ပဋိဇီဝပိုးသတ်ဆေးကြောင့် ဖြစ်သော ၀မ်းလျှောခြင်း
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-uoGtLg11EtoDNDeF6jZr_p72Y_cMLyM9otDkKGGI6yRrwjxFVe05vQn3g2sy05jc2DoM9VyTK5v-4ZM_wtogVzthZIea_jpHAwon1cIy9gaBtwAJT4-BPPrQWG-aFLarNqU2VLdl44h1/s320/Diarrhea.jpg)
ခန္ဓာကိုယ်မှာ ကူးစက်ဝင်ရောက်လာတဲ့ ဘက်တီးရီးယားပိုးမွှားကို ကုသနိုင်ဖို့ အသုံးပြုတဲ့ ပဋိဇီဝပိုးသတ်ဆေးတွေကြောင့် ၀မ်းအရည်ကျဲကျဲတွေ မကြာခဏ သွားနေတာကို ပဋိဇီဝပိုးသတ်ဆေးနဲ့ ဆက်စပ်နေတဲ့ ၀မ်းလျှောခြင်းလို့ ခေါ်ပါတယ်။ ဒီဝမ်းလျှောခြင်းဟာ များသောအားဖြင့် ပဋိဇီဝပိုးသတ် ဆေးကိုရပ်ပြီးနောက် ချက်ချင်းသက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ ပဋိဇီဝပိုးသတ်ဆေးကြောင့် ၀မ်းလျှောတာဟာ အူမကြီး ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဗိုက်အောင့်ခြင်း၊ ဖျားခြင်နဲ့ သွေးဝမ်းသွားခြင်းတွေကိုလည်း ဖြစ်စေတတ်ပါတယ်။
ပဋိဇီဝပိုးသတ်ဆေးကြောင့်ဖြစ်တဲ့ဝမ်းလျှောခြင်းကမပြင်းထန်ဘူးဆိုရင် ဆေးကုသမူမလိုအပ်ပါဘူး။ ပြင်းထန်တယ် ဆိုရင်တော့ သောက်နေတဲ့ ပဋိဇီဝပိုးသတ်ဆေးကို မသောက်တော့ဘဲ ရပ်လိုက်ပြီး အသစ်တစ်မျိုးပြောင်းသောက်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ရပါတော့မယ်။
ရောဂါလက္ခဏာများ
ပဋိဇီဝပိုးသတ်ဆေးကြောင့်ဖြစ်တဲ့ ၀မ်းလျှောခြင်းဟာ အသေးအဖွဲမှ အပြင်းအထန်အထိ ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ၀မ်းပျော့ပျော့သွားခြင်းနဲ့ မကြာခဏ၀မ်းသွား ခြင်းတို့ပဲဖြစ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးစသောက်ပြီး ငါးရက်မှ ၁၀ရက်အတွင်း စတင်ဝမ်းလျှောတတ်ပါတယ်။
တချို့လူတွေမှာတော့ ပဋိဇီဝပိုးသတ်ဆေးကြောင့်ဖြစ်တဲ့ ၀မ်းလျှောခြင်းကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ အန္တရာယ်ရှိတဲ့ ဘတ်တီးရီးယားပိုးတွေ အများအပြားပေါက်ဖွားလာတဲ့အခါမှာ အူမကြီးရောင်ရမ်းတဲ့ လက္ခဏာတွေကိုပါ ခံစားရတတ်ပါတယ်။ အဲဒီ လက္ခဏာတွေကတော့ ...
