မိုးစက်ဝိုင် ရုရှားကို အောက်တိုဘာလ ၁၆ ရက်နေ့ သွားမယ်

Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်ဟာ ရုရှားနိုင်ငံမှာ ကျင်းပမယ့် မယ်စင်္ကြာဝဠာ ပြိုင်ပွဲအတွက် အောက်တိုဘာလ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံက စတင်ထွက်ခွာမှာဖြစ်ပါတယ်။



ဒီကိစ္စနဲ့ ပတ်သက်ပြီး Miss Myanmar Universe ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို အသိပေးထားပါ တယ်။

"Miss Universe Myanmar 2013 မိုးစက်ဝိုင် သည် ၂၀၁၃ခုနစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့ မနက် (၉) နာရီအချိန်တွင် ၂၀၁၃ခုနစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် ကျင်းပပြုမည့် Miss Universe 2013 ပြိုင်ပွဲအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည်ဖြစ်ပါကြောင်း မိဘပြည်သူအပေါင်းအား အသိပေးကြေငြာအပ်ပါသည်။"

အိမ့်သံစဉ် ~ Irrawaddy

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...