အစားအစာ (ပရိုတင်း) နှင့် ကျန်းမာရေး



အစားအစာများသည် ခန္ဓာကိုယ်ကို အာဟာရဖြစ်စေပါသည်။ အစားအစာသည် အဆီများနှင့် ကာဗွန်ဟိုက်ဒရိတ်များကဲ့သို့သော လောင်စာများဖြင့် ထောက်ပံ့ပေးပါသည်။ ထိုအဆီများနှင့် ကာဗွန်ဟိုက်ဒရိတ်များသည် ခန္ဓာကိုယ်ထဲတွင် အမျိုးမျိုးသော လူပ်ရှားသွားလာမူများအတွက် လိုအပ်သော စွမ်းအင်များကို ဖြည့်စွက်ထောက်ပံ့ရန်ဓာတ်တိုးခြင်း (သို့မဟုတ်) အောက်စီဂျင်ပေါင်းခြင်း များ ဆောင်ရွက်ပေးပါသည်။ အစားအစာများသည် ခန္ဓာကိုယ်တည်ဆောက်မူအတွက် ပရိုတင်းကို ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်၏ တစ်သျှူး၊ အသားမျှင်များကိုလည်း ထိန်းသိမ်းပေးပါသည်။ အစားအစာသည် ဗီတာမင်နှင့် သတ္တုဓာတ်များကို ခန္ဓာကိုယ်ထဲတွင် အသက်ရှင်မူလုပ်ငန်းစဉ်များကို ထိန်းညှိပေးခြင်းဖြင့် ကူညီပေးပါသည်။ နေထိုင်မကောင်းခြင်း၊ မကျန်းမာခြင်းများကို ဆန့်ကျင်ကာ ခန္ဓာကိုယ်ကို ကူညီပေးပါသည်။


အမိုင်နိုအက်ဆစ်အမျိုးမျိုး

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်မှာ ဟစ်တီဒင်းလိုင်စင်း၊ ထရစ်တိုဖန်၊ ဖီနိုင်လ်လနင်း၊ မက်သီအိုနင်း၊ သီအိုနင်း၊ လူစင်း၊ အိုင်အိုလူစင်းနှင့် ဗေလင်းတို့ ဖြစ်ပါသည်။ တစ်ပိုင်းတစ လိုအပ်သော အမိုင်နိုအက်ဆစ်များမှာ အာဂျင်းနင်း၊ တိုင်ယိုစင်း၊ စစ်စတင်း၊ ဂလိုင်စင်းနှင့် ဆာရင်းတို့ဖြစ်ပါသည်။ မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်များနှင့် ဂလူးတာမစ်အက်ဆစ်၊ အက်စ်ပါတစ်အက်ဆစ်၊ အယ်လ်လနင်း၊ ပရိုလင်းနှင့် ဟိုက်ဒရိုအောက်စီပရိုတင်းတို့ဖြစ်ပါသည်။


ပရိုတင်းဓာတ်ချို့တဲ့ခြင်း၏ ဆိုးကျိုးများ

ပရိုတင်းဓာတ်ချို့တဲ့ခြင်းသည် ကလေးနှင့်လူကြီးများတွင် အမျိုးမျိုးသော နည်းလမ်းပေါင်းစုံ ရှိတတ်ပါသည်။ ကလေးများတွင် ကိုယ်အလေးချိန်လျှော့နည်းခြင်း ကြီးထွားဖွံ့ဖြိုးမူမရှိခြင်းနှင့် ရောဂါပိုးဝင်လွယ်၍ သေဆုံးခြင်းတို့ဖြစ်ပေါ်တတ်ပါသည်။ မိခင်နို့ဖြတ်ပြီးနောက် ပရိုတင်းဓာတ်ကြာရှည်စွာချို့တဲ့ပါက အာဟာရချို့တဲ့ရောဂါ (သို့မဟုတ်) ကရိုတင်းဓာတ်ချို့တဲ့သည့် လက္ခဏာစုဖြစ်တတ်ပါသည်။ ၎င်းလက္ခဏာများမှာ ခန္ဓာကိုယ်ကြီးထွားမူနှေးကွေးခြင်း၊ ပတ်ဝန်းကျင်၏လူံ့ဆော်မူ၊ ထိခိုက်မူကိုမခံနိုင်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးဖောရောင်ခြင်း၊ ဆံပင်များခြောက်သွေ့ခြင်းနှင့် အင်အားမရှိပဲ အရောင်ပြောင်းခြင်း၊ အရေပြားခြောက်သွေ့ခြင်ပြီး အင်အားမရှိပဲ အက်ကွဲခြင်း၊ အရောင်ပြောင်းခြင်း၊ ၀မ်းလျှော၊ ၀မ်းပျက်ခြင်း၊ သွေးအားနည်ခြင်း၊ ရောဂါဒဏ်ကို ခံနိုင်ရည်မရှိခြင်းနှင့် အသည်းအဆီဖုံးခြင်းတို့ဖြစ်ပါသည်။

လူကြီးများတွင် အစားအစာထဲ၌ ဓာတ်ချို့တဲ့ပါက ကိုယ်အလေးချိန်လျှော့ကျခြင်း၊ သွေးအားနည်းခြင်း၊ ရောဂါဖြစ်ပွားမူဒဏ်ကို ခံနိုင်ရည်မရှိခြင်း၊ ခြေထောက်တွင် ဖောရောင်ခြင်းနှင့် ၀မ်းဗိုက်တွင် အရည်များစုခြင်း (ရေဖျဉ်းဝင်ခြင်း) တို့ဖြစ်တတ်ပါသည်။