- ၀မ်းအရည်တွေ မကြာခဏသွားခြင်း၊
- ဗိုက်အောင့်ခြင်းနဲ့ ဗိုက်နာခြင်း၊
- ဖျားခြင်း၊
- ၀မ်းထဲပြည်ပါခြင်း၊
- သွေးဝမ်းသွားခြင်း၊
- ပျို့ချင်အန်ချင်ဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဆရာဝန်နှင့် ပြသသင့်သောအချိန်
ပဋိဇီဝပိုးသတ်ဆေးကြောင့်ဖြစ်တဲ့ ၀မ်းလျှောခြင်းက ပြင်းထန်တယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။
ဝမ်းလျှောရသည့်အကြောင်းရင်းများ
ပဋိဇီဝပိုးသတ်ဆေးဟာ အစာအိမ်အူလမ်းကြောင်းစနစ်မှာ ကောင်းတဲ့ဘက်တီးရီးယားနဲ့ မကောင်းတဲ့ဘက်တီးရီးယားတွေရဲ့ မျှခြေကို ထိခိုက်သွားစေတာကြောင့် ၀မ်းလျှောရတာဖြစ်ပါတယ်။
ဝမ်းလျှောခြင်းဖြစ်စေသော ပဋိဇီဝပိုးသတ်ဆေးများ
ပဋိဇီဝပိုးသတ်ဆေးအားလုံးနီးပါဟာဝမ်းလျှောခြင်းနဲ့အူမကြီးရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ ၀၀မ်းလျှောခြင်းဖြစ်စေတဲ့ အဓိက ဆေးဝါးတွေကတော့ ...
1. Cephalosporins
2. Clindamycin
3. Erythromycin
4. Penicillin (ဥပမာ - Amoxicillin, Ampicillin)
5. Quinolones (ဥပမာ - Ciprofloxacin)
6. Tetracyclines (ဥပမာ - Doxycycline, Minocycline)
တို့ ဖြစ်ကြပါတယ်။
ပဋိဇီဝဆေးကြောင့် ၀မ်းလျှောခြင်း ဖြစ်နိုင်ခြေများသူများ
ပဋိဇီဝဆေးသောက်ပြီး ၀မ်းလျှောခြင်းအဖြစ်များသူတွေကတော့ ...
- အရင် ပဋိဇီဝဆေးသောက်စဉ်က ၀မ်းလျှောခဲ့ဖူးသူ
- အသက် ၆၅နှစ်နဲ့အထက်ရှိသူ
- အစာအိမ်အူလမ်းကြောင်းစနစ်ကို ခွဲစိတ်ကုသမူခံယူဖူးသူ
- လတ်တလော ဆေးရုံ ဒါမှမဟုတ် ဆေးခန်းတက်ရောက်ခဲ့ရဖူးသူ
- အူမကြီးကင်ဆာနဲ့ ရောင်ရမ်းခြင်းလိုမျိုး အူကို ထိခိုက်စေတဲ့ အခြေခံရောဂါ ကြီးကြီးမားမားရှိသူ
ဝမ်းလျှောခြင်းကြောင့် နောက်ဆက်တွဲပြဿနာများ
ပဋိဇီဝပိုးသတ်ဆေးကြောင့် ၀မ်းလျှောရင် ပြင်းထန်တဲ့အဆင့်မှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။
၁။ ရေဓာတ်ခန်းခြောက်ခြင်း
အလွန်အမင်း ၀မ်းလျှောနေရင် အရည်နဲ့ ဆိုဒီယမ်၊ ပိုတက်စီယမ်လို ဓာတ်ဆားတွေ ဆုံးရူံးစေနိုင်ပါတယ်။ ရေဓာတ်ဆုံးရူံးမူများတာာ အာခြောက်ခြင်း၊ ရေငတ်ခြင်း၊ ဆီးမသွားခြင်း၊ အလွန်အမင်းအားနည်းခြင်းတို့လို ဆိုးရွားတဲ့ ဝေဒနာတွေ ခံစားရစေနိုင်ပါတယ်။
၂။ အူပေါက်ခြင်း
အူမကြီးနံရံမှာ အလွန်အမင်းထိခိုက်မူကြောင့် အူနံရံပေါက်နိုင်ပါတယ်။
၃။ အူမကြီးပြဿနာ
အူမကြီးဟာ လေနဲ့ဝမ်းကို မတွန်းထုတ်နိုင်တော့တာကြောင့် ဗိုက်အောင့်ခြင်း ရောင်ရမ်းခြင်း၊ ဖျားခြင်းနဲ့ အားနည်းခြင်းတို့ကို ဖြစ်လာစေနိုင်ပါတယ်။ အဲဒီအခါ အူမကြီးပိုးဝင်ခြင်းနဲ့ အူမကြီးပေါက်ခြင်းတို့လို ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတေါဖြစ်လာနိုင်ပါတယ်။
