ချမ်းအေးသော အရပ်ဒေသသို့ သွားလည်မည်ဆိုလျှင်



ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်ခဲ့ပေမယ့် ရန်ကုန်ကတော့ ချမ်းအေးတယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါပေမဲ့ ပြင်ဦးလွင်၊ မိုးကုတ်စတဲ့ ဒေသတွေကတော့ ချမ်းအေးနေပါပြီ။ အဲဒီလိုဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ အအေးဒဏ်ကို ကျင့်သားရပြီး လောက်ပြီဆိုပေမယ့် အဲဒီလို ချမ်းအေးတဲ့ အရပ်ဒေသကို သွားလည်မယ်ဆိုရင်တော့ အအေးဒဏ်ကို ခံနိုင်ရည်ရှိစေဖို့အတွက် လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုရေးသားလိုက်ရပါတယ်။

၁) Vaseline အဆီလိမ်းပါ
အေးမြပြီး လေတိုက်တဲ့နေ့တွေမှာ သင့်မျက်နှာမှာ လေဒဏ်ကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် မျက်နှာအသားအရေ အထူးသဖြင့် ပါး၊ နှာခေါင်း၊ မေးစေ့၊ နားရွက်နဲ့ လည်ပင်းတွေကို Vaseline အဆီ ခပ်ပါးပါးလိမ်းပေးထားလိုက်ရင် လေဒဏ်ကြောင့် နောက်ဆက်ဆွဲ အသားအရေထိခိုက်နာကျင်မူကို ကာကွယ်ပေးနိုင်ပါတယ်။

၂) ဘောင်းဘီအိပ်ကပ်ထဲ လက်နိုက်ပြီး လမ်းမလျှောက်ပါနှင့်
ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ပြီး လမ်ေးလျှာက်တာက စတိုင်ကျနိုင်ပေမယ့် လမ်းလျှောက်ရင်း ချော်သွားတဲ့အခါ သင့်ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းဖို့ လက်တွေကို သုံးနိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီအခါ လဲကျသွားနိုင်တဲ့အတွက် လက်တွေကို ခန္ဓာကိုယ်ဟန်ချက်ထိန်းတဲ့ အနေနဲ့လွှဲပြီး လမ်းလျှောက်ပေးပါ။

၃) အရေပြားပေါ်က ဖယောင်းကဲ့သို့ အကွက်များကို သတိထားပါ
အိမ်အပြင်မှာ နေရင်း နှင်းကိုက်နာရဲ့ လက္ခဏာတွေဖြစ်တဲ့ အဖြူရောင် ဒါမှမဟုတ် ပန်းရောင် ဖယောင်းလို အကွက်တွေ ပေါ်နေရင် အိမ်ထဲကို အမြန်ဝင်ပါ။ ပြီးရင် အရေးပေါ် ဆေးကုသမူ ခံယူပေးပါ။

၎) လက်အိတ်ဝတ်ထားပါ
လက်တွေ အေးစက်နေရင် နေရထိုင်ရ မသက်မသာ ခံစားရတတ်တာကြောင့် နွေးတဲ့သိုးမွေး လက်အိတ်ကို ၀တ်ထားပေးပါ။ နှင်းတွေကျနေရင် လက်အိပ်ပေါ်မှာ ပန်ကန်ဆေးရော်ဘာ လက်အိတ်ကို တစ်ထပ်ဝတ်ထားပေးပါ။

၅) ဘွတ်ဖိနပ်ကို မကျပ်လွန်းပါစေနှင့်
သင်စီးထားတဲ့ ဘွတ်ဖိနပ်ဟာ ခြေအိတ်ထူထူတွေကြောင့် တင်းကျပ်လွန်းနေတာမျိုး မဖြစ်ပါစေနဲ့။ ခြေထောက်တွေဟာ ဖိနပ်ကြောင့် ကျပ်လွန်းနေရင် သွေးလှည့်ပတ်မူ ပြည့်ပြည့်၀၀ မရတော့ဘဲ ပိုအေးလာနိုင်ပါတယ်။ သိုးမွေးခြေအိတ် ဒါမှမဟုတ် Polypropylene ခြေအိတ်တွေဟာ အေးမြချိန်မှာ သင့်ခြေထောက်အတွက် အကောင်းဆုံး ခြေအိတ်တွေပဲ ဖြစ်ပါတယ်။

၆) နှင်းကျသောနေ့များတွင် နေရောင်ကာခရင်မ်နှင့် နူတ်ခမ်းအဆီလိမ်းပေးပါ
နှင်းကျတဲ့နေ့ရက်တွေမှာလည်း နေသာတဲ့ နေ့ရက်တွေမှာလိုပဲ နေရာင်ကာ ခရင်မ်၊ နူတ်ခမ်းဆိုးဆေး အဆီ၊ နေကာမျက်မှန်စတဲ့ အကာအကွယ်အသုံးအဆောင်တွေကို ၀တ်ဆင်ပေးပါ။ ဆောင်းရာသီမှာ ထွက်တဲ့ နေရောင်ခြည်ဟာ နွေရာသီ နေရောင်ခြည်ထက် သင့်မျက်လုံးတွေကို ပိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၇) အ၀တ်အစားကို အထပ်ထပ်ဝတ်ပါ
အေးတဲ့ဒဏ်ကို ခံနိုင်အောင် အပေါ်က အနွေးထည်ထပ်ဝတ်လိုက်ရုံနဲ့လည်း မပြီးသေးပါဘူး။ အ၀တ်အစားကို အထဲမှာ နွေးအောင် အထပ်ထပ်ဝတ်ပြီးမှ အနွေးထည်ဝတ်ပေးပါ။

၈) တစ်နေ့ ၅-၁၀ မိနစ်ခန့် လမ်းလျှောက်ပြီး အကြောလျှော့ပါ
ခန္ဓာကိုယ် သွေးလှည့်ပတ်မူအားကောင်းအောင် တစ်နေ့မှာ ၅-၁၀ မိနစ်လောက် လမ်းလျှောက်ပြီး အကြောလျှော့ပေးပါ။

၉) ရေများများသောက်ပါ
အေးတဲ့အချိန်မှာ ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်ပါ။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟော ဓာတ်ကို ရှောင်ပါ။

၁၀) ခန္ဓာကိုယ်၏အသံကို နားထောင်ပါ
သင့်အနေနဲ့ အသက်ရှူမ၀ခြင်း၊ မူးဝေခြင်း၊ ရင်ဘတ်အောင့်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရရင် ဆေးကုသမူ ခံယူပေးဖို့ လိုပါတယ်။ ဒါကြောင့် ဒီလက္ခဏာတွေကို လျစ်လျူရူမထားသင့်ပါဘူး။

(ဇွန်ခိုင်ဦး - ဆေးဝါးကျွမ်းကျင်မူတက္ကသိုလ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...