ပရိုတင်းလိုအပ်မူ

အစားအစာထဲတွင်ရှိသော ပရိုတင်းသည် ကွဲပြားခြားနားသော အမျိုးမျိုးသော ပစ္စည်းများမှ ရရှိနိုင်ပါသည်။ ၎င်းတို့မှာ ကောက်ပဲသီးနှံ့များ၊ ပဲအမျိုးမျိုး၊ မြေပဲ အဆီပါသောအစေ့များ၊ နို့အမျိုးမျိုးနှင့် အသားတို့ဖြစ်ပါသည်။

အစားအစာများသည် ခန္ဓာကိုယ်အတွက် လက်တွေ့အသုံးဝင်စွာ လုပ်ငန်းများဆောင်ရွက်ပေးပါသည်။ အစားအစာများကို (၁)စွမ်းအင်ကိုဖြစ်စေသောအစားအစာများ (၂)ခန္ဓာကိုယ်တည်ဆောက်မူကို ဆောင်ရွက်ပေးသောအစားအစာများနှင့် (၃) ရောဂါမဖြစ်ပွားစေရန် ကာကွယ်ပေးသောအစား အစာများဟူ၍ ခွဲခြားထားပါသည်။

ကာဗွန်ဟိုက်ဒရိတ်နှင့် အဆီဓာတ်များကြွယ်ဝသော အစားအစာများကို စွမ်းအင်ဖြစ်စေသော (သို့မဟုတ်) စွမ်းအင်ထုတ်လုပ်ပေးသော အစားအစာများဟူ၍ ခေါ်ပါသည်။ ကောက်ပဲသီးနှံများတွင် အသင့်အတင့် ပမာဏရှိသော အသားဓာတ်များအပြင် သတ္တုဓာတ်များနှင့် ဗိုက်တာမင်အချို့များလည်းပါရှိပါသည်။ အာဟာရဓာတ်နည်းပါးသော အစားအစာများအား စားသုံးခြင်းသည် အရေးကြီးသော အကြောင်းရင်းများ ဖြစ်ပါသည်။

ပရိုတင်း(သို့မဟုတ်)အသားဓာတ်ကြွယ်ဝသော အစားအစာများကို ခန္ဓာကိုယ်တည်ဆောက်ပေးသော အစားအစာများဟုခေါ်ပါသည်။ ၎င်းတို့တွင် နွားနို့၊ အသား၊ ငါး၊ ကြက်ဥ(ဥမျိုးစုံ)၊ ပဲအမျိုးမျိုး၊ အဆီဓာတ်ပါဝင်သော အစေ့များ၊ မြေပဲနှင့် အဆီနည်းသော ဂျုံမူန့်များပါဝင်ပါသည်။

များသောအားဖြင့် တိရစ္ဆာန်များမှရရှိသော ပရိုတင်းများသည် ဟင်းသီးဟင်းရွက်များတွင် ပါဝင်သော အာဟာရအာနိသင်(တန်ဖိုး)များ ပို၍မြင့်မားစွာ ပါဝင်ပါသည်။ ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် ပိုမိုလိုအပ်ပါသည်။ နို့၊ ဥအမျိုးမျိုးနှင့် အသားများမှ ရရှိသော ပရိုတင်းများကို များစွာသော ပမာဏရရှိရန် လိုအပ်ပါသည်။

ပရိုတင်းလိုအပ်မူသည် အသက်အရွယ်နှင့် ဇီဝကမ္မပြောင်းလဲမူ အခြေအနေများပေါ်တွင် မူတည်ပါသည်။ တိရစ္ဆာန်မှာ ရရှိသော ပရိုတင်းများမှာ ဥအမျိုးမျိုး၊ ကြက်ဥ၊ နို့(နွားနို့)၊ သိုးသားနှင့် ငါးတို့ ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်မှ ရရှိသော အသားဓာတ်များမှာ ကောက်ပဲသီးနှံများ (ဥပမာ - ဆန်၊ ပြောင်း၊ ဂျုံ)၊ ပဲအမျိုးမျိုး (ဥပမာ - စတောပဲ၊ ကုလားပဲ၊ မတ်ပဲ)၊ အဆီထွက်သောအစေ့များနှင့် အခွံမာသီးများ (ဥပမာ - အုန်းသီး၊ မြေပဲ) နှင့် ပဲပိစပ် (သို့မဟုတ်) ပဲပုပ်တို့ ဖြစ်ပါသည်။


အကြံပြုချက်

ကျွန်ုပ်တို့ အသက်ရှင်ရန် ကျန်းမာရေးသည် အလွန်အရေးကြီးပါသည်။ အစားအစာတွင် ကာဗွန်ဟိုက်ဒရိတ်၊ အဆီဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်နှင့် ရေများအရေးကြီးသကဲ့သို့ ပရိုတင်းဓာတ်သည်လည်း မရှိမဖြစ်လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ခန္ဓာကိုယ်တည်ဆောက်မူတွင် လိုအပ်သော ပရိုတင်းဓာတ်များ၊ ခန္ဓာကိုယ်အားရောဂါမဖြစ်စေရန် ကာကွယ်ပေးသော ပရိုတင်းဓာတ်များ လုံလောက်စွာ၊ ကျန်းမာရေးနှင့်အညီ စားသုံးသင့်ပါသည်။

ဒေါက်တာမြင့်သန်းထွန်း (HEALTH CARE JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...