ လေးခွက်အထိ သောက်သုံးခြင်းဟာ ဆယ်ကျော်သက်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို နှေးကွေးစေနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါ တယ်။ ဒီသုတေသနကို Zurich University,Children’s Hospital မှသုတေသီ Dr.Reto Huber နဲ့အဖွဲ့က လေ့လာခဲ့တာဖြစ်ပြီး ဆယ်ကျော်သက်တွေအပေါ် ကဖင်းဓာတ် ရဲ့ သက်ရောက်မှုကို လေ့လာနိုင်ခဲ့ပါတယ်။
ဆယ်ကျော်သက်တွေဟာ သင်ခန်းစာတွေကို ပိုမိုလေ့လာနိုင်စေဖို့၊ အိပ်မငိုက်စေဖို့ ကော်ဖီကို သောက်သုံးကြတာ ဖြစ်ပါတယ်။ ဒီလေ့လာမှု မှာ ကြွက်တွေကို စမ်းသပ်ခဲ့မှုအရ ကဖင်းဓာတ်ဟာယင်းတို့ရဲ့ ဦးနှောက်ထဲက အာရုံကြော ဖုထုံးများမှာ အာရုံကြော ဆက်သွယ်မှုသာမက အိပ်စက် တဲ့ကာလနဲ့ နှစ်ခြိုက်စွာအိပ်ပျော်/ မပျော်စတဲ့ အချက်တွေကို လွှမ်းမိုးမှုရှိနေပါတယ်။ ဆယ်ကျော်သက်ဘ၀မှာ ဦးနှောက်ဖွံ့ဖြိုးမှုဟာ အမြင့်ဆုံးဖြစ်ပြီး အရွယ်ရောက်ပြီဆိုရင် တဖြည်းဖြည်းကျသွားတဲ့ သဘာဝ ရှိပါတယ်။
“ဒီအရွယ်မှာ ဦးနှောက်ထိခိုက်စေမယ့် အပြုအမူ၊ ဘ၀နေထိုင်မှုတွေကို ရှောင်ကြဉ်ရမှာဖြစ်ပြီး ဒီလေ့လာမှုမှာတော့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ ကို နေ့စဉ်သုံးခွက်ထက် လျှော့သောက်ဖို့ ဆယ်ကျော်သက်တွေကို အကြံပြုလိုပါတယ်”လို့ Dr.Reto Huber က ပြောကြားထားပါတယ်။
အရွယ်မရောက်မီ ကြွက်တွေကို အလယ်အလတ် ပမာဏရှိတဲ့ ကော်ဖီကိုတိုက်ခဲ့ပြီး သူတို့ရဲ့ ဦးနှောက်မှာရှိတဲ့ အာရုံကြောခံစားမှု၊ စီးဆင်းမှုတွေကို တိုင်းတာလိုက်တဲ့အခါ နှေးကွေးသွားတာကို တွေ့ရပါတယ်။ ဒီလိုနှေးကွေးမှုဟာ လူသားတွေ အထူးသဖြင့် ဆယ်ကျော်သက်တွေမှာဖြစ်ရင် အိပ်စက်မှုကို တားဆီးခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုနှုန်းနှေးစေခြင်း စတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။
ဒီလေ့လာမှုမှာကော်ဖီကို ဆယ်ကျော်သက်တွေအနေနဲ့ လျှော့သောက်သင့်ပြီး ဖြစ်နိုင်ရင် ရေကို သောက်သုံးပေးဖို့ အကြံပြုထားပါတယ်။
ဒီလေ့လာမှုမှာကော်ဖီကို ဆယ်ကျော်သက်တွေအနေနဲ့ လျှော့သောက်သင့်ပြီး ဖြစ်နိုင်ရင် ရေကို သောက်သုံးပေးဖို့ အကြံပြုထားပါတယ်။
သက်နှင်း
ref;PTI
Health Updates Journal