ဆံသားအလိုက် အကောင်းဆုံးခေါင်းလျှော်ရည် ရွေးချယ်မူ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrd0MtU7qSqlZERYfeZ3SL53TQVc1IJM9ly0MGKkx3GbPF-z2tO4iZPJvZPDsLEL8Z49a3g49k6KS03V3vPuKnxv9yq9PvH2x4aoTq0nrUkPQnNzyzg6Dem-M214QyCZKpV4GqzIqfak24/s320/Plastic_Shampoo_Bottle.jpg)
ဆံပင်ရဲ့ ဆံသားခြောက်သွေ့မူ၊ အဆီပြန်မူတွေဟာ ဆံပင်ပါးတာ၊ ထူတာ၊ ကောက်တာ၊ ဖြောင့်တာတွေနဲ့ မဆိုင်ပါဘူး။ လူတစ်ဦးနဲ့တစ်ဦး မိသားစုထဲမှာတောင် ဆံပင်သားပုံစံမတူညီနိုင်ပါဘူး။ သင့်ဆံပင်သားနဲ့ လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ခြောက်သွေ့သောဆံသား
ခြောက်သွေ့လွန်းတဲ့ဆံသား ဖွာထွက်နေပြီး ဆံပင်အဖျားမှာဆိုရင် နှစ်ခွတွေရှိနေတတ်ပါတယ်။ ဆံပင်အရောင်ဆိုးမထားပေမယ့် ဆံသားအဖျားတွေဟာ အနီရောင်သန်းနေတတ်ပါတယ်။ အလွယ်တကူ ကျိုးပျက်လွယ်ပြီး ခေါင်းဖြီးရတာလည်း ခက်ခဲတတ်ပါတယ်။ ဒီလိုဆံသားတွေကို ပိုင်ဆိုင်နေပြီဆိုရင်တော့ သင်ဟာအကောင်းဆုံး ရေဓာတ်အားဖြည့်နိုင်တဲ့နည်းလမ်းတွေကို ရွေးချယ်ရမှာဖြစ်ပြီး ရေများများသောက်ဖို့လည်း လိုပါတယ်။ ခြောက်သွေ့ပြီး အဆီအနှစ်မရှိတဲ့ ဆံသားတွေအတွက် ခေါင်းလျှော်တိုင်း ရေဓာတ်(Moisturizer) ပါဝင်တဲ့ခေါင်းလျှော်ရေနဲ့ပဲလျှော်ကာ၊ ပျော့ဆေးကို မဖြစ်မနေသုံးပေးပါ။ သစ်ခွ၊ အုန်းဆီနဲ့ နို့ပါဝင်တဲ့ ခေါင်းလျှော်ရည် အမျိုးမစားတွေ ရွေးချယ်နိုင်ပါတယ်။
အဆီပြန်သော ဆံသား
အဆီပြန်တဲ့ဆံသားဟာ ထိခိုက်ပျက်စီးမူမရှိဘဲ ခြောက်သွေ့မူလည်းကင်းပါတယ်။ ဒါပေမဲ့မကြာခဏစေကပ် တတ်တာကြောင့် ခေါင်းခဏခဏလျှော်ရပါတယ်။ ဦးရေပြားမှာ ရေဓာတ်ပြည့်ဝ နေတတ်တာကြောင့် ဦးရေပြားကိုအေးစေဖို့ အဓိကထုတ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးတွေကို သုံးနိုင်ပြီး ရေစင်အောင်ဆေးဖို့တော့ လိုအပ်ပါတယ်။
ဆံသားသေးလွန်းသူ
ဆံသားဆံလုံးသေးသူဟာ ဆံပင်ပါးလွှာလွန်းပါတယ်။ ဒီလိုဆံပင်ကို ဆံလုံးကြီးလာအောင် ပြောင်းလဲလို့ မရပေမယ့် ဆံပင် ဆုံးရူံးမူတွေနည်းအောင်တော့ ကာကွယ်လို့ရပါတယ်။ ခေါင်းလျှော်ရာမှာ ဗီတာမင်၊ ပရိုတင်းနဲ့ အမိုင်နိုအက်စစ်တွေပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ သန့်စင်ပါ။
ပျက်စီးနေသော ဆံသား
ဆံပင်ကို မီးအပူနဲ့ ဆေးအပြင်းစားတွေ ခဏခဏသုံးမလို့ ပျက်စီးနေတယ်ဆိုရင် ဆံသားဟာ ကျိုးပဲ့ပျက်စီးလွယ်ပါတယ်။ တွန့်ကြေနေတဲ့ ဆံပင်အဖျားတွေကိုတော့ ညှပ်ထုတ်ပစ်လိုက်ပါ။ ဒီလို ဆံသားတွေအတွက်ကတော့ ဆံပင်ကို အထူးပြန်လည်ပြုပြင်ပေးတဲ့ ခေါင်းလျှော်ရည် အမျိုးမစားကိုသုံးသင့်ပြီး အဲဒီမှာ ဗီတာမင်၊ ပရိုတင်းနဲ့ ဖက်တီးအက်စစ်တွေပါဝင်မှာပါ။ ရေစိုနေတဲ့အချိန်မှာ ဆံပင်ကို လုံးဝမဖြီးမိအောင် ဂရုစိုက်ပြီး၊ ဆံပင်အခြောက်ခံစက်ကိုမသုံးဘဲ တဘက်နဲ့ခြောက်အောင် သုတ်ပြီးမှ သံလွင်ဆီလိမ်းပြီးခေါင်းဖြီးပါ။
ကောက်ကွေးသော ဆံသား
ကောက်တဲ့ ဆံသားပိုင်ဆိုင်သူတွေဟာ ဆံပင်သားကောင်းမွန်မူအတွက် ပူပင်စရာမလိုအောင်ကို ကောင်းမွန်တတ်ကြပါတယ်။ ဆံသားထူပြီး ဆွဲဆောင်မူရှိကြပါတယ်။ ဂရုစိုက်သင့်တာကတော့ ဆံသားခြောက်သွေ့မူ မဖြစ်အောင်ပါပဲ။ ခေါင်းလျှော်ရည်ရွေးမယ်ဆိုရင် ဂျိုဂျိုးဘားဆီ၊ လက်ဖက်စိမ်းနဲ့ ရေဓာတ်ပါဝင်တာတွေကို ရွေးပါ။
(သဲသဲ)