ဝမ်းလျှောခြင်းကြောင့် နောက်ဆက်တွဲပြဿနာများမဖြစ်အောင် လိုက်နာသင့်သော ဘ၀နေထိုင်မူ ပုံစံ
ပဋီဇီဝဆေးသောက်ပြီး ၀မ်းလျှောသူတို့ လိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အရည်များများသောက်ပါ
ဓာတ်ဆားရည်ကို သောက်ပေးနိုင်ရင် အကောင်းဆုံးပါ။ ဒါ့အပြင် ရေ၊ သစ်သီးဖျော်ရည်၊ စွပ်ပြုတ်စတာတွေလည်း သောက်ပါ။ သကြားများတဲ့ဖျော်ရည်၊ အရက်၊ ကဖင်းဓာတ်ပါတဲ့ အရည်တို့ကို ရှောင်ပါ။
၂။ ကြေညက်လွယ်သော အစာပျော့ပျော့စားပါ
ငှက်ပျောသီး၊ ထမင်းပျော့ပျော့စတဲ့ ကြေညက်လွယ်တဲ့ အစာစားပါ။ ပဲ၊ အခွံမာသီး၊ ဟင်းသီးဟင်းရွက်စတဲ့ အမျှင်ဓာတ်များတဲ့ အစာမစားပါနဲ့။
၃။ အစာနည်းနည်းနှင့် မကြာခဏ စားပါ
အစားအသောက်ကို တစ်နေ့နှစ်ကြိမ် - သုံးကြိမ်နဲ့ များများစားမယ့်အစား အကြိမ်များများခွဲစားပေးပါ။
၎။ ၀မ်းသွားအောင် လှူံ့ဆော်တဲ့အစာများများစားပါ
အမွှေးနံ့သာကဲတဲ့၊ အဆီများတဲ့၊ ဆီကြော်ထားတဲ့ အစာတွေကိုရှောင်ပါ။
၅။ ၀မ်းပိတ်ဆေးကို ဆရာဝန်နှင့် တိုင်ပင်ကာ သောက်ပါ
ဝမ်းပိတ်ဆေးမသောက်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။ တချို့ ၀မ်းပိတ်ဆွေးတွေဟာ ခန္ဓာကိုယ်မှ အဆိပ်စွန့်ထုတ်နိုင်စွမ်းကို တားဆီးကာပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်သောက်တာ အကောင်းဆုံးပါ။
ဝမ်းလျှောခြင်းမဖြစ်အောင် ကာကွယ်ခြင်း
၁။ လိုအပ်မှသာ ပဋိဇီဝပိုးသတ်ဆေးသောက်ပါ
ဆရာဝန်က ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့ မဖြစ်မနေလိုအပ်တယ်လို့ ညွှန့်ကြားမှသာ သောက်ပါ။ ကိုယ့်သဘောနဲ့ ကိုယ် မသောက်ပါနဲ့။
၂။ အရင်က ပဋိဇီဝဆေးကြောင့် ၀မ်းလျှောဖူးကြောင်း ဆရာဝန်ကို ပြောပါ
ဆရာဝန်အနေနဲ့ ပဋိဇီဝဆေးမပေးခင်မှာ သင့်အနေနဲ့ အရင်က ပဋိဇီဝဆေးကြောင့် ၀မ်းလျှောဖူးမှန်း သိပါက ၀မ်းလျှောနိုင်ခြေနည်းတဲ့ဆေးကို ပြောင်းပေးပါလိမ့်မယ်။
၃။ အကျိုးပြုဘက်တီးရီးယားကို စဉ်းစားပါ
ဒိန်ချဉ်နဲ့ တချို့အစာတွေမှာ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တတ်ပါတယ်။ ပဋိဇီဝဆေးသောက်နေချိန်အတွင်း အကျိုးပြုဘက်တီးရီးယားမှီဝဲရင် ၀မ်းလျှောခြင်းဖြစ်နိုင်ခြေ နည်းကြောင်း လေ့လာမူတချို့က ဆိုထားပါတယ်။ ဒါကြောင့် ပဋိဇီဝဆေးသောက်နေချိန်မှာ အကျိုးပြု ဘက်တီးရီးယားပါတဲ့ အစာနဲ့ ဖြည့်စွက်ဆေး မှီဝဲ သင့်၊ မသင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။
(ဇွန်)