ဆေးလိပ်တိုကြောင့် ကား ၈၀ ခန့် မီးလောင်


15/Oct/2013

သြစတြေးလျ အိုလံပစ်အားကစားကွင်း၌ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကားစီးရေ ၈၀ ခန့် ပျက်စီးသွားပြီး လူ ၁၅၀၀ ခန့်ကို မီးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်ဟု အောက်တိုဘာ ၁၄ ရက် သတင်းတွင် ရေး သားထားသည်။

မီးသတ်တပ်ဖွဲ့ဝင် ၅၀ ထက်မနည်းတို့သည် အောက်တိုဘာ ၁၃ ရက် ဆစ်ဒနီ အိုလံပစ် ကျင်းပရာနေရာ သွား မီးလမ်းကြောင်းများကို ငြှိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ သေဆုံးသူ မရှိဟု သတင်းထုတ်ပြန်ထားသည်။

မီးသတ်တပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ စီးကရက်မီးစ တစ်ခုခုကြောင့် မြက်ခြောက်များ လောင်ကျွမ်း ရာမှ စတင်ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ မျက်မြင်သက်သေများ ပြောပြချက်အရ မီးတောက်အတွင်း ကားတာယာ ပေါက်ကွဲသံများ၊ ဆီကန် ပေါက်ကွဲသံများ ကြားရသည်ဟု ဆိုသည်။

ဘီဘီစီ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...