မျက်ကွင်းညိုခြင်း


Health Updates Journal No. 87

မျက်ကွင်းညိုခြင်းနဲ့မျက်စိတစ်ဝိုက် ရောင်ရမ်းခြင်းက အဖြစ်များဆုံးပြဿနာတစ်ခုပါပဲ။ မှန်ထဲကြည့်လိုက်လို့ မျက်ကွင်းညိုနေပြီ မျက်ဝန်းတွေ ရောင်နေပြီဆိုရင်တော့ စိတ်ဓာတ်ကျမသွားပါနဲ့။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။

အဓိကဖြစ်စေတဲ့အကြောင်းတွေကတော့
(၁) မျက်စိတစ်ဝိုက်မှာရှိတဲ့အရေပြားက အခြားနေရာက အရေပြားတွေထက် ရောင်ခြယ်ပစ္စည်းပိုထုတ်လို့ပါ။ အာရှနဲ့အာဖရိကအနွယ်ဝင်တွေမှာ ပိုပြီး တွေ့ရလေ့ရှိပါတယ်။
(၂) ဒါ့အပြင် မျက်စိတစ်ဝိုက်အရေပြားက အခြားနေရာက အရေ ပြားတွေထက်ပိုပါးတဲ့အတွက် ရောင်ခြယ်တွေကို ပိုတွေ့ရတဲ့အတွက်ဖြစ်ပါတယ်။
(၃) မျက်စိတစ်ဝိုက်မှာရှိတဲ့သွေးကြောတွေကလည်း ပါးလွှားတဲ့အရေ ပြားကိုဖောက်ပြီး ပြင်ပအရေပြားပေါ်မှာ နက်ပြာရောင်အရေးအကြောင်းတွေ ပေါ်စေပါတယ်။
(၄) အသက်ကြီးလာတဲ့အခါမှာ မျက်စိအောက်က အရေအိတ်တွေက တွဲကျပြီး မျက်ကွင်းညိုမှုကို ပိုဖြစ်စေပါတယ်။
(၅)နေရောင်ခြည်နဲ့အလွန်အကျွံထိ တွေ့ခြင်းကလည်း မျက်ကွင်းညိုမှုကို ပိုဆိုးစေပါတယ်။
(၆)တစ်ခါတလေမှာတော့ အစားအသောက်မမျှတ၊အရက်၊ဆေးလိပ် သောက်တာများတာနဲ့အချို့သော ရောဂါတွေမှာ မျက်ကွင်းညိုမှုကို ပိုဆိုးစေပါတယ်။
(၇)တစ်ခါတစ်ရံဓာတ်မတည့်မှုအချို့ တွေမှာတော့ မျက်ဝန်းညိုခြင်းကို ဖြစ်ပေါ်စေတတ်ပြီးနှာစေးနေတဲ့ အခါမျိုးတွေမှာတော့ နှာခေါင်း သာမက မျက်ဝန်းတစ်ဝိုက်က သွေးကြောတွေပါ ရောင်ရမ်းလာပြီး မျက်ကွင်းညို စေပါတယ်။
(၈)ကိုယ်ဝန်ဆောင်ထားတဲ့အမျိုးသမီးတွေမှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် မျက်ကွင်းညိုမှု ဖြစ်ပေါ်စေပါတယ်။

ဘာတွေလုပ်ဆောင်နိုင်ပါသလဲ
ရွေးချယ်စရာအကောင်းဆုံးတစ်ခုကတော့ သခွားသီးပါပဲ။ သခွားသီးကပ်ပေးခြင်းအားဖြင့် မျက်ဝန်းတစ်ဝိုက်ကို ရေဓာတ်ဖြည့်ဆည်းပေးနိုင်ရုံသာမက မျက်ဝန်းအောက်က အညိုအမည်းကို ဖြစ်ပေါ်စေတဲ့ ရောင်ခြယ်အိတ်လေးတွေကို လျော့နည်းစေပါတယ်။
-မျက်ဝန်းညိုမှုကို ကုသရာမှာ အဓိကဖြစ်စေတဲ့အကြောင်းအရင်းကို သိဖို့လိုပါတယ်။ တကယ်လို့ မျက်ဝန်းညိုရတာ ရောင်ခြယ်ပစ္စည်းတွေ အဆမတန်ထွက်လို့ဆိုလျှင် retinoids လို အသားအရေဖြူဖွေးစေတဲ့ခရင်မ်တွေကို သုံးဖို့လိုပါ တယ်။
-အရေပြားအပေါ်ယံလွှာလေဆာ ကုထုံးကုသမှုခံယူခြင်းအားဖြင့်လည်း ရောင်ခြယ်ပစ္စည်းထွက်စေတဲ့ ဆဲလ်တွေကို လျော့ပါးသွားစေပါ တယ်။ ယင်းသို့လုပ်ခြင်းအားဖြင့်လည်း မျက်ကွင်းညိုမှုကို သက်သာစေပါတယ်။
-ဗီတာမင်ဘီအစုအဝေးပါဝင်တဲ့ ခရင်မ်တွေကလည်း မျက်ဝန်းတစ်ဝိုက် အရေပြားအောက်ရှိ သွေးကြောများ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
-မျက်ဝန်းရောင်ရမ်းခြင်းကိုတော့ ကော်ဖီသောက်ခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ ကော်ဖီသောက် ခြင်းအားဖြင့် အရေပြားရှိရေဓာတ်ကို လျော့နည်းစေပြီး မျက်ကွင်းရောင် ခြင်းကို သက်သာစေပါတယ်။
-မျက်ကွင်းပေါ်ကို စိုနေတဲ့လက် ဖက်ခြောက်ထုပ်နှစ်ထုပ်ကို ၁၀ မိ နစ်ခန့်တင်ထားခြင်းကလည်း မျက်ကွင်းရောင်မှုကို သက်သာစေပါ တယ်။

မိုင်ကိ
ref:WebMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...