နောက်ကျောနာကျင်ခြင်းအတွက် အပ်စိုက်ကုထုံး


Health Updates Journal No. 86

နောက်ကျောနာကျင်ခြင်း (back- pain)ဟာ ဒီနေ့ခေတ်မှာ လူတိုင်း ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပဲဖြစ်ပါတယ်။ တစ်နေကုန်လိုလို စားပွဲထိုင်အလုပ်လုပ် ရခြင်း၊ မဆုံးနိုင်တဲ့ ယာဉ်ကျောပိတ်ဆို့မှုတွေမှာ ကားမောင်းရခြင်းနဲ့ အိမ်မှုကိစ္စအ၀၀ စီမံရတဲ့ အိမ်ရှင်မ တွေစသဖြင့် ပုဂ္ဂိုလ်အသီးသီးမှာ ဖြစ်ပွားနိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ တစ် ဆစ်ဆစ်နာကျင်ခြင်းကနေ အော်ဟစ်နေရအောင် နာကျင်ရတဲ့အထိ ဖြစ်ပွားနိုင်တဲ့အတွက် သတိပြုရမယ့် ပြဿနာတစ်ရပ်ပါ။ လိမ်းဆေးခရမ် တွေနဲ့ ဂျယ်လ်တွေဟာ တစ်ခဏတာ သက်သာမှုကိုသာပေးစွမ်းနိုင်တဲ့ အတွက် နည်းလမ်းသစ်တစ်ခုကိုတော့ စမ်းသပ်ကြည့်ဖို့လိုပါတယ်။ ဒီ ဆောင်းပါးမှာအပ်စိုက်ကုထုံးနဲ့ နောက်ကျောနာကျင်ခြင်းကို ဖော်ပြပေးထားပါတယ်။

အပ်စိုက်ကုထုံးဆိုတာ တရုတ်တိုင်းရင်းဆေးပညာကုထုံးဖြစ်ပြီး သေးငယ်တဲ့ အပ်ကလေးတွေကို ကိုယ်ခန္ဓာအထူးပြုနေရာတွေမှာ ထည့်သွင်းပြီးကုသပါတယ်။ အသက် ရှင်သန်အား ( qi )ကို ကိုယ်ခန္ဓာအနှံ့စီးဆင်းစေပြီး ပိတ်ဆို့နေမှုတွေကို ပွင့်စေတယ်လို့ သိရပါတယ်။ အပ်စိုက် ကုထုံးဟာအခြားအကိုက်အခဲ ပျောက်ဆေး၊ လိမ်းဆေးတွေနဲ့ မတူ တာကတော့ ကာလကြာ ရှည်ရောဂါ လက္ခဏာကိုသက်သာစေတဲ့ အာနိသင်ကို ပေးစွမ်းနိုင်တယ်လို့ ပညာရှင်တွေက ယူဆပါတယ်။ နာကျင်ခြင်း ကိုဖြစ်ပေါ်စေတဲ့ ဝေဒနာ ရင်းမြစ်ကို အာနိသင် သက်ရောက်စေတဲ့ ကုထုံးတစ်ရပ်ပါ။

ကောင်းကျိုးများ
၁။ သဘာဝနည်းလမ်းဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေ၊ ဆေးဝါးတွေကို အသုံးပြုမှုမရှိဘဲ သဘာဝနည်းလမ်း အရသာ နာကျင်မှုကို သက်သာစေပါ တယ်။
၂။ နာကျင်မှုမရှိပါဘူး။ အပ်နဲ့စိုက်ရ လို့ နာကျင်မယ်လို့ မထင်ပါနဲ့။ အလွန့်အလွန်ကိုသေးငယ်တဲ့ အပ်ကလေးတွေဟာ စိုက်လိုက်မှန်းတောင်မသိရပါဘူး။
၃။ ဈေးနှုန်းကြီးမြင့်မှုမရှိပါဘူး။ ခွဲ စိတ်ကုသမှုတစ်ရပ်နဲ့ အပ်စိုက်ကုထုံး တစ်ရပ်ရဲ့ ကုန်ကျမှုကို နှိုင်းယှဉ်ပြီးကုသမှုကိုရွေးချယ်ပါ။
၎။ အပ်စိုက်ကုထုံးဟာ သွေးလှည့်ပတ်မှုကောင်းမွန်ခြင်း၊ အရေပြားလှပခြင်း၊ စွမ်းအင်မြင့်တက်လာခြင်း တွေကိုလည်းခံစားရနိုင်ပါတယ်။
အားနည်းချက်
- ပညာရှင်တွေ၊ ထောက်ခံချက်ရ ထားတဲ့ အပ်စိုက်ကုထုံးပညာရှင်တွေ ရှားပါးပါတယ်။
- သန့်စင်ပိုးသတ်မထားတဲ့ အပ်တွေ ကနေ အရေပြားအနာ၊ ပိုးကူးစက် မှုတွေ ရနိုင်ပါတယ်။
- သွေးမတိတ်သူများ၊ ကုသမှုမခံယူသင့်ပါဘူး။
-ကိုယ်ဝန်ဆောင်တွေအတွက် မသင့်တော်ပါဘူး။

သက်ကို
Ref: medindia
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...