နာတာရှည် ပြည်ရည်ထုတ် အလယ်နားရောင်ရမ်းနာ
.jpg)
နာပြွန် (Eustachian Tube) လုံးဝပိတ်နေတဲ့ ကလေးအများစုမှာ နားအလယ်ပိုင်းပြွန်တွင်းမှာ လေဟာနယ်ဖြစ်နေတတ်တဲ့ အတွက် နားစည်ဟာ အတွင်းဝင်နေပြီး နားစည်နောက်ဘက်မှာ အရည်တွေ အောင်းနေတတ်ပါတယ်။ နားထဲမှာ ဘာရောဂါပိုးမှ ၀င်ရောက်တာ မဟုတ်ပါဘူး။ ဒါကို glue ear လို့လည်း လူသိများပါတယ်။
ရောဂါလက္ခဏာ
- ၅နှစ်နဲ့ ၃နှစ်ကြားအရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။ အဲဒီအရွယ် ကလေးတွေမှာ အာသီးကြီးနေတတ်တာကြောင့် နားပြွန်ပိတ်ဆို့နေတတ်ပါတယ်။
- ရုတ်တရက်အလယ်နားရောင်ရမ်းနာ၊ အအေးမိရောဂါ ဒါမှမဟုတ် နားပြွန်ပိတ်ဆို့တာဖြစ်ပြီး နောက်မှာ နားအကြားချို့ယွင်းတတ်ပါတယ်။ ကျောင်းကစပြီး သတိထားမိတတ်ပါတယ်။
- တစ်ခါတလေ နားအတွင်းပိတ်ဆို့နေတဲ့ ခံစားမူရတတ်ပါတယ်။ နားပြည်ယိုတာ မရှိသလို နာကျင်တာလည်း မရှိပါဘူး။
ရောဂါကြာချိန်
- ကုသမူခံယူရင်း နားလေးတာဟာ လပေါင်းများစွာ ဒါမှမဟုတ်နှစ်ပေါင်းများစွာ ရှိနေတတ်ပါတယ်။ ဒါကြောင့် ကျောင်းမှာ စာမလိုက်နိုင်သလို စကားပြောရာမှာလည်း အခက်အခဲတွေ့တတ်ပါတယ်။
ဘာကြောင့်ဖြစ်သလဲ
- နားပြွန်ထာဝစဉ် ပိတ်ဆို့နေတာကြောင့်
- အလယ်နားရောင်ရမ်းတာ မကြာခဏဖြစ်တတ်တာကြောင့်
အိမ်မှာ ဘယ်လိုကုမလဲ
- ကုသလို့ မရပါ။
ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
- နားလေးတာလို့ သံသယ၀င်ရင်
ဆရာဝန် ဘာလုပ်ပေးမလဲ
- နားအကြေားအာရုံစစ်ဆေးပေးမယ်။
- နားစည်ကို စစ်ဆေးပေးပါမယ်။
- နားစည်နောက်ဘက်မှာ ခိုအောင်းနေတဲ့ အရည်တွေစီးဆင်းအောင် ပြုလုပ်ပေးပြီး နားအကြားအာရုံ ပြန်ရအောင် လုပ်ပေးပါမယ်။
ဘယ်လိုကာကွယ်မလဲ
- အလယ်နားရောင်ရမ်းနာဖြစ်ရင် ကုသမူပြည့်ပြည့်၀၀ခံယူပါ။
ရောဂါအခြေအနေ
- ကုသမူခံယူရင် လုံးဝပြန်လည် ပျောက်ကင်းနိုင်ပါတယ်။
- ကုသမူမခံယူရင် တစ်သက်လုံး နားမကြားတာ ဖြစ်နေတတ်ပါတယ်။
Chornic Secretary Otitis Media