မြင်းကိုက်လို့ပြတ်သွားတဲ့လက်ညိုးကို့ US မှ ဒေါက်တာက ပြန်လည် ဖွံ့ဖြိုးစေခဲ့


Health Updates Journal No. 87

ဖလော်ရီဒါတောင်ပိုင်းမှ ဆရာဝန်တစ်ဦးက သီးသန့်နည်းပညာတစ်ခုကို အသုံးပြုပြီး ပြတ်သွားတဲ့ လူရဲ့လက်ညိုးကို ပြန်လည်ဖွံ့ဖြိုးစေခဲ့ပါတယ်။ ယင်းဆရာဝန်၏ အမည်မှာ Dr. Eugenio Rod-riguez ဖြစ်ပြီး ၎င်း Paul Hal-perm ဆိုသူ၏လက်ကိုပြန်လည်ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ပေး ခဲ့ခြင်းဖြစ်သည်။ 
အသက် ၃၃ နှစ် အရွယ်ရှိတဲ့ Paul ဟာ မြင်းစာကျွေးဖို့အတွက် မြင်းစာခွက်ထဲ အစာထည့်ပေးစဉ် ဆာလောင်နေတဲ့ မြင်းက သူ့ရဲ့လက်ကို ကွက်ကီးနဲ့ မှားဆွဲသွားတဲ့အတွက် သူ့ရဲ့လက်ညိုးပြတ်ပါသွားခဲ့ပါတယ်။ Dr. Eugenio Rod-riguez ကတော့ ၀က်ရဲ့ဆီးအိတ်က တစ်သျှူး ကို အသုံးပြုပြီး Paul ရဲ့လက်ကို ပြန်လည်ပေါက်ဖွားစေခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာက ဒီလိုလုံးဝပြန်ကောင်းလာဖို့အတွက် အချိန် ၄ ပတ် ကနေ ၁၂ ပတ်ထိ ကြာတယ်လို့ ဆိုပါတယ်။

မိုင်ကိ
ref:ANI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...